(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုပေးပွဲကျင်းပ

 

ရန်ကုန်  ဖေဖော်ဝါရီ   ၆


၂၀၂၂ ခုနှစ်   (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲ     အခမ်းအနားကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌  ယနေ့နံနက် ပိုင်းက   ကျင်းပခဲ့ပြီး   ဆုပေးပွဲ အခမ်းအနားကို  မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသည်။

 


ပြိုင်ပွဲတွင်    ဂေါက်သီးရိုက် အားကစားသမားများ၊     ဌာန ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်ယှဉ်ပြိုင် ကစားကြပြီး      အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးစိုးသိန်း၊   ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး တို့က ဂေါက်သီးရိုက်၍   ဖွင့်လှစ် ပေးကြသည်။

 


ယှဉ်ပြိုင်ကြသည့် ပွဲစဉ်များ၌ အကျောပေးရိုက်ချက် (Handi-cap) (1 - 12) ပြိုင်ပွဲ၊ အကျောပေး ရိုက်ချက် (Handicap) (13 - 18) ပြိုင်ပွဲ၊   အကျောပေးရိုက်ချက် (Handica p) (19 - 24 )ပြိုင်ပွဲများ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆု၊ စတုတ္ထဆုနှင့် အထူးဆုရ ငါးဦး တို့အား တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊    တိုင်းမှူးနှင့်  တာဝန်ရှိသူများက   ဆုများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း    သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)