
ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် အပရာဇိတ ကျိုက်ဝိုင်းဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်၌ ဘုရားဖူးလာပြည်သူအများ ကြည်ညိုသဒ္ဓါပွား စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို သောအားဖြင့် မရမ်းကုန်းမြို့နယ်ရှိ စာပေ ဂီတ သဘင်အဖွဲ့သားများ က ယနေ့နံနက်တွင် ပန်းဆီမီး အမွှေးနံ့သာများ ကပ်လှူ၍ စုပေါင်း သန့်ရှင်းရေးများပြုလုပ် ကုသိုလ်ယူ အမျှအတန်းပေးဝေကြကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)