(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်နှင့် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၄


(၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ် ရေးနေ့ကို     ကြိုဆိုဂုဏ်ပြုသော အားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ         ယနေ့ တွင်     ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)   ဖြင့် ပြည်ထောင်စုနယ်မြေရှိ  လူမှုဖူလုံ ရေးအကျုံးဝင်    ဝန်ကြီးဌာနများ ဖြစ်သည့်      လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်      အလုပ်သမား ဝန်ကြီးဌာနများသို့   ကွင်းဆင်း ဆေးကုသမှုများကို    ဆက်လက် ဆောင်ရွက်ခဲ့ရာ   လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ  အာမခံအလုပ်သမား ၁၈၉၄  ဦးရှိသည့်အနက်   အာမခံ အလုပ်သမား     ၂၉၅     ဦးကို လည်းကောင်း၊    အလုပ်သမား ဝန်ကြီးဌာနမှ  အာမခံအလုပ်သမား ၉၀၈ ဦးရှိသည့်အနက်    အာမခံ အလုပ်သမား       ၂၀၂       ဦးကို လည်းကောင်း    ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


အလုပ်သမားဝန်ကြီးဌာနသို့ ရွေ့လျား        ဆေးကုသယာဉ် (Mobile   Medical     Unit) ကွင်းဆင်းကုသ  ဆောင်ရွက်နေမှု ကို         အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ပွင့်ဆန်းနှင့်          ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က  ကြည့်ရှုအားပေး ခဲ့ပြီး     ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က    ဝန်ထမ်းများ အတွက်    နှာခေါင်းစည်းများနှင့် အားဆေးများကို     ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ     ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်       အဖွဲ့ရုံးတို့ ရှိ      ညွှန်ကြားရေးမှူးချုပ်များကို ပေးအပ်သည်။

 


လုပ်ခလစာ         တစ်လလျှင် ငွေကျပ်တစ်သိန်းရရှိသည့်  အာမခံ အလုပ်သမား    တစ်ဦးအနေဖြင့် အလုပ်သမား       ထည့်ဝင်ကြေး  ၂ ရာခိုင်နှုန်းအတွက်     ငွေကျပ် ၂၀၀၀ နှင့် အလုပ်ရှင်မှ ၃ ရာခိုင် နှုန်းအတွက်     ငွေကျပ် ၃၀၀၀ စုစုပေါင်း   ၅   ရာခိုင်နှုန်းအတွက် ငွေကျပ်     ၅၀၀၀   ပေးသွင်းရပြီး အများဆုံး  လုပ်ခလစာငွေကျပ် သုံးသိန်းအထိ    သတ်မှတ်ထား ပြီး    အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ၆၀၀၀ ကျပ် နှင့် အလုပ်ရှင်မှ  ၃   ရာခိုင်နှုန်း အတွက် ငွေကျပ်  ၉၀၀၀ စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက်   ငွေကျပ် ၁၅၀၀၀ ပေးသွင်းရကာ လစဉ် ထည့်ဝင်ကြေးပေါ်                 မူတည်၍  မကျန်းမာမှု        အကျိုးခံစားခွင့်၊ မီးဖွားမှုအကျိုးခံစားခွင့်၊   နာရေး စရိတ်၊    အလုပ်တွင်   ထိခိုက်မှု ကြောင့်     ယာယီမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်၊         အမြဲတမ်း မသန်စွမ်း     အကျိုးခံစားခွင့်နှင့် အလုပ်တွင်          ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်      ကျန်ရစ်သူ အကျိုးခံစားခွင့်    စသည်တို့ကို ခံစားရရှိနိုင်သည်။

 


လူမှုဖူလုံရေးအဖွဲ့မှ  လူမှုဖူလုံ ရေးစီမံကိန်းကို  အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်   မြို့နယ် ပေါင်း ၁၁၆ မြို့နယ်ရှိ   အကျုံးဝင် အာမခံ       အလုပ်သမားပေါင်း (၁ ဒသမ ၂၃) သန်းခန့်၏ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့်    အကျိုး ခံစားခွင့်များကို    အလုပ်သမား ဆေးရုံကြီးသုံးရုံ၊  တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲပေါင်း  ၉၉ ရုံး၊   မြို့နယ်ဆေးခန်းပေါင်း  ၉၆ ခန်း၊ ဌာနကြီးဆေးခန်း  ၅၇ ခန်း၊    PPS   စနစ်ဖြင့်   Fee for services payment ဆေးခန်း  ၁၂  ခန်း၊    Capitation   payment ဆေးခန်း ၂၅ ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှု ဆေးခန်းရှစ်ခန်းနှင့် တိုင်းရင်းဆေးကုခန်း    တစ်ခန်း အပြင်    ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit နှစ်စီးနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

 


ဆက်လက်၍            အာမခံ အလုပ်သမားများအတွက် ရန်ကုန် တိုင်းဒေသကြီးရှိ   စက်မှုဇုန်များ သို့        ကွင်းဆင်းဆေးကုသမှု များ           ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း      သိရ သည်။ 

သတင်းစဉ်