(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ   ၁၅


၂၀၂၃  ခုနှစ်၊  (၇၅)   နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနား         ကျင်းပရေး ကော်မတီ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို    ယနေ့ နံနက်  ၉  နာရီခွဲတွင်   နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့      ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ      ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊     ကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီ      ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ကော်မတီအဖွဲ့ဝင်များ    ဖြစ်ကြ သည့်   ဒုတိယဝန်ကြီး   ဦးမောင် မောင်ဝင်း၊   ဒေါက်တာ   မိုးဇော် ထွန်း၊           ဦးအောင်ကျော်ထွန်း၊ ဦးထွန်းအုံ၊ ဦးဇော်ဝင်း၊ ဒေါက်တာ အေးထွန်း၊ ဦးဝင်းဖေ၊  နေပြည် တော်ကောင်စီဝင်     ဦးမြင့်စိုးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)  မှ   တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်     ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များနှင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊  ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

 


ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ     ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းက  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားသည် နိုင်ငံအတွက် အထွတ်အမြတ် အခမ်းအနားဖြစ် ပါကြောင်း၊ အဆိုပါအခမ်းအနား နှင့်ဆက်စပ်၍ ဂုဏ်ပြုအစီအစဉ် နှင့် ဆက်စပ်အခမ်းအနားများကို  ကျင်းပလျက်ရှိပါကြောင်း၊ နေ့ထူး နေ့မြတ် ကြုံတောင့်ကြုံခဲအခမ်း အနားဖြစ်သည့်အတွက်    အချိန် နီးကပ်လာသည်နှင့်အမျှ   ဆောင် ရွက်ရန်  ကိစ္စရပ်များ များပြားပါ ကြောင်း၊ နိုင်ငံတော်၏ အမြင့်ဆုံး အခမ်းအနား     ဖြစ်သည့်အတွက် မိမိတို့ တာဝန်များကို အကောင်း ဆုံးဖြစ်အောင် စီမံဆောင်ရွက်ကြ ရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီး မှုများ၊  အခက်အခဲများနှင့် လိုအပ် ချက်များကို     တင်ပြဆွေးနွေး ကြစေလိုပါကြောင်း   ပြောကြား သည်။ 

 


ထို့နောက်  ကော်မတီ ဒုတိယ ဥက္ကဋ္ဌ    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ နေပြည်တော် ဥပ္ပါတသန္တိဘုရားအနီး တပေါင်း ကွင်းတွင် ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ကိုယ်စား ပြု  ဂုဏ်ပြုယာဉ်များ  ထားရှိပြသ နိုင်ရေး၊        ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များဖြင့် ဖျော်ဖြေ        တင်ဆက်နိုင်ရေး၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊  တိုင်းရင်းသား          ရိုးရာအစား အသောက်ပြခန်းများ     ဆောက် လုပ်ပြီးစီးမှုနှင့် အစားအသောက် များ စုံလင်စွာ ခင်းကျင်းပြသနိုင် ရေး၊ သမိုင်းမှတ်တမ်း ကျန်ရှိစေ ရေးအတွက်   မှတ်တမ်းစာအုပ် ဆောင်ရွက်နိုင်ရေးနှင့်       အများ ပြည်သူ၊        နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများဖြင့် စည်စည်ကားကားကျင်းပနိုင်ရေး တို့နှင့်စပ်လျဉ်း၍  ရှင်းလင်းပြော ကြားသည်။

 


ယင်းနောက်        ကော်မတီ အတွင်းရေးမှူး   ဒုတိယဝန်ကြီး ဦးရဲတင့်က ဂုဏ်ပြုအခမ်းအနား တွင် ပါဝင်မည့် ဝန်ကြီးဌာနများ၊  တိုင်းဒေသကြီးနှင့်      ပြည်နယ် ကိုယ်စားပြု      ဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်နေမှု၊ ဖျော်ဖြေ မည့်      ယိမ်းအဖွဲ့များအတွက် သီချင်း ရွေးချယ်ပေးထားမှုများနှင့် စပ်လျဉ်း၍   ဆွေးနွေးပြောကြား သည်။

 


ထို့နောက်    ဂုဏ်ပြုအခမ်း အနား         ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်း အတွင်းဝန်   ဦးမျိုးမြင့်မောင်က  ဂုဏ်ပြုယာဉ်များ ပါဝင်ဆောင် ရွက်မည့်   အစီအစဉ်၊     ဂုဏ်ပြု တပ်ခွဲများ ချီတက်စဉ် သီဆိုမည့်  တေးသီချင်းများ၊   ဂုဏ်ပြုယာဉ် ဆုချီးမြှင့်မည့်     အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍ ဂုဏ်ပြုအခမ်း အနား      ကျင်းပရေးကော်မတီ အဖွဲ့ဝင်     ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့်     ပြည်နယ် အစိုးရအဖွဲ့များမှ  တက်ရောက် လာကြသူများက ဂုဏ်ပြုအခမ်း အနားတွင်       ပါဝင်မည့်အဖွဲ့များ  လျာထားမှု၊    ကျန်းမာရေးစောင့် ရှောက်မှုပေးရန်      ဆောင်ရွက် ထားရှိမှု၊ အခမ်းအနားပြင်ဆင်မှု၊ ဂုဏ်ပြုယာဉ်များ တည်ဆောက် နေမှု၊  ရိုးရာအစားအသောက်ပြခန်း များ   ခင်းကျင်းပြသရန်   ဆောင် ရွက်နေမှု၊    တည်ဆောက်ရေး ဆိုင်ရာ   လျာထားမှု၊   ခွင့်ပြုချက် ရယူရန်နှင့်   ပေါင်းစပ်ညှိနှိုင်းပေး ရန်   ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 


ထို့နောက်    ဂုဏ်ပြုအခမ်း အနားကျင်းပရေးကော်မတီ တွဲဖက် အတွင်းရေးမှူး အမြဲတမ်းအတွင်း ဝန်  ဦးမျိုးမြင့်မောင်က  အစည်း အဝေး          ဆုံးဖြတ်ချက်များကို အတည်ပြု ဖတ်ကြားသည်။

 


ယင်းနောက် ဂုဏ်ပြုအခမ်း အနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး     ဦးမောင် မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။    

သတင်းစဉ်