
နေပြည်တော် ဇန်နဝါရီ ၁၀
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မြက်ခင်း ပြင်၌ ပြုလုပ်သည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင် များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်က ဖတ်ကြားသည်။
မိန့်ခွန်းပြောကြား
ဆက်လက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင် ပြည်နယ်နေ့ မိန့်ခွန်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး မြက်ခင်းပြင်၌ ကချင်ရိုးရာ မနောပွဲတော်ကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများသည် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများမှ ဖွင့်လှစ် သည့် ပြခန်းများနှင့် အရောင်းပြခန်းများ ကို လိုက်လံကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများသည် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီ တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာ သိုင်းအခြေခံသင်တန်းဆင်းပွဲ အခမ်း အနားသို့ သွားရောက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက သင်တန်းသား များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြ ပြီး သင်တန်းသား သင်တန်းသူများက သရုပ်ပြဖျော်ဖြေခဲ့ကြသည်။
ပေးအပ်ချီးမြှင့်
မွန်းလွဲပိုင်းတွင် (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူး ဆောင် ဆုပစ္စည်းများနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် ရှစ်ဦး၊ ဒုတိယ အဆင့် ၁၆ ဦး၊ တတိယအဆင့် ၂၂ ဦး၊ စီးပွားရေးဆိုင်ရာ ထူးချွန်ဆု ဒုတိယ အဆင့် ငါးဦး၊ တတိယအဆင့် တစ်ဦး၊ လူမှုရေးဆိုင်ရာထူးချွန်ဆု ပထမအဆင့် ခြောက်ဦး၊ ဒုတိယအဆင့် ၁၁ ဦး၊ တတိယ အဆင့် ကိုးဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူ ၁၉၃ ဦး စုစုပေါင်း ၂၇၁ ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူး ဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြ သည်။
ဖူးမြော်ကြည်ညို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့သည် ဝိုင်းမော်မြို့ရှိ ရွှေမိုးတောင် ဆုတောင်း ပြည့်စေတီတော်မြတ်ကြီး၊ မြစ်ကြီးနား မြို့ရှိ လောကမာရ်အောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးနှင့် အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော် မြတ်ကြီးတို့အား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်