
နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကို ၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (ဗုဒ္ဓဟူး)နေ့မှ ၁၃၈၃ ခုနှစ်၊ ပြာသိုလ ဆန်း ၈ ရက် (တနင်္ဂနွေ)နေ့အထိ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့အထိ) ကျင်းပမည်ဖြစ်သည်။
ဝင်ရောက်ဖြေဆိုမည့် သံဃာတော်အရှင်သူမြတ်များသည် လက်မှတ်ရေးထိုး တင်သွင်းပြီးနောက် အကြောင်းမညီညွတ်၍ ဖြေဆိုရန် ပျက်ကွက်ပါက ပျက်ကွက်သည့်အကြောင်းကို ၁၃၈၃ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၂ ရက် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်) နောက်ဆုံးထား၍ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ စာမေးပွဲဌာနခွဲ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့သို့ အကြောင်းပြန်ကြားရန် ဖြစ်ပါ ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်