(၇၄) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၁၅


(၇၄) နှစ်မြောက်  တပ်မတော်(လေ)  နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌    ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ)       ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ)များ၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိတ္ထီလာ တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။


စစ်ဆေး


ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ် အတိုင်းကျင်းပရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီး သော တပ်မတော်သားအပေါင်းအား အလေးပြုခြင်း၊ သစ္စာလေးချက်  ရွတ်ဆိုခြင်းများ    ဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများ အား စစ်ဆေးသည်။


ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က တပ်မတော်(လေ) နှစ်ပတ်လည်နေ့    အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ      စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။


ဆက်လက်၍ (၇၄) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်  ပရိတ်တရားနာယူ ခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်း အနားအား   လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာန ချုပ်တွင် ကျင်းပရာ  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ်  ပရိယတ္တိစာသင် တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ အမှူးပြုသော သံဃာတော်အရှင်မြတ် များ  ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေး ဦးစီးချုပ်(လေ)      ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး ဒေါ်အောင်မာမြင့်၊  လေတပ်စခန်းဌာနချုပ်မှူးများ နှင့် ဇနီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အခမ်း အနားတက်ရောက်လာကြသူများသည်  သာသနာ့ ဝေပုလ္လပါဠိတက္ကသိုလ်   ဆရာတော်ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက်       သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့်  ပရိတ်တရားတော်များအား နာယူကြသည်။


ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်း များ  ဆက်ကပ်လှူဒါန်းကြပြီး   သာသနာ့ဝေပုလ္လ ပါဠိတက္ကသိုလ်    ဆရာတော်ထံမှ   အနုမောဒနာတရား နာယူကြသည်။


ဆက်ကပ်လှူဒါန်း


ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှဝေကြပြီးနောက်  သံဃာတော်အရှင် သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်