(၇) ကြိမ်မြောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးသို့ ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်

 

နေပြည်တော်  ဇန်နဝါရီ   ၂၄


(၇) ကြိမ်မြောက် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ  မူးယစ် ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ် အဆင့်အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံမှ  အလှည့်ကျအိမ်ရှင်အဖြစ်   ကျင်းပရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊  တွဲဖက်အတွင်းရေးမှူး၊   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊   တပ်ဖွဲ့မှူး   ရဲမှူးချုပ် ဝင်းနိုင်   ဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။ (ယာပုံ)
မူးယစ်ဆေးဝါးပြဿနာသည်  လွန်စွာရှုပ်ထွေးလာ
အစည်းအဝေးတွင်  မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရဲမှူးချုပ် ဝင်းနိုင်က  ယနေ့ခေတ်တွင် နည်းပညာဆန်းသစ်မှုပြောင်းလဲလာသော    အခြေ အနေများအရ မူးယစ်ဆေးဝါးပြဿနာသည်  လွန်စွာ ရှုပ်ထွေးလာပြီး ကမ္ဘာ့နိုင်ငံတိုင်းကြုံတွေ့နေရသည့် အခက်အခဲပြဿနာများစွာထဲတွင်  အကြီးမားဆုံးစိန်ခေါ်မှုပြဿနာတစ်ရပ်ဖြစ်ကြောင်း၊  နိုင်ငံအသီး သီးက နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကို  ထိန်းချုပ်တားဆီးမှုများ   လုပ်ဆောင်နေသော် လည်း အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုများစွာနှင့် ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း။
လွယ်ကူစွာဝယ်ယူရရှိမှုများကြောင့်   
သုံးစွဲသူဦးရေ များပြားလာ
မူးယစ်ဂိုဏ်းအဖွဲ့များ၏       မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနည်းစနစ်နှင့် လမ်းကြောင်း များ အမြဲပြောင်းလဲ၍ ဆောင်ရွက်လာသည့်အတွက် နိုင်ငံအားလုံး  ရေရှည်ပူးပေါင်းဖြေရှင်းဆောင်ရွက်  သွားရမည့် အရေးကြီးလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါ ကြောင်း၊ ယခုအခါ နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်သူ ဂိုဏ်းအဖွဲ့များသည်   မူးယစ်ဆေးဝါးကုန်သွယ်မှုကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဆက်လက်တိုးမြင့် လုပ်ကိုင်ဆောင်ရွက်လာသဖြင့်    မူးယစ်ဆေးဝါး ပြဿနာသည်  လျော့ကျသွားခြင်းမရှိသည့်အပြင် ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ ဒေသအပြင်ဘက်မှ မူးယစ်ဂိုဏ်းအဖွဲ့များက ကွန်ရက်များတည်ဆောက်ပြီး ဈေးကွက်ချဲ့ထွင်လာကြပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံ များကို ခြိမ်းခြောက်လျက်ရှိသည့် အဓိကပြဿနာမှာ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ပြဿနာ ဖြစ်ပြီး  ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ ပိုမိုကြီးမားကျယ်ပြန့်လာခဲ့ပါကြောင်း၊   အလားတူ ဈေးကွက်အတွင်းတွင်   အရည်အသွေးကောင်းမွန် ပြီး   ဈေးနှုန်းချိုသာသည့်     လူလုပ်မူးယစ်ဆေးဝါး များ လွယ်ကူစွာဝယ်ယူရရှိမှုများကြောင့်   သုံးစွဲသူ ဦးရေ   များပြားလာသည်ကို    တွေ့ရှိရမည်ဖြစ်ပါ ကြောင်း။
အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများကို  အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံ၊  ကဏ္ဍပေါင်းစုံမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်   မရှိမဖြစ် လိုအပ်သည့်   ပရီကာဆာထိန်းချုပ်ရေးကို  အဓိက ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း သို့    ပရီကာဆာဓာတုပစ္စည်းများ    တရားမဝင် ဝင်ရောက်နေမှုများနှင့်   လမ်းလွဲရောက်ရှိမှုများမှာ လည်း   မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွက်  အဓိက    စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း။
အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးပို့
မူးယစ်ဆေးဝါးချက်လုပ်ရာတွင်  အသုံးပြုနေ သည့်ဓာတုပစ္စည်းများဖမ်းဆီးရမိမှုမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့်  နှိုင်းယှဉ်ပါက  လွန်စွာနည်းပါး နေသည့်အတွက် နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသည့် နယ်စပ်ဒေသများမှ   ပရီကာဆာဓာတုပစ္စည်းများ တရားမဝင်  ဝင်ရောက်မှုမရှိစေရေးကို ယခုထက်ပိုမို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား မူးယစ်တရားခံပြေးများ၊ ကွင်းဆက် တရားခံများ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုဆိုင်ရာ   သတင်းအချက် အလက်များ၊   မူးယစ်ကုန်ကူးသူများ၏   လှုပ်ရှား ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး   သတင်းအချက် အလက်များရရှိပါက  အချိန်နှင့်တစ်ပြေးညီ  သတင်း ဖလှယ်ပေးပို့စေလိုပါကြောင်း   ဆွေးနွေးပြောကြား သည်။
အစည်းအဝေးသို့ အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် Mr. Satya Narayan Pradhan ဦးဆောင်သည့်  ကိုယ်စား လှယ်များတက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ် များမှ လက်ရှိမူးယစ်ဆေးဝါးအခြေအနေများ၊ မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်း များ တရားမဝင် ဝင်ရောက်မှုမရှိစေရေး တားဆီးနှိမ်နင်း ရေးဆောင်ရွက်မှုအခြေအနေများ၊  မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေးအခြေအနေများ၊  နယ်စပ်ဒေသ များတွင်  ဘိန်းပင်တရားမဝင်စိုက်ပျိုးခြင်းဆိုင်ရာ သတင်းအချက်အလက်များ    ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊  (၈) ကြိမ်မြောက်   အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်