(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော်   မတ်   ၂၃


(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည် တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်    ဖွင့်ပွဲ အခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊    ဒေါက်တာညွန့်ဖေ၊    ဒေါက်တာ သက်သက်ခိုင်၊   ဒုတိယဝန်ကြီးများ၊   ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သော     ဧည့်သည်တော်များ   တက်ရောက်ခဲ့ကြ သည်။ 


 ပိုမိုဖြစ်ပွားလာ


အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက    ကမ္ဘာ့မိုးလေဝသနေ့အထိမ်း အမှတ်အခမ်းအနားများကို နှစ်စဉ် မတ် ၂၃ ရက် ရောက်တိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ဆောင်ပုဒ်မှာ “သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး    ကြိုတင်သတိပေးမှု နှင့် တုံ့ပြန်ဆောင်ရွက်မှုကို မြှင့်တင်ပေး” (Early Warning  and Early Action. Hydrometeorological and Climate Information for Disaster Risk Reduction)  ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီ ဥတုဆိုင်ရာ အစွန်းရောက် အဖြစ်အပျက်များသည် ကမ္ဘာ့နေရာအနှံ့အပြားတွင်     ပိုမိုဖြစ်ပွားလာခဲ့ရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို   အခံရဆုံးဒေသများ ဖြစ်ပါကြောင်း၊     ကမ္ဘာ့ရာသီဥတု    ပြောင်းလဲလျက် ရှိသလို မြန်မာနိုင်ငံမှာလည်း သိသိသာသာ ခံစား နေရကြောင်း၊ မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက် စောခြင်းတို့ကြောင့်        ပျမ်းမျှမုတ်သုံကာလများ တိုတောင်းလာရာ ယခင်က မုတ်သုံကာလ ၁၄၄ ရက် ရှိခဲ့ရာမှ  ယခုအခါ   မုတ်သုံကာလ ၁၂၁ ရက်သာ ရှိတော့သည့်အတွက်     မုတ်သုံကာလ    သုံးပတ်ကျော် လျော့နည်းခဲ့ပါကြောင်း၊ ယခုလတ်တလော ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်အနေဖြင့် မြန်မာ့ပင်လယ်ပြင် တွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းသည် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မတ်လ၌ မြန်မာနိုင်ငံသို့ မုန်တိုင်း ဝင်ရောက်ခြင်းသည်    ပထမဆုံးဖြစ်ပါကြောင်း ပြောကြားသည်။ 


ထို့နောက်        ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Professor Petteri Taalas ၏ သဝဏ်လွှာကို ဗီဒီယိုဖြင့် ပြသ သည်။   ထို့နောက်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား   ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပို့ဆောင် ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက    ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး   အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဖိတ်ကြားထားသော    ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုသော ခေတ်မီပစ္စည်း ကိရိယာများနှင့်         မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုကြသည်။        မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်းများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဖက် ဌာနများဖြစ်သော ကျိုင်းတုံတက္ကသိုလ် (ပထဝီဝင် ဌာန)၊ ရန်ကုန်တက္ကသိုလ် (ပထဝီဝင်ဌာန)၊ လားရှိုး တက္ကသိုလ် (ဓာတုဗေဒဌာန)နှင့်     နေပြည်တော် စိုက်ပျိုးရေးသုတေသနဌာန      (ရေဆင်း)တို့မှ စာတမ်းရှင်များက ဖတ်ကြားသည်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကို   ၁၉၅၁ ခုနှစ်မှ  စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်  အခမ်းအနား ကို    ၁၉၆၁ ခုနှစ်မှ    စတင်ကျင်းပခဲ့ရာ    ယနေ့တွင် (၆၂)ကြိမ်မြောက်  ကမ္ဘာ့မိုးလေဝသနေ့  အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်