(၅)ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးညီလာခံ (ယူနန်၊တရုတ်) နှင့် ဒုတိယအကြိမ်မြောက် ယူနန် - နိုင်ငံတကာဆက်သွယ်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ကူမင်း  ဒီဇင်ဘာ  ၅


(၅)  ကြိမ်မြောက်     ကမ္ဘာ့ မီဒီယာ   ထိပ်သီးညီလာခံ  (ယူနန်၊ တရုတ်) နှင့်  ဒုတိယ အကြိမ်မြောက်    ယူနန်- နိုင်ငံတကာ    ဆက်သွယ်ရေး ဖိုရမ်ကို    ယနေ့နံနက်ပိုင်းက  တရုတ်နိုင်ငံ   ယူနန်ပြည်နယ် ကူမင်းမြို့ရှိ          ဟိုက်ဂန်း         ညီလာခံခန်းမ၌      ကျင်းပ ရာ မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား   ညွှန်ကြားရေးမှူး ချုပ်     ဦးရဲနိုင်၊     မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး       ဦးစီး ဌာန       ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  သီတာတင်နှင့်    အဖွဲ့တို့    တက်ရောက်ကြ သည်။


ရှေးဦးစွာ          ညီလာခံ ဖွင့်ပွဲ  အခမ်းအနားကျင်းပရာ  တရုတ်နိုင်ငံ  ကွန်မြူနစ်ပါတီ     ယူနန်ပြည်နယ်   အထွေထွေ အတွင်းရေးမှူး    မစ္စတာ ဝန်နင်းက      မိန့်ခွန်းပြော ကြားပြီး  တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ      ဌာနေကိုယ်စား လှယ် မစ္စတာ       ဆစ်ဒါ့သ်   ချာတာဂျီး၊ ကူမင်းကောင်စီ နှင့်        စည်ပင်သာယာရေး ကော်မတီ အထွေထွေအတွင်း ရေးမှူး     လီယူဟောင်ဂျန် နှင့်    ဆင်ဟွာသတင်းဌာန၊   စပွတ်နစ် နိုင်ငံတကာသတင်း ဌာနနှင့်    ရေဒီယိုအသံလွှင့် ဌာန၊     ဘူလ်ဂေးရီးယား သတင်းဌာန၊     ပါကစ္စတန် သတင်းဌာန၊       Media Turkmen    သတင်းဌာန၊           El     Mundo   Financiero သတင်းဌာန  စသည့်  နိုင်ငံ တကာ       သတင်းဌာနတို့မှ အကြီးအကဲများက    နှုတ်ခွန်း ဆက်စကား         ပြောကြား ကြသည်။
ဆက်လက်၍  ၂၀၂၂ မှ ၂၀၂၃     ခုနှစ်များအတွင်း ယူနန်အကြောင်း     နိုင်ငံ တကာမှ  ဖော်ပြမှုများအနက် ရေပန်းအစားဆုံး စကားလုံး  ၁၀  လုံးကို  လည်းကောင်း၊ ယူနန်ပြည်နယ်        ဖွံ့ဖြိုး တိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကို     လည်းကောင်း၊ (၅)   ကြိမ်မြောက်     ကမ္ဘာ့ မီဒီယာ     ထိပ်သီးညီလာခံ အတွက်    ကူမင်း၏  ရှေးဦး ဆောင်ရွက်ချက်များကိုလည်း ကောင်း  Video Clip  ဖြင့် ရှင်းလင်းပြသသည်။
ထို့နောက်      ညီလာခံ ဆိုင်ရာ    ထုတ်ပြန်ချက်ကို  တာဝန်ရှိသူများက     စက် ခလုတ်နှိပ်၍  ဖွင့်လှစ်ပြသ/ကြေညာပြီး  ညီလာခံဖွင့်ပွဲ အခမ်းအနားကို    ရုပ်သိမ်း လိုက်သည်။


မွန်းလွဲပိုင်းတွင် ညီလာခံ ကို ကဏ္ဍ (၄)ရပ်ဖြင့်  ခွဲခြား ကျင်းပရာ        ရပ်ဝန်းနှင့်    ပိုးလမ်းမစီမံကိန်း (BRI)အရ  မီဒီယာပူးပေါင်းဆောင်ရွက် မှုအတွက်   အခွင့်အလမ်းသစ် များ   (New Opportunities for Media Cooperation under BRI)၊     မြို့ပြဂုဏ် သတင်း      တည်ဆောက်ရေး    ယူနန်၏    ဆောင်ရွက်ချက် (City   –  brand    Image Building:   the   case   of Yunnan)၊    ခေတ်သစ်တွင်        နိုင်ငံတကာ      ယဉ်ကျေးမှု ဆက်သွယ်ရေး       (Internat-ional Cultural   Communi-cation    in New Era)    နှင့်  ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ် ရေးတွင်     ကော်ပိုရေးရှင်း များ၏   ဂုဏ်သတင်းပုံရိပ် များ   (Corporate Images  in Global  Communication) အကြောင်းအရာများ  အလိုက် ဆွေးနွေးကြသည်။


ကမ္ဘာ့မီဒီယာ     ညီလာခံ (World Media Summit – WMS)  သည်    နိုင်ငံတကာ မီဒီယာများ      သတင်းနှင့် အတွေ့အကြုံများ     ဖလှယ် ရန်နှင့်    ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်       အတွက်   အကောင်းဆုံး     အစီအစဉ်  (Platform)    တစ်ခုဖြစ် ကြောင်း     ရှုမြင်ကြသကဲ့သို့ (WMS)   စတင်ဖွဲ့စည်းချိန်မှ စ၍  ၂၀၁၄  ခုနှစ်မှ   ၂၀၂၁    ခုနှစ်အတွင်း       ကမ္ဘာလုံး ဆိုင်ရာ      ထူးချွန်ဆုများ    (WMS Global Awards for Excellence) ကမ္ဘာတစ်ဝန်းမှ      မီဒီယာများ၊   ကျွမ်းကျင်ပညာ ရှင်များအတွက်     သင်တန်း နှင့်အစီအစဉ်သုံးခု၊     ကမ္ဘာ လုံးဆိုင်ရာ  တိုက်ရိုက်ထုတ် လွှင့်ပြသမှုနှင့်အတူ  ကလေး များအတွက်  ကမ္ဘာ့သတင်း နေ့၊     ဆင်းရဲနွမ်းပါးမှုကို   အနီးကပ်   ထင်ဟပ်ပြသ သော    ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲ၊ အာဖရိကကို     အသားပေး သော   မီဒီယာလှုံ့ဆော်မှုများ ကဲ့သို့ နိုင်ငံတကာ  အကျိုးပြု စီမံချက်     များစွာကိုလည်း    အောင်မြင်စွာ     စီစဉ်ဆောင် ရွက်နိုင်ခဲ့ကြောင်း     သိရ သည်။                
     

သတင်းစဉ်