(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့စတင်ကျင်းပ

 

နေပြည်တော်   မေ   ၃
၂၀၂၄  ခုနှစ်  (၅၉)  ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ     မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ပြပွဲတွင်  ပြည်တွင်း  ပြည်ပ ရတနာကုန်သည်များသည် နံနက် ပိုင်းမှစတင်၍      မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း   ခင်း ကျင်းပြသထားသည့် ပုလဲအတွဲ များ၊ ကျောက်စိမ်း၊ ကျောက်မျက် အတွဲများနှင့်  ခန်းမအပြင်ဘက် သတ်မှတ်နေရာများ     အလိုက် ခင်းကျင်းပြသထားသည့် ကျောက် စိမ်းအတွဲများကို      စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။
ထို့နောက် ရတနာကုန်သည် များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် မေ   ၄  ရက်တွင်    ရောင်းချမည့် ပုလဲအတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာများကို   သက်ဆိုင် ရာ       တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ရတနာပြပွဲတွင်  ပုလဲအတွဲ ပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲ ပေါင်း   ၁၆၀၊   (A)   အုပ်စုမှ ကျောက်စိမ်းအတွဲ  ၁၀၀၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၅၀ နှင့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၈၀၀   စုစုပေါင်း   ကျောက်စိမ်း အတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။
ပုလဲအတွဲများကို မေ ၃ ရက် တွင် စတင်ခင်းကျင်းပြသပြီး မေ ၄ ရက်နှင့် ၅ ရက်တို့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့်     လည်းကောင်း၊ ကျောက်မျက်အတွဲများကို မေ  ၃ ရက်မှ ၅ ရက်အထိ ခင်းကျင်းပြသ ပြီး  မေ  ၆  ရက်တွင်   အိတ်ဖွင့် တင်ဒါစနစ်ဖြင့်လည်းကောင်း၊ (A) နှင့် (B)အုပ်စုမှ ကျောက်စိမ်းအတွဲ များကို မေ ၃ ရက်မှ ၆ ရက်အထိ ခင်းကျင်းပြသပြီး  မေ   ၇   ရက်မှ ၉  ရက်အထိလည်းကောင်း၊  (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို မေ  ၃  ရက်မှ   ၁၀   ရက်အထိ ခင်းကျင်းပြသပြီး  မေ  ၁၁   ရက် မှ    ၁၂   ရက်အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။
ယခုပြပွဲတွင်      ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှ  ကျောက်စိမ်းအတွဲများ အတွက်   အခြေခံဈေးကို   အမေ ရိကန်ဒေါ်လာဖြင့် လည်းကောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက်   အခြေခံဈေးကို    မြန်မာ ကျပ်ငွေဖြင့်        လည်းကောင်း သတ်မှတ်ထားပြီး    ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့် (B) အုပ်စုမှ    ကျောက်စိမ်းအတွဲများ အတွက် အာမခံစပေါ်ငွေကိုပြည်ပ ရတနာကုန်သည်များ  အနေဖြင့် အမေရိကန်ဒေါ်လာအပြင်  အမေ ရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရို၊ ယွမ်နှင့်   ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာ ကုန်သည်များအနေဖြင့်   မြန်မာ ကျပ်ငွေဖြင့်လည်းကောင်း၊ ပြည် တွင်း   ရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့်     (C)  အုပ်စုမှ ကျောက်စိမ်း   အတွဲများအတွက် မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးသွင်းရမည်ဖြစ်ကြောင်း   သိရ သည်။
ထို့ပြင် ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအနေ ဖြင့် ဝယ်ယူခွင့်ရရှိသည့် (A)အုပ်စု မှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာ အပြင်      အမေရိကန်ဒေါ်လာနှင့် ညီမျှသည့်  ယူရို၊   ယွမ်နှင့်  ထိုင်း ဘတ်ငွေတို့ဖြင့်   လည်းကောင်း၊ ပုလဲအတွဲ၊   ကျောက်မျက်အတွဲ၊ (B) အုပ်စု ကျောက်စိမ်းအတွဲများ ကို   ဝယ်ယူခွင့်ရရှိသည့်     ပြည်ပ ရတနာကုန်သည်များ   အနေဖြင့် အမေရိကန်ဒေါ်လာအပြင်  အမေ ရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရို၊ ယွမ်နှင့်      ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့်   အမေ ရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသည့် မြန်မာကျပ် ငွေဖြင့်လည်းကောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို  ပြည် တွင်း    ရတနာကုန်သည်များသာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး တန်ဖိုး ငွေကို   မြန်မာကျပ်ငွေဖြင့်လည်း ကောင်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
(၅၉)  ကြိမ်မြောက်   မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုင်ငံ တော်အတွက်      နိုင်ငံခြားငွေ တိုးတက် ရရှိစေရေး၊   နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင် များ       ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေး၊   ပြည်တွင်း၌ ပုလဲများ   ရောင်းချခြင်းအားဖြင့် နိုင်ငံသားပုလဲကုန်သည်များ ငွေ ကြေးစီးဆင်းမှု ကောင်းမွန်စေရေး နှင့် နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိစေရေး တို့အတွက်   ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့်   နိုင်ငံသားများ အတွက်     စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ    ရရှိနိုင်စေရန် အတွက် တူးဖော်ထုတ်လုပ်ထား သည့် ကျောက်မျက်ရတနာများ ကို    ရောင်းချနိုင်မည့်    မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင် စွာကျင်းပခဲ့ရာ     ယခုကျင်းပ ပြုလုပ်သည့် (၅၉)   ကြိမ်မြောက်  မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို မေ ၃ ရက်မှ  ၁၂  ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း  သိရ သည်။                      သတင်းစဉ်