“(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” (စတုတ္ထနေ့) ဆက်လက်ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ    ၂၅


ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ သော  “(၅၂) ကြိမ်မြောက်  မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ”  (စတုတ္ထနေ့) ကို ယနေ့တွင် ရန်ကုန်မြို့  ဒဂုံမြို့နယ်    အမှတ်-၅     ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင်  ကျင်းပခဲ့ရာ    နံနက်ပိုင်းတွင်    ပညာရပ် ဆိုင်ရာ   နှီးနှောဖလှယ်ပွဲတစ်ခု  ကျင်းပ ခဲ့ပြီး  မွန်းလွဲပိုင်းတွင် အခြေခံသုတေသန စာတမ်း၊      အသုံးချသုတေသနစာတမ်း၊  ကျန်းမာရေးစနစ်      သုတေသနစာတမ်း စုစုပေါင်း (၁၀) စောင်ကို စာတမ်းရှင်များ က ဖတ်ကြားတင်ပြသည်။  


ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်


နံနက်ပိုင်းတွင် သဘာပတိများအဖြစ်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (ငြိမ်း)    ပါမောက္ခ    ဒေါက်တာ ဖေသက်ခင်၊     ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခဒေါက်တာ တင်ထွန်းတို့က  ဆောင်ရွက်၍ ကျွမ်းကျင်ပညာရှင်များက  ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်/ကျောင်း  များတွင်  အရည်အသွေး  အာမခံမှုစနစ်  တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်    ရည်ရွယ်ချက်ဖြင့်      “ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်/ ကျောင်းများ၏  အရည်အသွေးအာမခံမှုဆိုင်ရာ   လုပ်ငန်း စဉ်များ၊    ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှု      အခြေအနေ များ-  Quality  Assurance  in  Health Professional    Education:    Process, Partnerships and Readiness”  ပညာရပ် ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပသည်။ 


ယင်းနှီးနှောဖလှယ်ပွဲတွင်     ဆေး တက္ကသိုလ်(၁) မှ  ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)   ပါမောက္ခ    ဒေါက်တာ  ခင်မာမြင့်က   “ဆေးပညာသင်ကြားရေး စနစ်၏ အရည်အသွေးအာမခံမှု သမိုင်း ကြောင်း၊   လုပ်ငန်းစဉ်များနှင့်   မြန်မာ နိုင်ငံရှိ ဆေးတက္ကသိုလ်များ၏ ဆောင်ရွက် ခဲ့မှုများကို ခြုံငုံသုံးသပ်တင်ပြခြင်:”၊ ဆေး  တက္ကသိုလ် (တောင်ကြီး) မှ      ပါမောက္ခ ဒေါက်တာဇော်ဇော်လတ်က “ဆေးပညာ ရှင်များ၏    အရည်အသွေး     အာမခံမှု အရေးပါပုံကို      Stakeholder    များ၏  ရှုထောင့်မှ             ဆွေးနွေးတင်ပြခြင်း”၊  သွားဘက်ဆိုင်ရာ      ဆေးတက္ကသိုလ်မှ  ကထိက ဒေါက်တာရီရီစိုးက “သွားဘက် ဆိုင်ရာ ဆေးပညာနှင့်ပတ်သက်၍ အရည် အသွေးအာမခံမှုစနစ် ဆောင်ရွက်ထားရှိ ခဲ့မှု    သမိုင်းကြောင်းကို    တင်ပြခြင်း”၊  ကျန်းမာရေး    လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန  (နေပြည်တော်) မှ   ဒုတိယ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါက်တာ လေးလေးမြင့်က သူနာပြုများနှင့် သားဖွား ဆရာမများ၏     အရည်အသွေးအာမခံမှု လုပ်ငန်းစဉ်တွင်   ဒေသတွင်းနှင့်  ဒေသ ဆိုင်ရာ     ပူးပေါင်းဆောင်ရွက်မှုများကို တင်ပြခြင်း”၊    ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန(နေပြည်တော်)မှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ပိုင်သစ္စာက      “ဆေးနှင့်ဆေးနှီးနွှယ် ဘာသာရပ်များတွင်     ဌာနပြင်ပအရည် အသွေးအာမခံမှုလုပ်ငန်းစဉ်      ရရှိရန်  အတွက် ဌာနတွင်းအရည်အသွေးအာမခံမှု  လုပ်ငန်းဖော်ဆောင်မှုများ”    နှင့်    ဆေး တက္ကသိုလ်(၂)  မှ        ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာပပစိုးက ဆေးပညာ သင်ကြားရေးအနာဂတ်အတွက် လမ်းညွှန် ခြင်း- ဆေးပညာသင်ကြားရေး     အရည် အသွေးအာမခံချက်အတွက် ဉာဏ်ရည်တု  နည်းပညာသုံး၍ အသင့်ပြင်ဆင်ထားရှိမှု”  တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။


မေးမြန်းဖြေကြား


ဆက်လက်၍ မေးခွန်းများ မေးမြန်း ခြင်းနှင့်    ပြန်လည်ဖြေကြားခြင်း     အစီ အစဉ်ကို ဆောင်ရွက်ရာ တက်ရောက်လာ ကြသော    ပါမောက္ခများနှင့်     ပညာရှင်၊ သုတေသီများမှ ရင်းနှီးပွင့်လင်းစွာမေးခွန်း များ မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြု တင်ပြခြင်းများကို    ဆောင်ရွက်ခဲ့ကြပြီး  နှီးနှောဖလှယ်ပွဲသို့ ပညာရှင်များ၊ သုတေသီ များ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။


စာတမ်းများဖတ်ကြားတင်ပြ


မွန်းလွဲပိုင်းတွင် သဘာပတိများအဖြစ်  ဆေးသုတေသနဦးစီးဌာန          ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊   ဆေးတက္ကသိုလ်(၂)   ပါမောက္ခ/ဌာနမှူး၊  ပါမောက္ခ    ဒေါက်တာတင်မိုးဖြူ၊     ဆေး တက္ကသိုလ်  (၁)       ပါမောက္ခ  / ဌာနမှူး၊ ပါမောက္ခ ဒေါက်တာမွန်မွန်နှင့် ပါမောက္ခ/ဌာနမှူး၊  ပါမောက္ခ ဒေါက်တာမိုးဝင့်အောင် တို့က   ဆောင်ရွက်၍   တင်သွင်းခဲ့သော သုတေသနစာတမ်းများမှာ ‘‘အမှတ်(၁)  တပ်မတော်သားဖွားမီးယပ်နှင့် ကလေး အထူးကုဆေးရုံ(ခုတင်-၃၀၀)၊ အမှတ်(၂) တပ်မတော်ဆေးရုံ   (ခုတင်-၅၀၀)    နှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) တို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြင့်     ပြင်ပလူနာဌာနများနှင့်    ဆေးရုံ တက်ရောက်သောလူနာများတွင် သွေးလွန် တုပ်ကွေးဗိုင်းရပ်စ်ပိုးမျိုးကွဲအား ရှာဖွေ စစ်ဆေးခြင်း”     သုတေသနစာတမ်းကို တပ်မတော်ဆေးသုတေသနတပ်မှ သုတေ သနမှူး ဗိုလ်ကြီးပြည့်ဖြိုးသန့်က လည်း ကောင်း၊   “၂၀၁၈  ခုနှစ်မှ  ၂၀၂၃  ခုနှစ်  အတွင်း မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော  သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုး၏ မျိုးဗီဇများပြောင်းလဲမှု၊     လူနာများ၏ ကိုယ်ခံစွမ်းအား   အခြေအနေ၊    ရောဂါ ပြင်းထန်မှုအခြေအနေများကို လေ့လာ ခြင်း”    သုတေသနစာတမ်းနှင့်      “ဆင် တုပ်ကွေးဗိုင်းရပ်စ်        ရောဂါပိုးအား  ကာကွယ်နိုင်သောပဋိပစ္စည်း ပမာဏအား  ရန်ကုန်နှင့် မန္တလေးမြို့တွင် လေ့လာခြင်း” သုတေသနစာတမ်းတို့ကို ဆေးသုတေ သနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာအောင်ကျော်ကျော်က  လည်း ကောင်း၊   “၂၀၂၂ - ၂၀၂၃    ခုနှစ်အတွင်း ရန်ကုန်ကလေးဆေးရုံကြီးသို့ ဝမ်းလျှော ရောဂါကြောင့် တက်ရောက်ကုသမှုခံယူ ကြသော ကလေးများရှိ ရိုတာဗိုင်းရပ်စ်- အေ  အမျိုးအစား၏     ဖြစ်ပွားမှုနှုန်း၊ အဖြစ်များသော   ရာသီနှင့်   ပိုးမျိုးခွဲများ  ပျံ့နှံ့နေပုံတို့ကို လေ့လာခြင်း (ရန်ကုန်တွင်  ရိုတာဗိုင်းရပ်စ်    ကာကွယ်ဆေး     စတင် တိုက်ကျွေးခြင်း၏ အကျိုးသက်ရောက်မှု ကို ကာကွယ်ဆေးစတင်ပြီးစ  ကာလတွင်  ဆန်းစစ်လေ့လာခြင်း)”       သုတေသန  စာတမ်းကို ဆေးသုတေသနဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး      ဒေါက်တာ ထင်လင်းက လည်းကောင်း၊  “မြန်မာနိုင်ငံ ရှိ Burkholderia pseudomallei ဗက်တီး ရီးယားပိုး၏   မော်လီကျူးလား   အချက် အလက်များကို         (Enterobacterial Repetitive    Intergenic     Consensus (ERIC)-PCR)  ဖြင့်   အုပ်စုဖွဲ့၊   အနုစိတ် ယှဉ်တွဲဖော်ထုတ်ဆန်းစစ်ခြင်း” သုတေ သနစာတမ်းကို တပ်မတော်ဆေးသုတေ သနတပ်မှ သုတေသနမှူး ဗိုလ်မှူးနေမျိုး အောင်က  လည်းကောင်း၊   “အင်ဆူလင်  ဟော်မုန်းအာနိသင်     လျော့နည်းမှုနှင့် ဇီဝဖြစ်ပျက်မှုရောဂါစုကို     ခွဲခြားနိုင်ရန် HOMA-IR ဖြတ်မှတ်များကို ရန်ကုန်တိုင်း ဒေသကြီး၊ အစိုးရဌာနများရှိ ဆီးချိုရောဂါ မရှိသူ ရုံးဝန်ထမ်းများတွင် လေ့လာခြင်း” သုတေသနစာတမ်းကို ဆေးသုတေသန  ဦးစီးဌာနမှ       ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာခင်မိမိလေးက လည်းကောင်း၊  “ငန်းတော်ကျား        အဆိပ်ဖြေဆေးနှင့် မြွေဟောက်အဆိပ်ဖြေဆေးမှ ငန်းတော် ကျားမြွေဆိပ်ကိုချေဖျက်နိုင်သည့် သတ္တိ ရှိ  မရှိကို   လေ့လာခြင်း”    သုတေသန  စာတမ်းကို  ဆေးသုတေသနဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး      ဒေါက်တာ သက်သက်မာက လည်းကောင်း၊ “မြန်မာ့ ကလေးငယ်များနှင့်     ဆယ်ကျော်သက် အရွယ်များတွင် လုံလောက်သောကာယ ကြံ့ခိုင်မှု    ရှိပါသလား။     ထိုသူများတွင် ကာယကြံ့ခိုင်မှုလေ့လာခြင်း” သုတေသန စာတမ်းနှင့် “မြန်မာနိုင်ငံရှိ ကိုယ်လက်  လှုပ်ရှားမှုနည်းသော အရွယ်ရောက်ပြီး သူများအတွင်း ပြင်းထန်သော အချိန်ပိုင်း လေ့ကျင့်မှု      လေ့ကျင့်ခန်း၊      ခံနိုင်ရည်  လေ့ကျင့်ခန်းနှင့် အာဟာရပြည့်ဝအောင်  အစားအသောက်     ပုံစံပြောင်းလဲမှုတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းမှုနှင့်    နှလုံးနှင့်     ဇီဝ ဖြစ်စဉ်ဆိုင်ရာ  တုံ့ပြန်မှုအပေါ် အကျိုး သက်ရောက်မှုကိုလေ့လာခြင်း”  သုတေ သနစာတမ်းတို့ကို အားကစားနှင့်ကာယ  ပညာဦးစီးဌာနမှ         ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးက    လည်းကောင်း၊  “သွားညှိကုသမှုတွင်   အပေါ်အစွယ်သွား ၏    လျင်မြန်သော    သွားရွေ့လျားမှုကို နည်းလမ်းနှစ်မျိုးဖြင့်      ဆေးလက်တွေ့ သုတေသန နှိုင်းယှဉ်ပြုလုပ်ခြင်း” သုတေ သနစာတမ်းကို          သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ မျိုးဇင်ဦးကလည်းကောင်း       ဖတ်ကြား တင်ပြကြသည်။ စာတမ်းဖတ်ပွဲသို့ ဘာသာ ရပ်ဆိုင်ရာပညာရှင်များ၊ သုတေသီများ ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး တက် ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေး  အကြံပြုခဲ့ကြကြောင်း သိရသည်။                          

သတင်းစဉ်