(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲနှင့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မော်လမြိုင် မတ် ၁၉ ၂၀၂၂ ခုနှစ် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့ အထိမ်း အမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင် ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပ သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကို​မောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဂုဏ်​ဆောင်ဆုရရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်​တော်များ တက်​ရောက်ကြသည်။ ရှေးဦးစွာ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပြီး ခင်းကျင်းပြသထားသော ပြခန်း ၅၃ ခန်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ နိုင်ငံတော်အလံကို အလေးပြု ထို့​နောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ သဘာပတိ အဖွဲ့ဝင်များအဖြစ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်း၊ မွန်ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် ပြည်နယ်ဥပ​ဒေချုပ် ဦးမြင့်​အောင် တို့က ဆောင်ရွက်ကြပြီး တက်ရောက်လာသူများနှင့် အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၄၈) နှစ် မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက ဖတ်ကြား သည်။ မိန့်ခွန်းပြောကြား ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းက (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်း အမှတ် မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကို​မောင်၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ တို့က(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်း အမှတ် ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများဖြစ်သည့် စီးပွားရေးထူးချွန်ဆု၊ စက်မှုလက်မှုထူးချွန်ဆု၊ မွေးမြူ ရေး ထူးချွန်ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ စီမံခန့်ခွဲရေး ထူးချွန်ဆု၊ ဝန်ဆောင်မှုထူးချွန်ဆု၊ ပညာရေးနှင့် ကျန်းမာရေးထူးချွန်ဆု၊ လူမှုရေးထူးချွန်ဆု၊ သဘာဝ ပတ်ဝန်းကျင်ထူးချွန်ဆု၊ သုတေသနလုပ်ငန်းထူးချွန် ဆု၊ လုံခြုံရေးအေးချမ်းသာယာရေးနှင့် ဥပဒေစိုးမိုးရေး ထူးချွန်ဆုရရှိသူ စုစုပေါင်း ၅၁ ဦးကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးလင်း ရေးလုပ်ငန်းတွင် အသုံးပြုရန် ဆိုလာအစုံ ၁ဝဝ ကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူ သည်။ ဆက်လက်၍ ‌မုဒုံမြို့နယ် မွန်ယဉ်ကျေးမှုအဖွဲ့က မွန်တို့ အားမာန်(မွန်ဘာသာ) တေးသီချင်းဖြင့် လည်း ကောင်း၊ ကျိုက်မရောမြို့နယ် ကရင်ယဉ်ကျေးမှု အဖွဲ့က စုပေါင်းညီညာအောင်ကြောင်းဖြာ (ကရင် ဘာသာ)တေးသီချင်းဖြင့်လည်းကောင်း၊‌ ပေါင်မြို့နယ် ပအိုဝ်းယဉ်ကျေးမှုအဖွဲ့က ယဉ်ကျေးမှုကို ထိန်းသိမ်း ပါ (ပအိုဝ်းဘာသာ) တေးသီချင်းဖြင့် လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြပြီး တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆု​ငွေများ ပေးအပ်ချီးမြှင့်ကြသည်။ မွန်ပြည်နယ်သည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်​လေးစားမှုရှိ​ရေး၊ စကား၊ စာ​ပေ၊ အနုပညာ၊ ယဉ်​ကျေးမှု၊ ရိုးရာဓ​လေ့ထုံးတမ်းများ၊ တိုင်းရင်းသား လူမျိုးများ၏ ပညာ​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေးနှင့် လမ်းပန်းဆက်သွယ်​ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေး အတွက် အထူးအ​လေး​ပေးဆောင်ရွက်​လျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်