(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

 

စစ်တွေ  နိုဝင်ဘာ ၁၈


(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကို   ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ်    ဒေသဆိုင်ရာ စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက် ရေး   သုတေသနစာတမ်းဖတ်ပွဲ ကို ယနေ့နံနက်ပိုင်းက   စစ်တွေ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်    တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့်   တက္ကသိုလ်မှ ဆရာ   ဆရာမများ၊    စာတမ်း ဖတ်ကြားကြမည့် ပညာရှင်များနှင့် ကျောင်းသား   ကျောင်းသူများ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ   အခမ်းအနားကို စစ်တွေတက္ကသိုလ်မှ     ဆရာ ဆရာမများနှင့်    ကျောင်းသား ကျောင်းသူများက       စစ်တွေ တက္ကသိုလ်ဂုဏ်ရည်ကို  သီကုံး ဖွဲ့ဆိုထားသော      ဘဝမီးအိမ် ထွန်းညှိရာမြေ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ 
ထို့နောက်    ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာ   အောင် ကျော်မင်းက ယခုနှစ်တွင် ထူးထူး ခြားခြား အစီအစဉ်တစ်ရပ်အဖြစ် ရခိုင်ပြည်နယ်နေ့ကို     ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဒေသဆိုင် ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး  သုတေသနစာတမ်းဖတ်ပွဲ (1st  Regional  Conference   on Sustainable  Development Rakhine State) RCSD ကို ပထမ ဆုံးအကြိမ်    နှစ်ရက်တိုင်တိုင် ပြုလုပ်မည်ဟု သိရသည့်အတွက် ပွဲဖြစ်မြောက်အောင် ကူညီပံ့ပိုး ပေးသော ရခိုင်သဟာယအသင်း နှင့် လက်ခံကျင်းပသော စစ်တွေ တက္ကသိုလ် အပါအဝင် ပံ့ပိုးဆောင် ရွက်သူအားလုံးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်  ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ      ကိုယ်စား အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲ ပြုလုပ် ခြင်းအားဖြင့်    ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသော ဆန်းသစ်ကောင်းမွန်သည့် အသိ ပညာများရရှိပြီး      ပြည်နယ်၏ အရေးပါသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းများ     တိုးတက်လာရန် ရည်ရွယ်မျှော်မှန်းထားပါကြောင်း နှင့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ ဆရာမများ အနေဖြင့်လည်း အရည်အချင်း ထက်မြက်လာပြီး ပိုမိုကောင်းမွန်    အသုံးဝင်သည့် သုတေသနလုပ်ငန်းများ   ဆောင် ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့် ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍       စစ်တွေ တက္ကသိုလ်         ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က သုတေ သနစာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရခိုင်သဟာယ အသင်းမှ ဒေါက်တာ ဇေယျဦးက သုတေသန စာတမ်းဖတ်ပွဲကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်ထားရှိ မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

 


ရခိုင်ပြည်နယ်အတွင်း၌   ရှိ သည့် တက္ကသိုလ်၊ ကောလိပ်များ က ဆရာ  ဆရာမများအနေဖြင့် တက္ကသိုလ်အချင်းချင်း ချိတ်ဆက် ပြီး မိမိနှင့်သက်ဆိုင်သည့် ပညာ ရပ်နယ်ပယ်တွင်    ပိုမိုဆန်းသစ် ကောင်းမွန်သော နည်းပညာများ ရရှိလာနိုင်စေရန်၊ ဆရာ  ဆရာမ များ၏ သုတေသန အရည်အသွေး များ ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ရန်နှင့် သုတေသနလုပ်ငန်း များမှ  ရရှိလာသည့် သုတေသန  ရလဒ်များကို    ရခိုင်ပြည်နယ် အတွင်းရှိသော  စီးပွားရေးလုပ်ငန်း ရှင်များ၊   စိုက်ပျိုးရေး၊ မွေးမြူရေး   လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး  အသေးစားစက်မှု၊ လက်မှုလုပ်ငန်း များ၊   လယ်ယာစိုက်ပျိုးရေးနှင့်    မွေးမြူရေးလုပ်ငန်းများတွင် လက် တွေ့အသုံးချနိုင်ရန်    ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။

 


အဆိုပါ   စာတမ်းဖတ်ပွဲတွင် Key note Speaker ခြောက်ဦးက စာတမ်း   ခုနစ်စောင်၊  စစ်တွေ တက္ကသိုလ်က စာတမ်း ၁၂ စောင် နှင့် ကွန်ပျူတာတက္ကသိုလ် (စစ် တွေ)က စာတမ်း  ငါးစောင်တို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်