(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်  အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကျင်းပ

 

 

နေပြည်တော်  ဒီဇင်ဘာ  ၁၄
(၄၇)နှစ် မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်     အမျိုးသား၊  အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို    ယနေ့ နံနက်ပိုင်းတွင်     စစ်တွေမြို့ ကမ်းနားလမ်းရှိ စာတိုက်ကြီးရှေ့၌ ကျင်းပရာ  ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ    တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ  တက်ရောက် ကြသည်။
ဦးစွာ    ပြိုင်ပွဲအမျိုးအစား အလိုက်     ပြိုင်ပွဲဝင်အားကစား သမားများက မီနီမာရသွန်ပြိုင်ပွဲ ကို   ယှဉ်ပြိုင်ကြရာ   ပြည်နယ် ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တက် ရောက်လာကြသူများက ကြည့်ရှု အားပေးကြသည်။    ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က  ဆုတံဆိပ်နှင့်   ဂုဏ်ပြုဆုငွေ များ    ပေးအပ်ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။      သတင်းစဉ်