(၄/ ၂၀၂၂) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် လုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြု

 

နေပြည်တော်   အောက်တိုဘာ   ၂၁  


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ အစည်းအဝေးသို့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် ဆောင်ရွက် ဆဲ  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခု ၏    မတည်ငွေရင်း   တိုးမြှင့်ခြင်း အပါအဝင် လျှပ်စစ်ကဏ္ဍ၊   စက်မှု ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ် နှင့်ခရီးသွားကဏ္ဍ၊   ဝန်ဆောင်မှု ကဏ္ဍနှင့်   အိမ်ရာအဆောက်အဦ ကဏ္ဍတို့မှ  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သစ်  ၁၃ ခုကို  ခွင့်ပြုပေးခဲ့သည်။ အဆိုပါ   လုပ်ငန်းများ၏  ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၉၈ ဒသမ ၀၁၇ သန်းနှင့် ငွေကျပ်  ၁၆၇၃၆၆ ဒသမ ၃၉၉ သန်းဖြစ်ပြီး    ပြည်တွင်းအလုပ် အကိုင် အခွင့်အလမ်းပေါင်း ၅၆၈၅ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ယနေ့အစည်းအဝေးက  ခွင့်ပြုခဲ့ သောလုပ်ငန်းများတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်   အမျိုးအစား လျှပ်စစ်ဓာတ်အား    ထုတ်လုပ် ခြင်းလုပ်ငန်းများလည်း    ပါဝင် သည်။
၂၀၂၂    ခုနှစ်   စက်တင်ဘာလ ကုန်အထိ       မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်     နိုင်ငံ/ ဒေသပေါင်း ၅၂ ခု အနက် ရင်းနှီး မြှုပ်နှံမှု     အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ  စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့်     ထိုင်းနိုင်ငံတို့ ဖြစ်ပြီး     စီးပွားရေးကဏ္ဍ ၁၂ ခု အနက်     အများဆုံးရင်းနှီးမြှုပ်နှံ ထားသည့်ကဏ္ဍများမှာ    လျှပ်စစ် ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ ၂၈  ဒသမ  ၂၁  ရာခိုင်နှုန်းဖြင့် လည်းကောင်း၊    ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင်     စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏   ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့်     လည်းကောင်း၊ ကုန်ထုတ်လုပ်မှု        ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။ 

 


မြန်မာနိုင်ငံ    ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက   တင်ပြလာ သည့်    ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာ များကို        စိစစ်ခွင့်ပြုခြင်းကို လည်းကောင်း၊    လက်ရှိရင်းနှီး မြှုပ်နှံသူများအတွက်      ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ  ဝန်ဆောင်မှုများကို လည်းကောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ      ဆောင် ရွက်ပေးလျက်ရှိကြောင်း     သိရ သည်။                  

သတင်းစဉ်