(၃၉) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ    ၂၂ 
(၃၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်း မှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေး (39th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI )  ကို ယနေ့တွင်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်  တက်ရောက်သည်။(ယာပုံ)
အစည်းအဝေးတွင်   ဘရူနိုင်းနိုင်ငံ   အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးအကောင်အထည်ဖော်‌ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ၊ အာဆီယံ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်   အကောင်အထည်ဖော်မှုအခြေ အနေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) ၂၀၂၅    လမ်းပြမြေပုံကာလလယ်    သုံးသပ်ချက် ဆောင်ရွက်မှုအခြေအနေ၊   ၂၀၂၅  ခုနှစ်    အလွန် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်၊ စတုတ္ထ စက်မှုအသွင် ကူးပြောင်းရေးမူဘောင်  အကောင် အထည်ဖော်ရန်ကိစ္စရပ်များ၊      အာဆီယံအနေဖြင့်  ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့်        စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု      တိုးချဲ့မည့်      အစီအစဉ်၊ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ  အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့်  ၂၀၂၁ ခုနှစ် မတ် ၂ ရက်တွင်  ကျင်းပမည့်   (၂၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ   သီးသန့်အစည်း အဝေးသို့ တင်ပြမည့် အာဆီယံ စီးပွားရေးပေါင်းစည်း မှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အကြံပြုချက် များကို ဆွေးနွေးကြသည်။
ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ယခုအစည်းအဝေး     ကျင်းပပေးသည့်အတွက် ဘရူနိုင်းနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် အိမ်နီး ချင်း    နိုင်ငံများနှင့်  အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ ဖြင့် ဆက်ဆံသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကမ္ဘာ့ ကုလသမဂ္ဂ၊ ဘင်းစတက်နှင့် မဲခေါင်အဖွဲ့အစည်းများ စသည့် ဒေသတွင်းနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက် မှုများတွင်လည်း တက်ကြွစွာပါဝင်လုပ်ဆောင်သွား မည်ဖြစ်ပါကြောင်း၊  လက်ရှိ  ဆောင်ရွက်နေသည့် နှစ်နိုင်ငံနှင့် နိုင်ငံစုံစာချုပ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားမည်        ဖြစ်ကြောင်း  ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် စင်ကာပူနိုင်ငံ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်   Mr. Gabriel Lim က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး   အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များ၊    အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ   ဒုတိယ အတွင်းရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ   ပါဝင် တက်ရောက်ကြသည်။ 
သတင်းစဉ်