“(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှု မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

 

နေပြည်တော်  ဇူလိုင်   ၂၇


လူငယ်လူရွယ်များနှင့်    ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟု သုတ     တိုးပွားစေရန်အပြင်    ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့်   မိဘပြည်သူများ အတွက်     “(၃၈)ဖြာ    မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို    မေ  ၂၁  ရက်မှ စတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ   ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသ လျက်ရှိသည်။

 


အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များ အနက်  ဘဝတိုးတက်ရေးအတွက် အဆုံးအမ များစွာပါဝင်သည့်    ဂါရဝေါစ၊   နိဝါတောစ (ရိုသေထိုက်သူ ရိုသေခြင်း၊ မိမိကိုယ်ကိုယ်နှိမ့်ချ ခြင်း)အစီအစဉ်ကို  ဇူလိုင် ၃၀ ရက်  (စနေနေ့) ည ၉ နာရီတွင် ဆက်လက်ပြသမည်ဖြစ်သည်။

 


ယင်းတင်ဆက်မှုကို ရွှေနန်းတင်မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော် ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့် အတူ ရွှေဘုန်းကံ၊ ဒိုးဇက်၊ ထက်မြက်အောင်၊ ရန်ရှင်းမောင်၊ ဓာတ်လင်းနှင့် သဘင်ပညာရှင် များ၊ အနုပညာရှင်များက ပါဝင်တင်ဆက်ကြ မည်ဖြစ်သည်။

 


အဆိုပါအစီအစဉ်ကို    ဩဂုတ် ၃ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီ သတင်းအပြီးတွင်  ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း    သိရ သည်။                   

သတင်းစဉ်