
နေပြည်တော် ဇွန် ၁
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေး လိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေ ရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈) ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်နေ့မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း MRTV ၏ ည ၈နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ်များအနက် ဘဝတိုးတက်ရေးအတွက် အဆုံးအမများစွာ ပါဝင် သည့် “ဖုဋ္ဌဿလောက ဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ” (လောကဓံတရား ၈ ပါးကို ကျော်လွှားနိုင် ခြင်း) နှင့် “ပူဇာစ ပူဇနေယျာနံ” (ပူဇော်ထိုက်သူကို ပူဇော်ရခြင်း) အစီအစဉ် နှစ်ခုကို ဇွန် ၄ ရက် (စနေနေ့) ည ၉ နာရီခန့်တွင် ဆက်လက်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို နန်းတော်ရှေ့ဆရာတင်၏ မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသား ပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့် အတူ ရွှေဘုန်းကံ၊ စိုးစိုးစံ၊ ထက်မြတ်အောင်၊ ရန်ရှင်း မောင်၊ ဒိုးဇက်၊ ဓာတ်လင်း၊ ရွှေအိုး၊ ပေါက်ကျော် နှင့် သဘင်ပညာရှင်များ၊ အနုပညာရှင်များက ပါဝင် တင်ဆက်ကြမည်ဖြစ်သည်။
သတင်းစဉ်