(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ အသက် ၂၂ နှစ်အောက် မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့၏ ဘောလုံးပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   မေ    ၉


ကမ္ဘောဒီးယားနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့်   ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် အားကစား နည်းများအနက်  အသက် ၂၂ နှစ်အောက်  အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏   အုပ်စုအဆင့်ပြိုင်ပွဲများကို   ဧပြီ ၂၉ ရက်မှ စတင်ကျင်းပလျက်ရှိသည်။ 

 


အဆိုပါ   အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ၏   အုပ်စု(က)မှ  မြန်မာအမျိုးသားဘောလုံးအသင်းနှင့်  ဖိလစ်ပိုင်အသင်းတို့သည် မေ ၁၀ ရက်၊ ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်ကို  MRTV HD Channel ၊  MRTV Sports Channel ၊ MRTV Parliament Channel ၊ MRTV Farmers’ Channel နှင့် မြန်မာ့အသံ ရေဒီယိုတို့က တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်သည်။

                
သတင်းစဉ်