
နေပြည်တော် နိုဝင်ဘာ ၂၅
(၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ် ပစ်ပြိုင်ပွဲ (AARM-31)ကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့ တပ်မတော် သေနတ်ပစ်အသင်း လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။
ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းအနေဖြင့် ပစ္စတိုအမျိုးသား အသင်းတွင် ငါးဦး၊ ပစ္စတိုအမျိုး သမီးအသင်းတွင် ငါးဦး၊ ကာဘိုင် အမျိုးသားအသင်းတွင် ငါးဦး၊ ရိုင်ဖယ် အမျိုးသားအသင်းတွင် ငါးဦးနှင့် စက်သေနတ် အမျိုးသား အသင်းတွင် ငါးဦး စုစုပေါင်း သေနတ်ပစ်အားကစားသမား ၂၅ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစား ကြရာ အသင်းလိုက် အမှတ်ပေး ပြိုင်ပွဲတွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် ငါးခု၊ ထိလဲပြားပစ်ခတ်စဉ်ပြိုင်ပွဲ တွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခု တို့ရရှိခဲ့ ပြီး စုစုပေါင်း ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် ခုနစ်ခု ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံ အလိုက် စတုတ္ထအဆင့်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီး ဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး စိုးမင်းဦးနှင့် တပ်မတော် အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်