
နေပြည်တော် ဇွန် ၄
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သော ပိုက်ကျော်ခြင်း ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng phang နော်တောင်၊ ဦးမောင်းဟာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏(အကြံပေး) အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ် နှင့် ဒေါက်တာ ဆလိုင်းငွန်ကျုံး လျန်၊ အာရှပိုက်ကျော်ခြင်း ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အလုပ်အမှု ဆောင်များ၊ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း နည်းပြ၊ အုပ်ချုပ် သူများနှင့် အားကစားသမား မောင်/မယ်များ တက်ရောက် ကြသည်။
ဂုဏ်ပြုဆုချီးမြှင့်
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng phang နော်တောင်က (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော် ခြင်း အားကစားသမားများကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်း နည်းပြများ၊ (၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော် ခြင်း အားကစားသမားများ၊ (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသည့် ပိုက်ကျော် ခြင်း အားကစားသမားများနှင့် ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအားကစား သမားများကို လည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း အာကစားသမားများ၊ အုပ်ချုပ်သူ များ၊ နည်းပြများနှင့်အတူ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင် ကြသည်။
ဆုတံဆိပ်လေးခုရရှိ
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာပိုက်ကျော်ခြင်း အမျိုးသား အားကစားသမား ၁၀ ဦး၊ အမျိုး သမီး အားကစားသမား ကိုးဦး၊ အုပ်ချုပ်သူ၊ နည်းပြ ငါးဦး စုစု ပေါင်း ၂၄ ဦး သွားရောက်ယှဉ်ပြိုင် ခဲ့ပြီး အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ တွင် ကြေးတံဆိပ် တစ်ခု၊ အမျိုး သမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခုနှင့် အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ကြေး တံဆိပ် တစ်ခု စုစုပေါင်း ဆုတံဆိပ် လေးခု ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်