၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်း ဖွင့်လှစ်

 

နေပြည်တော်   ဧပြီ    ၂၉


 ၂ဝ၂၃ ခုနှစ်  တောင်ကြီးလူရည်ချွန်  အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနား ကို    ယနေ့    နံနက် ၉ နာရီတွင်  တောင်ကြီးတက္ကသိုလ်          ဘွဲ့နှင်း  သဘင်ခန်းမရှေ့၌ ကျင်းပသည်။

 


ဦးစွာ    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ  ညွန့်ဖေက   လူရည်ချွန်အပန်းဖြေ စခန်းဆိုင်းဘုတ်ကို    စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။

 


ထို့နောက်    ၂ဝ၂၃    ခုနှစ်    တောင်ကြီး လူရည်ချွန်အပန်းဖြေ စခန်းကို          ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊     ရှမ်းပြည်နယ် ဝန်ကြီးချုပ်     ဦးအောင်ဇော်အေး၊  ပြည်နယ်တရားလွှတ်တော် တရား  သူကြီးချုပ်၊  ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့်   အခြေခံပညာ  ဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ်တို့ က    ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေးကြ သည်။ (အောက်ပုံ)
ယင်းနောက်         ဒုတိယပိုင်း အခမ်းအနားကို     ဘွဲ့နှင်းသဘင် ခန်းမ၌      ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက     နိုင်ငံ တော်       စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်၏   ဩဝါ ဒစကား        လမ်းညွှန်မှာကြား ချက်များကို    လေးစားလိုက်နာ ကျင့်ကြံ        နေထိုင်သွားကြရန်       တိုက်တွန်း ပြောကြားလိုကြောင်း၊  လူရည်ချွန်  လူငယ်မောင်မယ်များ လူရည်ချွန်စခန်းများတွင် စခန်းချ  နေထိုင်စဉ်ကာလအတွင်း ပညာရေး  ဆိုင်ရာ   ဟောပြောပွဲများ၊  စာပေ ဗဟုသုတ နှီးနှောဆွေးနွေးခြင်းများ၊    ပတ်ဝန်းကျင်ပြည်သူ့ဘဝ လေ့လာ ရေးနှင့်  ဒေသလုပ်ငန်းများ၊ ဒေသ  ထွက်ကုန်များနှင့် ဒေသခံများ၏  ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊   လက်မှုပညာများနှင့်   ဒေသန္တရ ဆိုင်ရာဗဟုသုတများကို  လေ့လာ  ဆည်းပူးခွင့် ရရှိမည်ဖြစ်ကြောင်း။ 

 


လူရည်ချွန် လူငယ်မောင်မယ် များအနေဖြင့်       ကျောင်းသား ကျောင်းသူများ၏            စံနမူနာပြ လူငယ်များ     ပေါ်ထွန်းလာစေရန် စသည့်အချက်များနှင့်        ပြည့်စုံ အောင်          ကြိုးစားသွားကြစေလို  ကြောင်း၊ ဆက်လက်သင်ယူရမည့် ပညာရပ်နယ်ပယ်များတွင် ထူးချွန် ထက်မြက်အောင်           ဆက်လက်  အားထုတ်             ကြိုးပမ်းကြရန်နှင့်  တတ်မြောက်ထားသည့်     အသိ ပညာအတတ်ပညာများဖြင့်  မိမိ တို့ ဒေသ၊ ဌာန၊   အဖွဲ့အစည်းကို ကောင်းမွန်စွာ ခေါင်းဆောင်မှုပေး နိုင်သည့် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်ကောင်း   ဖြစ်အောင်      ရည်မှန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း  ပြောကြားသည်။

 


ထို့နောက်     ပြည်နယ်ဝန်ကြီး ချုပ်က           နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးက   လူရည်ချွန်  ကျောင်း သားတစ်ဦးကို      လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန် ကျောင်းသူတစ်ဦးကို            လည်း ကောင်း၊    အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က    လူရည် ချွန်မောင်မယ်       နှစ်ဦးကိုလည်း ကောင်း                  ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးအပ်ကြကြောင်း သိရ သည်။ (အပေါ်ပုံ)        

သတင်းစဉ်