၂ဝ၂၂ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂျူဒိုအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၁၉


၂ဝ၂၂ ခုနှစ်   တပ်မတော်  (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို  ယနေ့နံနက်ပိုင်းတွင်    သက်ဆိုင် ရာ    အားကစားနည်းများအလိုက် သတ်မှတ်ထားသော    အားကစား ကွင်း/ရုံများ၌     ဆက်လက်ကျင်းပ ပြုလုပ်ပြီး တပ်မတော်ဂျူဒို အားကစားပြိုင်ပွဲမှ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို   ယနေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိ       အားကစားရုံ(A) ၌ ကျင်းပသည်။

 


ဆုပေးပွဲသို့       ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ        ဒုတိယ ဗိုလ်ချုပ်ကြီး         လင်းအောင်၊ တပ်မတော်     အရာရှိကြီးများနှင့် ပြိုင်ပွဲဝင်  အားကစားအသင်းများမှ အားကစားသမားများ      တက် ရောက်ကြည့်ရှု အားပေးသည်။

 


 ဆုများပေးအပ်


  ဦးစွာ     အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ        ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲကို     ဆက်လက်ကျင်းပရာ အသင်းလိုက်ပြိုင်ပွဲတွင်       ပထမ၊ ဒုတိယနှင့်          တတိယရရှိသူကို  တပ်မတော်ဂျူဒို ကော်မတီအတွင်း ရေးမှူးဗိုလ်မှူးကြီး အောင်ကျော်မိုး  က လည်းကောင်း၊ ပြိုင်ပွဲအလိုက် တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်း များနှင့်     တစ်ဦးချင်းအကောင်းဆုံး ဆုရရှိသူများကို     တပ်မတော်ဂျူဒို ကော်မတီဥက္ကဋ္ဌ        ဗိုလ်ချုပ် အောင်မျိုးသန့် က     လည်းကောင်း ဆုများ ပေးအပ်ကြသည်။

 


  ထို့နောက်   ဂျူဒိုအားကစား ပြိုင်ပွဲတွင်  ရွှေတံဆိပ်၂၁ ခု၊  ငွေ တံဆိပ်   ခြောက်ခု ၊    ကြေးတံဆိပ် ခြောက်ခုဖြင့်   အမျိုးသား   အမျိုး သမီး  စုပေါင်းတံခွန်စိုက်    ဒိုင်းဆု ရရှိသော  မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်အသင်းအား        တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး  လင်းအောင် က     အမျိုးသား/    အမျိုးသမီး စုပေါင်းတံခွန်စိုက်    ဒိုင်းဆုနှင့် ဆင့်ပွားဒိုင်းဆုကို     ပေးအပ်ချီးမြှင့် သည်။

 


ပြိုင်ပွဲများယှဉ်ပြိုင်


ထို့ပြင်  တပ်မတော်  (ကြည်း၊ ရေ၊လေ)       အားကစားပြိုင်ပွဲများ ဖြစ်သည့်          လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ    စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ           တပ်နယ် အားကစားခန်းမ၌     ၅၁    ကီလို လူသစ်တန်း (ဗိုလ်လုပွဲ )၊ ၆ဝ ကီလို လူသစ်တန်း(ဗိုလ်လုပွဲ )၊ ၇၅ ကီလို  လူသစ်တန်း(ဗိုလ်လုပွဲ)၊  ၈၀ ကီလို လူသစ်တန်း (ဗိုလ်လုပွဲ)၊ ၅၇ ကီလို (က)    အဆင့်   (အကြိုဗိုလ်လုပွဲ)၊ ၇၅ ကီလို (က) အဆင့် (ဗိုလ်လုပွဲ)၊  ၈၀ ကီလို (က) အဆင့် (ဗိုလ်လုပွဲ)၊ ၄၈ ကီလို အလွတ်တန်း(ဗိုလ်လုပွဲ)၊ ၅၇ ကီလို   အလွတ်တန်း    (အကြို ဗိုလ်လုပွဲ)  နှင့်  ၇၅ ကီလို  အလွတ် တန်း    (အကြိုဗိုလ်လုပွဲ)    တို့ကို လည်းကောင်း၊     ဇေယျာသီရိ တပ်မတော်      အားကစားကွင်း၌ ပြေး၊ ခုန်၊  ပစ်   ပြိုင်ပွဲမှအမျိုးသား/အမျိုးသမီး  မီတာ ၁၅၀၀ ပြိုင်ပွဲ၊ အမျိုးသား/   အမျိုးသမီး    မီတာ ၁၁၀   တန်းကျော်ပြိုင်ပွဲ၊   သုံးဆင့် ခုန်ပြိုင်ပွဲ၊        သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး      မီတာ ၁၀၀    ပြိုင်ပွဲ၊    သုံးဆင့်ခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ မီတာ ၁၀၀ တန်း ကျော်ပြိုင်ပွဲ၊      အမျိုးသား/ အမျိုး သမီး မီတာ ၄၀၀ လေးယောက်တွဲ လက်ဆင့်ကမ်း     ပြိုင်ပွဲလူရွေးပွဲ နှင့်    ဗိုလ်လုပွဲစဉ်များကို   လည်း ကောင်း၊      ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ       အားကစားရုံ (B)၌       အမျိုးသား/အမျိုးသမီး အကြိုဗိုလ်လုပွဲ     ပြိုင်ပွဲစဉ်များကို လည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲ ကို ဇေယျာသီရိအားကစားရုံ(C)၌ ပညာစွမ်းရည်ပြပြိုင်ပွဲ၊  အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ၊     အမျိုးသား ပန်ကြပ်ဆီးလပ်     အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက်       ပြိုင်ပွဲ၊ ဓားနှစ်လက်အတိုက် ပြိုင်ပွဲများကို လည်းကောင်း၊      ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)   ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ    အသက် ၂၅ နှစ်အောက် သုံးယောက်တွဲအဖွဲ့ လိုက်         အုပ်စုပတ်လည်ပွဲစဉ် များနှင့်    ကရာတေးဒိုပြိုင်ပွဲတွင် အသင်းလိုက်ကုမိတဲ့        ပြိုင်ပွဲများ ကိုလည်းကောင်း     ယှဉ်ပြိုင်ကစား ကြသည်။

 


   ဘောလုံးပြိုင်ပွဲ


အလားတူ      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဖလား(ခ)အဆင့်   ဘောလုံးပြိုင်ပွဲ   တတိယ လုပွဲကို       အမှတ်(၉၉)    ခြေမြန် တပ်မဌာနချုပ်         ကိုယ်စားပြု အသင်းနှင့်             အနောက်တောင် တိုင်းစစ်ဌာနချုပ်       ကိုယ်စားပြု အသင်းတို့သည်   ယနေ့ညနေပိုင်း တွင်       ဇေယျာသီရိတပ်မတော် အားကစားကွင်း၌       တတိယ နေရာလုပွဲစဉ်အဖြစ်       ဆက်လက် ယှဉ်ပြိုင်ကစားကြရာ     အမှတ် (၉၉)       ခြေမြန်တပ်မဌာနချုပ်        ကိုယ်စားပြုအသင်းက    အနောက် တောင် တိုင်းစစ်ဌာနချုပ်      ကိုယ်စားပြုအသင်းကို    နှစ်ဂိုး- တစ်ဂိုးဖြင့်  အနိုင်ရရှိသည်။

 


အဆိုပါ   အားကစားပြိုင်ပွဲများ သို့       ကာကွယ်ရေးဦးစီးချုပ်ရုံး မှ      တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊      စစ်သည်၊    မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊      ပြိုင်ပွဲဝင်အား ကစားသမားများနှင့်     အားကစား ဝါသနာရှင်များ        တက်ရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။      

သတင်းစဉ်