၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

 

အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင် ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ 
စာပေပညာရှင် ဆရာကြီး ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ စာပေပညာရှင်ဆရာကြီး 
ဒေါက်တာမျိုးသန့်တင်၊ စာပေပညာရှင် ဆရာမကြီး ဒေါက်တာမတင်ဝင်း တို့ရရှိ
 

 

နေပြည်တော် အောက်တိုဘာ ၂၈


ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုး ကို   ထူးချွန်ပြောင်မြောက်စွာ  တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့သော   ဆောင်ရွက် ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသော အားဖြင့် စာပေပညာရှင်ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊        စာပေပညာရှင် ဆရာကြီး ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ မျိုးသန့် တင်၊   စာပေပညာရှင် ဆရာမကြီး ဒေါက်တာ မတင်ဝင်းတို့အား    ၂ဝ၂၁  ခုနှစ်အတွက် အမျိုးသား   စာပေတစ်သက်တာဆုရှင်များ အဖြစ်ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။

 


ထိုနည်းတူ    အမျိုးသားစာပေဆု  စိစစ်ရွေးချယ်ရေးကော်မတီသည်   ၂ဝ၂၁  ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ် ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ် များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာ သည်။

 


ဝတ္ထုတိုဆုတွင် မင်းခိုက်စိုးစန် ရေးသားသည့် ဂျစ်ကန်ကန်ဝတ္ထုတို များစာအုပ် (ငါတို့စာပေတိုက်)၊ စာပဒေသာဆုတွင်  စိုးတင့်(ဧရာဝတီ) ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံစာအုပ် (နိုင်ငံ့ဂုဏ်ရည် စာပေ တိုက်)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆုတွင် ရွှေကူနန်းနွဲ့နွဲ့ ရေးသား သည့် ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ၏ မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ  လေ့လာခြင်းစာအုပ်  (သစ္စာရောင်ခြည်စာပေ တိုက်)၊ လူငယ်စာပေဆုတွင် အကြီးကိုကို(ကသာ)ရေးသားသည့် လူငယ် ၁ဝဝ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ စာအုပ် (အကြီးကိုကိုစာအုပ်တိုက်)၊ ဘာသာပြန်(သုတ)ဆုတွင်   သက်ဆွေ  ရေးသားသည့်  အရှက်တကွဲ အကျိုးနည်းစာအုပ် (Myanmar Heritage Publishing)၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပန်းတနော်ခင်မောင်မြင့် ရေးသားသည့် ရာမည စာအုပ် (ဇွန်ပန်းမွှေးမွှေးစာပေတိုက်)၊   သုတပဒေသာ  (အသုံးချသိပ္ပံ)ဆုတွင် ဒေါက်တာသန်းထိုက်   ရေးသားသည့်  သိပ္ပံနည်းကျဒေတာလမ်းပြ စားသောက်ကုန် တာရှည်ခံထိန်းဓာတုပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစွာ အသုံးပြုနည်းစာအုပ် (MCM Publishing )၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Maw Thar  Htwe (Mandalay) ရေးသားသည့် GLOBAL PERSPECTIVE VIEWS ON ENERGY AND ELECTRICITY စာအုပ် (Tha Zin – Sar Pay)၊  အင်္ဂလိပ်ဘာသာ(ရသ)ဆုတွင် Maung Swe Ngae ရေးသားသည့် Through the Window of Sarpay Beikman စာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်) တို့ကို ရွေးချယ်ကြောင်း ကြေညာ သည်။

 


အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁ဝဝ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆုများကိုတစ်ဆုလျှင် ငွေကျပ် သိန်း ၃ဝ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 


အမျိုးသားစာပေစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊   အတတ်ပညာရှင်များနှင့်  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၈ ဦးဖြင့် ဖွဲ့စည်း ထားပြီး  သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊    အတည်ပြုအဆင့်ဟူသော   အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

 


ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ အတွင်း ရေးမှူး တယ်လီဖုန်းအမှတ် ဝ၁-၂၄ဝဝ၄၈ နှင့် စီမံရေးရာ တယ်လီဖုန်း အမှတ် ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅x၈) လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့်   ပတ်စပို့အရွယ်   ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ် အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

 


 အဆိုပါဆုများကို   ၁၃၈၄  ခုနှစ်၊   နတ်တော်လဆန်း  ၁  ရက် (စာဆိုတော်နေ့)၊ ၂၀၂၂  ခုနှစ်  နိုဝင်ဘာလ ၂၃ရက် (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ   ချီးမြှင့်ပွဲအခမ်းအနားတွင်  ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် ကျင်းပမည့် အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်