(၂၈) ကြိမ်မြောက် အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

ရန်ကုန်  အောက်တိုဘာ ၁၄ 


အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးဖြစ်သူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင် သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယား နိုင်ငံ  ဖနောင်ပင်မြို့၌  အောက်တိုဘာ  ၁၂  ရက်မှ ၁၄   ရက်အထိ   ကျင်းပခဲ့သည့် (၂၈) ကြိမ်မြောက် အာဆီယံ   လူမှုရေး  -  ယဉ်ကျေးမှု  အသိုက်အဝန်း ကောင်စီဝန်ကြီးများအစည်းအဝေး (28th Meeting of the ASEAN Socio – Cultural Community (ASCC) Council) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်း တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

 


ကမ္ဘောဒီးယားနိုင်ငံ       ခရီးစဉ်ကာလအတွင်း အာဆီယံ   လူမှုရေး  -  ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo HUN SEN အား တွေ့ဆုံနှုတ်ဆက်ဂါရဝပြုခဲ့ကြပြီး(ယာပုံ) ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့ကြသည်။ 

 


ပြည်ထောင်စုဝန်ကြီး  ဦးကိုကို  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်       မြန်မာနိုင်ငံသို့ ပြန်လည်မထွက်ခွာမီ    ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး      ဦးသစ်လင်းအုန်းနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီမှ  ဆက်ကပ်သည့် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ကမ္ဘောဒီးယားနိုင်ငံ၊   သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက်ပရယ် အဂ္ဂမဟာသံဃရာဇာဓိပတိ တပ်ဗုံ အား  သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းပြီး  သာသနာတော်ဆိုင်ရာ ကိစ္စရပ်များ ကို လျှောက်ထားခဲ့ကြောင်း သိရသည်။

သတင်းစဉ်