၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊  ဧပြီ ၂၇ ရက် မွန်းလွဲ  ၁  နာရီတွင်  ပြန်ကြားရေးဝန်ကြီးဌာန၊   ဝန်ကြီးရုံး  စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


(ယမန်နေ့မှအဆက်)


Sky Net Media မှ ထုတ်လုပ်သူ ဦးသွင်ထူးအောင်က ၂၀၂၃ ခုနှစ် တွင်  ရွေးကောက်ပွဲကျင်းပရန်ရှိသည်ဟု  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံခြားသတင်းထောက်များကို ပြောကြား ထားခြင်းကြောင့် ရွေးကောက်ပွဲအတွက် စီမံဆောင်ရွက်ချက်များကို သိလိုကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် အိန္ဒိယအစိုးရက ကူညီမှုများဆောင်ရွက်ပေးသွားမည်ဟုလည်း သိရ၍ မည်သို့ကူညီသွား မည်ကို သိလိုကြောင်း၊ ဆက်လက်၍ ရွေးကောက်ပွဲကျင်းပမည့်စနစ်ကို သိလိုကြောင်း၊ PR စနစ်ကို အတည်ပြုလိုက်ပြီလား သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက  ရွေးကောက်ပွဲကို  ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း ပြော ကြားခဲ့သလို ၂၀၂၃ ကိုမျှော်မှန်း၍ မိမိတို့ ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ အရေးကြီးသည်မှာ မဲစာရင်း ဖြစ်သည့်အတွက် အခြေခံလူဦးရေပြုစုခြင်းနှင့်ပတ်သက်၍ မိမိတင်ပြ ခဲ့သလို  ဆောင်ရွက်လျက်ရှိကြောင်း၊   ထို့အတူ  အခြေခံမဲဆန္ဒရှင် စာရင်းများပြုစုခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမူဘောင် ဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများကို နောက်ကျင်းပမည့် ရွေးကောက်ပွဲ အတွက် မိမိတို့သည် ယခင်အတွေ့အကြုံများအပေါ်မူတည်၍ လိုအပ် သည့်ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ် အပါအဝင် အခြားလိုအပ်သည့် အုပ်ချုပ်မှုကိစ္စများကို မိမိတို့အနေဖြင့် ယခုအချိန်တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊   အိန္ဒိယ နိုင်ငံအစိုးရအနေဖြင့် မိမိတို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်   ပူးပေါင်းဆောင်ရွက်နေမှုများရှိကြောင်း၊    ECI – Election  Commission of India နှင့်လည်း ယခင်ကတည်းက ပူးပေါင်းဆောင် ရွက်မှုများရှိကြောင်း၊ အခြားနိုင်ငံများ၏ ရွေးကောက်ပွဲကော်မရှင်များ၊   အခြားနိုင်ငံအစိုးရများနှင့်လည်း   ဆက်သွယ်ဆောင်ရွက်မှုများရှိ ကြောင်း၊   အိန္ဒိယနှင့်ပတ်သက်၍   ပြီးခဲ့သည့်ကာလများတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝန်ထမ်း  ၂၀၀ ကို အိန္ဒိယနိုင်ငံ၌ ၁၀၀၊ မိမိတို့နိုင်ငံ၌ ၁၀၀ လူ ၂၅ ဦးစီ လေးသုတ်ခွဲ၍ သင်တန်းပို့ချခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအပတ်အတွင်းတွင်လည်း အိန္ဒိယသံအမတ်ကြီးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌနှင့် နောက်ထပ်ပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်၊   အိန္ဒိယနိုင်ငံအစိုးရ၊   အခြားနိုင်ငံအစိုးရ များနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  PR စနစ်နှင့်ပတ်သက်၍ သက်ဆိုင်သည့် State Holder များဖြစ်သည့်  နိုင်ငံရေးပါတီများနှင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊  မေ၊  နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်  လေးကြိမ်တိုင်တိုင် ဆွေးနွေးပြီးဖြစ်ကြောင်း၊   ပထမနှစ်ကြိမ်  ဆွေးနွေးသည့်အခါတွင်    PR စနစ်ကို  အသုံးပြု ရန်အတွက်     သဘောတူညီချက်ရကြောင်း၊    တတိယအကြိမ် နိုဝင်ဘာလတွင်     PR စနစ်နှင့်ပတ်သက်သည့်    စာတမ်းများကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း၊  နောက်ဆုံးအကြိမ် ဒီဇင်ဘာလတွင် PR Design အနေနှင့်ပတ်သက်၍ မည်သည့် Design နှင့် မည်သို့ လုပ်မည်ဆိုသည်ကို  ပါတီများမှ  အသေးစိတ်စာတမ်းများဖတ်ပြီး ဆွေးနွေးသည့်အတွက် PR စနစ်ထဲမှ မိမိတို့မြန်မာနိုင်ငံနှင့်သင့်တော် သည့် List PR ဖြစ်သည့် Close List PR စနစ်ကို အသုံးပြုရန်အတွက် ဆွေးနွေးဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ထိုစနစ်ကို အသုံးပြုရန် အတွက်  လိုအပ်သည့်  ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေ ကြားသည်။

 


သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်နှင့် မဲပေးခြင်းမဟုတ်ဘဲ မဲဆလစ်များနှင့်မဲပေးခြင်းပြုခဲ့သည့်အတွက်ကြောင့် မဲမသမာမှုများ ဖြစ်ခဲ့ကြောင်းကို    သင်ခန်းစာယူခဲ့ပြီးဖြစ်ကြောင်း၊   လာမည့် ရွေးကောက်ပွဲတွင်လည်း မဲဆလစ်များနှင့်သာ မဲပေးခွင့်ပြုမည်လား၊ မှတ်ပုံတင်များနှင့် မဲပေးခွင့်ပြုမည်လား ရှင်းရှင်းလင်းလင်း သိလို ကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်  ရွေးကောက်ပွဲတွင်  မှတ်ပုံတင်ကတ်များ အသုံးမပြုခြင်း၊ သက်သေခံအထောက်အထား ကတ်ပြားများကို မပြခြင်း၊ Voter Slip ဟုခေါ်သည့် မဲဆလစ်များကိုသာ  အသုံးပြု သည့်အခါတွင်  မဲမသမာမှုများဖြစ်ခဲ့ကြောင်းကို  မိမိတို့  တွေ့ကြုံ ရကြောင်း၊   ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင်  သက်သေခံ အထောက်အထားဖြစ်သည့် နိုင်ငံသားကတ်များကို ပြသပြီးမှ မဲပေး ရန် မိမိတို့စီမံဆောင်ရွက်ထားကြောင်း ပြန်လည်ဖြေကြားသည်။

 


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို   ဦးလှသိန်း  တာဝန်ယူခဲ့သည့်အချိန် ကာလတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ သည့် နိုင်ငံရေးပါတီတချို့ရှိသည်ဟုသိရကြောင်း၊ ၎င်းပါတီများအနေ နှင့် ထိုပါတီများအထဲမှ ပြန်လည်ပြီး  နိုင်ငံရေးပါတီမှတ်ပုံတင်ပြန် လျှောက်သည့်ပါတီ မည်မျှရှိသလဲ၊ ခွင့်ပြုပေးပြီးသည့် နိုင်ငံရေးပါတီ မည်မျှ ရှိသလဲ၊  နိုင်ငံရေးပါတီ ၉၃ ပါတီတွင် တစ်ပါတီပယ်ဖျက်လိုက် သည့်အတွက်   ၉၂ ပါတီသာကျန်ကြောင်း၊   နောက်ထပ်အသစ် လျှောက်ထားသည့်ပါတီ မည်မျှရှိသလဲ သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများကို မိမိတို့က တည်ထောင်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း များကို နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် ပယ်ဖျက် သည့်ပါတီများရှိကြောင်း၊ ပယ်ဖျက်သည့်ပါတီဆိုရာတွင် ပယ်ဖျက် ရသည့် အကြောင်းအမျိုးမျိုးရှိကြောင်း၊ အကြောင်းမှာ ထိုပယ်ဖျက်ခံရ သည့်ပါတီများသည် မဲဆန္ဒနယ်သုံးနယ် ယှဉ်ပြိုင်ရကြောင်း၊ မယှဉ်ပြိုင် နိုင်၍ အပယ်ဖျက်ခံရသည်များလည်းရှိကြောင်း၊ သက်ဆိုင်ရာပါတီ ကိုယ်တိုင်က ပယ်ဖျက်ခွင့်ပြုပါဟု ပယ်ဖျက်ခွင့်တောင်း၍ ပယ်ဖျက်ရ ခြင်းလည်းရှိကြောင်း၊ အချို့ပါတီများကို မိမိတို့က ၂၄(ဂ)နှင့် ယာယီ ရပ်ဆိုင်းကြောင်း၊ ရပ်ဆိုင်းသည့်ကာလအတွင်း   သတ်မှတ်ထားသည့် ၎င်းပျက်ကွက်သည့် လုပ်ငန်းတစ်ခုကိုလုပ်ရန် ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကို မဆောင်ရွက်ခြင်းကြောင့် ပယ်ဖျက်ရခြင်းများလည်းရှိကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ကို ၂၀၁၀ တွင် ပြဋ္ဌာန်း  သည့်အခါ   အချို့  ယခင်ပါတီများသည် ပြန်လည်မှတ်ပုံတင်ရခြင်း များရှိကြောင်း၊ ထိုသို့မှတ်ပုံတင်သည့်အခါတွင် မှတ်ပုံမတင်သည့် အတွက်၊  သတ်မှတ်ချက်များ    ညွှန်ကြားချက်များ  ထုတ်ထားသည့် အတိုင်း မဆောင်ရွက်သည့်အတွက်  ပယ်ဖျက်ခံရသည့် ပါတီများ လည်းရှိကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၁၂ တွင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသည့် ပြဋ္ဌာန်းချက်များရှိကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ(၁၅)တွင် ဖော်ပြပါကိစ္စ များဖြစ်လျှင်  နိုင်ငံရေးပါတီကို ပယ်ဖျက်ရမည်ဆိုသည့် အကြောင်း ခြင်းရာများရှိသည့်အတွက်   ထိုကိစ္စများနှင့်   ငြိစွန်းမည်ဆိုလျှင်လည်း ပယ်ဖျက်ရသည်များရှိကြောင်း၊ မိမိသိရသလောက် ထိုသို့ပယ်ဖျက်ခဲ့ရ သည့်ပါတီများ၊ ဆန္ဒအလျောက် ပယ်ဖျက်ခွင့်တောင်းသည့်ပါတီများ စုစုပေါင်း  ၃၆ ပါတီခန့်ရှိခဲ့ကြောင်း၊  လက်ရှိတွင်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊    နည်းဥပဒေအသစ်များ   မိမိတို့ရေးဆွဲပြီး ပြဋ္ဌာန်းနိုင်ရန်  ဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့ကော်မရှင် အနေ ဖြင့် ရေးဆွဲ၍ ဥပဒေရေးရာဝန်ကြီးဌာနကလည်းစိစစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ပေးပို့ထားပြီးဖြစ်ကြောင်း၊ ယင်းပြဋ္ဌာန်း ချက်များကို  အတည်ပြုသည့်အခါ  ထိုပြဋ္ဌာန်းချက်များ ထွက်လာမည် ဖြစ်ကြောင်း၊ ယခုလက်ရှိကာလတွင် ထိုဥပဒေသစ်ပြဋ္ဌာန်းပြီးလျှင် ပါတီများသည်   သတ်မှတ်သည့်ဥပဒေနှင့်အညီ   တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်များကို တောင်းခံလာသည့်အခါ မိမိတို့က ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


NHP  သတင်းဌာနမှ  အယ်ဒီတာချုပ်  ဦးဝင်းဦးက  ဖြေရန် ကျန်ခဲ့သည့် ဦးလှသိန်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတာဝန်ယူသည့်အချိန်ကာလတွင်  ဖျက်သိမ်းခဲ့သည့်ပါတီများထဲမှ ပြန်ပြီးလျှောက်ထားသည့်ပါတီများရှိသည်ဟု  သိရ၍  ပါတီမည်မျှရှိ သလဲ၊ ထိုပါတီများကိုလည်း ခွင့်ပြုရန်အတွက် မည်သို့အခြေအနေ ရှိသလဲ သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများနှင့်ပတ်သက်၍     ဆောင်ရွက်ချက်များသည် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်က ပြီးပြတ်သည့် အတည် ဖြစ်သည်ဆို၍ ရှိကြောင်း၊   ယခင်ကဆောင်ရွက်ချက်များနှင့် ပတ် သက်၍ လိုအပ်လျှင် မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဥပဒေပုဒ်မ(၅၃)အရ   စာရွက်စာတမ်းများကိုကြည့်၍ စိစစ်ပြီးမှ လိုအပ်သလို ဆုံးဖြတ်၍ရကြောင်း၊   သို့သော်   ၎င်းနှင့်ပတ်သက်၍ ဦးလှသိန်းလက်ထက်တွင်  ပယ်ဖျက်သည့်  နိုင်ငံရေးပါတီများက ထပ်လျှောက်သဖြင့် မိမိတို့အနေဖြင့် ပြန်လည်စိစစ်ပြီးခွင့်ပြုရန် အနေ အထားမရှိကြောင်း ပြန်လည်ဖြေကြားသည်။

 


NHP   သတင်းဌာနမှ   အယ်ဒီတာချုပ်   ဦးဝင်းဦးက  လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   အသစ်ပြန်လည် ရေးဆွဲနေသည့် ဥပဒေ၊ နည်းဥပဒေများတွင်  အခက်အခဲကြုံတွေ့နေ ရသည့် အပိုင်းအချို့ရှိသည်ဟု   ကြားသိရကြောင်း၊  မည်သို့အခက် အခဲမျိုးဖြစ်သည်၊ ထိုအခက်အခဲကို မည်သို့ပေါင်းစပ်ဖြေရှင်းနေသည် ကို သိလိုကြောင်း မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သာမန်အားဖြင့် မိမိတို့  အခက်အခဲမရှိကြောင်း၊ ယင်းဥပဒေကို အသစ်ပြန်လည်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ထားခြင်းသည်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ PR စနစ်ကိုလည်း ပြောင်းရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲ က  အတွေ့အကြုံများကိုမူတည်၍  ဆောင်ရွက်ရမည့်   သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်၊   အမျိုးသားလွှတ်တော်၊   တိုင်းဒေသကြီးလွှတ်တော်   ရွေးကောက်ပွဲဥပဒေများ၊  လွှတ်တော်ကိုယ်စားလှယ်မှ   ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေအရ    နည်းဥပဒေ  လေးခု၊   ယင်းတို့နှင့် ပတ်သက်၍  မိမိတို့  အသစ်ရေးဆွဲပြီးမှ  အဆင့်အလိုက်စီစဉ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊    ယင်းတို့ကို  အကောင်းဆုံးဖြစ်အောင် ဥပဒေနှင့်အညီ   အမျှတဆုံးဖြစ်အောင်   မိမိတို့ဆောင်ရွက်လျက်ရှိ ကြောင်း၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းသာရှိပြီး    မိမိတို့ အနေဖြင့်     ထူးထူးခြားခြား အခက်အခဲမရှိကြောင်း၊      ဝိုင်းဝန်းပြီး အကောင်းဆုံးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က မိမိတို့နိုင်ငံတွင်   ပါတီများ၊  ပါတီကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကျင်းပချိန်   နီးမှသာလျှင်   ပြည်သူ့အတွက်ဆို၍ ဆောင်ပုဒ်အမျိုးမျိုး၊     နားထောင်ကောင်းသည့်     မဲဆွယ်မှု  အသွယ်သွယ်နှင့်   လွှတ်တော်တွင်  အမတ်အဖြစ်    ဝင်ရောက်နိုင် ရေးအတွက်    မဲဆွယ်စည်းရုံးနေခြင်းများကို   တွေ့ရှိရကြောင်း၊ ကျန်သည့်အချိန်များတွင် ပြည်သူအတွက် ဆောင်ရွက်ခြင်းမရှိသလို အနစ်နာခံခြင်းများ  မရှိခြင်းကိုလည်း  တွေ့ရကြောင်း၊  ရေဘေး၊ မီးဘေး၊   သဘာဝဘေးများ   ကျရောက်သည့်အခါ   တပ်မတော်မှ တပ်မတော်သားများနှင့် မိသားစုဝင်များသာ ဆောင်ရွက်နေကြောင်းကို တွေ့ရှိရကြောင်း၊  ယခုလို  နိုင်ငံရေးအကျပ်အတည်းဖြစ်ချိန်မှာ  ပို၍ သိသာထင်ရှားကြောင်း၊  ပါတီများ၊  ပါတီကိုယ်စားလှယ်လောင်းများ သည် ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊   တပ်မတော်နှင့် တစ်ဖက်တစ်လမ်းမှ  ပူးပေါင်းဆောင်ရွက်ခြင်း  မရှိသလို ရေသာခို အချောင်သမား ပါတီနိုင်ငံရေးသမားများသာ တွေ့ရှိရကြောင်း၊ ၂၀၂၃ ရွေးကောက်ပွဲနီးမှသာလျှင်  ပြည်သူအတွက်ဆို၍  ခေါင်းစဉ်ထား ခြင်းများ အသုံးပြုမည့်ပါတီများ၊ ပါတီကိုယ်စားလှယ်လောင်းများကိုလည်းတွေ့ရကြောင်း၊    ထို့ကြောင့်   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည်သူအတွက် အလေးထားသောပါတီများ၊ ပြည်သူအတွက်  အကျိုးပြုမည့်  ပါတီကိုယ်စားလှယ်လောင်းများ  မွေးထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။ 

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပါတီကိုယ်စားလှယ်  ဆိုသည်များသည်  များသောအားဖြင့်  ၎င်း ကိုယ်စားလှယ်၏အထက်တွင် နောက်ခံ Background မှ ပါတီများ ရှိကြောင်း၊   တစ်သီးပုဂ္ဂလဆိုသည်မှာ  နည်းကြောင်း၊   ပါတီများ၊ ရွေးချယ်ရသည့် ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန်  ရည်ရွယ်လျှင် ခိုင်မာအားကောင်းသည့် ပါတီများရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့်  နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း  ဥပဒေ၊  နည်းဥပဒေတွင်လည်း  အားကောင်းခိုင်မာသည့် ပါတီများ    ဖြစ်ပေါ်ရန်အတွက်    မိမိတို့ရည်ရွယ်၍   လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊ ထို့အတူ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများတွင်လည်း  ယင်းကိုယ်စားလှယ်များသည် အရည်အသွေးရှိသည့်၊  အရည်အချင်းရှိသည့်  ကိုယ်စားလှယ်များ ဖြစ်လာရန်အတွက် မိမိတို့ မျှော်မှန်းပြီး  ဆောင်ရွက်ထားကြောင်း၊ ထို့ကြောင့်    ပြည်ထောင်စု    ရွေးကောက်ပွဲကော်မရှင်အနေဖြင့်   သတင်းထောက်ကြီးမေးမြန်းသကဲ့သို့ အရည်အချင်းများနှင့် ပြည့်စုံ အောင်  မိမိတို့တတ်နိုင်သည့်ဘက်၊ မိမိတို့ ဆောင်ရွက်နိုင်သည့်ဘက် ကနေ ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 


    Sky Net Media မှ ထုတ်လုပ်သူ       ဦးသွင်ထူးအောင်က တက္ကသိုလ်များကို  ပြန်လည်ဖွင့်လှစ်မည်ဟု   ကြေညာထားသည်ကို သိရှိရကြောင်း၊ သင်ကြားရေးအတွက် မည်သို့ပြင်ဆင်ထားသည်ကို သိလိုကြောင်း၊ အခြေခံပညာကျောင်းများ၏ စာသင်နှစ်တွင် သင်ရိုး ညွှန်းတမ်းများပြင်ဆင်ရန် အစီအစဉ်ရှိ/မရှိ၊ မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်းနှင့် ကိုဗစ်ဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများအား ထပ်မံ ပြင်ဆင်သတ်မှတ်ရန် အစီအစဉ်ရှိ/မရှိတို့နှင့်ပတ်သက်၍ သိလိုပါ ကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက အခြေခံပညာကျောင်းများနှင့်ပတ်သက် ၍      ဖွင့်လှစ်မည့်နေ့၊    ကျောင်းလက်ခံမည့်နေ့များကို  ပြောပြီးဖြစ် ကြောင်း၊    အခြေခံပညာကျောင်းများနှင့်ပတ်သက်၍    ပြောင်းလဲမှု မရှိကြောင်း၊    တက္ကသိုလ်များနှင့်ပတ်သက်၍    မည်သည့်နေ့တွင် ဖွင့်လှစ်မည်၊  အဝေးသင်များကို မည်သည့်နေ့တွင်  ဖွင့်လှစ်မည်ကို ကြေညာပြီးဖြစ်ကြောင်း၊     အသေးစိတ်ကို    ပညာရေးဝန်ကြီးဌာနမှ ဖြေကြားပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရာတွင် သင်ကြားရေးကိစ္စများကို ပထမတစ်ချက် အနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ Check List ရေးဆွဲထားကြောင်း၊ Check List များနှင့်အညီ သက်ဆိုင်ရာတက္ကသိုလ် များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ချက်သည် သင်ရိုးညွှန်းတမ်းဖြစ်ကြောင်း၊ ယခင် ပုံမှန်သင်ရိုးညွှန်းတမ်း ဆောင် ရွက်ရာတွင် အကြမ်းဖျင်းအားဖြင့် ကျောင်းဖွင့်သည့်ရက်သည် ရက် ပေါင်း ၈၀ ဖြစ်ကြောင်း၊ ယခု ၅၃ ရက်နှင့် ဖွင့်မည်ဖြစ်ကြောင်း၊ ၅၃ ရက်ဖြင့်   ဖွင့်မည်ဆိုပါက   ရာခိုင်နှုန်းအားဖြင့်   ၆၆   ရာခိုင်နှုန်းသာ ရှိခြင်းကြောင့်   သုံးပုံ  နှစ်ပုံဖြင့်သာ   သင်ကြားသွားမည်ဖြစ်ကြောင်း၊ ယင်းသို့သင်ကြားရာတွင်     ကျောင်းသူ၊    ကျောင်းသားများ    သိရှိ တတ်မြောက်ရန်အတွက် လိုအပ်သည့် သင်ရိုးညွှန်းတမ်းကို ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်တို့တွင် သင်ကြားပေးနေသည့်  ဆရာကြီး၊ ဆရာမကြီးများ ဦးဆောင်၍ ရေးဆွဲထားခြင်းရှိကြောင်း၊ Credit Unit ပြည့်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ခုမှာ ဆရာ၊ ဆရာမ များ ဖြည့်ဆည်းရန်အတွက် သင်ကြားရေးနှင့် စီမံဝန်ထမ်းများဖြည့် ဆည်းထားကြောင်း၊ ၂၀၂၁ ခုနှစ်  နိုဝင်ဘာလတွင် နည်းပြ/သရုပ်ပြ အသစ် ၃၅၅၈ ဦးခန့်ထားပါကြောင်း၊ ၎င်းတို့ကိုလည်း မွမ်းမံသင်တန်း များ သင်ကြားပေးပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နည်းပြ  သရုပ်ပြများ ခန့်အပ်နိုင်ရန်အတွက် သက်ဆိုင်ရာ စာမေးပွဲများလည်း စစ်ဆေးထားပြီးဖြစ်ကြောင်း၊ ဧပြီလကုန်ပိုင်းတွင် ဆက်လက်ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း ဖြေကြားသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက  ရွေးကောက်ပွဲကိစ္စနှင့်  ပတ်သက်၍  ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက ဖြေကြားပြီးဖြစ်ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်  ပါဝင်သည့်   အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ   ဆောင်ရွက်ပြီးစီးပါက   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   ကျင်းပပေးမည်ဟု  ပါရှိကြောင်း၊   မိမိတို့ အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို  ခိုင်ခိုင်မာမာ အာမခံပြီး ဖြစ်ကြောင်း၊  တစ်နိုင်ငံလုံး ကျင့်သုံးရမည့်စနစ်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီ စနစ်ကို  ကျင့်သုံးမည်ဟု  ပါရှိပြီးဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူတစ်ရပ်လုံး၏ သဘောထားဆန္ဒခံယူပြီးမှ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ၁၉၄၇၊ ၁၉၇၄၊  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများ  ရှိကြောင်း၊ ၁၉၄၇ အခြေခံဥပဒေ သည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒခံယူပွဲနှင့်ပြဋ္ဌာန်းထားသည့် ဥပဒေ မဟုတ်ကြောင်း၊   ၁၉၄၇  အခြေခံဥပဒေသည်   တိုင်းပြု၊  ပြည်ပြု လွှတ်တော်တွင်တင်ပြီး အတည်ပြုထားသည့် ဥပဒေမဟုတ်ကြောင်း၊ ၁၉၇၄ အခြေခံဥပဒေသည်   တိုင်းပြည်တစ်ပြည်လုံးတွင် ဆန္ဒခံယူ မဲပေးပြီး ကျင်းပသည့် ဥပဒေဖြစ်ကြောင်း၊ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း    အလားတူဖြစ်ကြောင်း၊   အထွေထွေ ရွေးကောက်ပွဲဟု သုံးနှုန်းခြင်းဖြစ်ကြောင်း၊ General Election ဟု သုံးနှုန်းခြင်းဖြစ်ကြောင်း၊ ယင်းစကားရပ်နှင့်အညီ တစ်နိုင်ငံလုံးတွင် အကြားအလပ်မရှိ   ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်    မိမိတို့ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊   လက်နက်ကိုင်ပဋိပက္ခများချုပ် ငြိမ်းရေးနှင့် ပြည်သူလူထုအားလုံး မည်သည့်ခြိမ်းခြောက်မှု၊ မတရား လွှမ်းမိုးမှုမှမရှိဘဲ မဲပေးရာတွင် မိမိဆန္ဒဖော်ပြနိုင်ရေးအတွက် မိမိတို့ အစိုးရအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်ကာလ ရှည်ကြာနေပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်း ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ များနှင့် လက်နက်ကိုင်လွှမ်းမိုးမှုနှင့် ခြိမ်းခြောက်မှု၊ မတရားလွှမ်းမိုး မှုများ ကင်းဝေးမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ကြောင်း၊  လက်နက်ကိုင်ပဋိပက္ခများ  ရှိနေသေးပါက လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် ခက်ခဲပါကြောင်း၊ ရွေးကောက်ပွဲမလုပ်ပါက မိမိတို့တိုင်းပြည်သာ နစ်နာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်၍ တရားမျှတ သောရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်သူအားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


သူရိယနေဝန်း သတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့အချိန်အထိ အကြမ်းဖက် PDF များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို      ပြည်သူများ     ခံစားရလျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည်   အဆိုးရွားဆုံးဖြစ်မည်ဟု   ပြောလို ကြောင်း၊ မိမိ၏ဇာတိမြို့ဖြစ်သော မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည် မြို့တွင်လည်း   ယခုရက်ပိုင်းတွင်   အကြမ်းဖက် PDF များ၏  လုပ်ကြံ သတ်ဖြတ်မှုများကြောင့် နေ့စဉ်နှင့်အမျှ သေဆုံးမှုများရှိနေကြောင်း၊ အကြမ်းဖက် PDF များကြောင့် မခံနိုင်သည့်ပြည်သူများက အုပ်စုများ ဖွဲ့၍ တန်ပြန်ခုခံ လုပ်ဆောင်မှုများရှိလာကြောင်း၊ အချို့ဒေသများတွင် ပြည်သူ့စစ်များ ဖွဲ့စည်းထားကြောင်း၊ ပြည်သူ့စစ်များတွင် လူအင်အား၊ စိတ်ဓာတ်အင်အား ခိုင်မာစွာရှိနေသော်လည်း လက်နက်အင်အား မလုံ လောက်သည့်အတွက်  အကြမ်းဖက်များအား ရင်ဆိုင်တွန်းလှန်ရန်အခက်အခဲရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းထား သည့် ပြည်သူ့စစ်များနှင့် တစ်နိုင်ငံလုံးတွင်ရှိသော ပြည်သူ့စစ် မဟာ ဗျူဟာများလွှမ်းမိုးရန်  မည်သို့လုပ်ဆောင်ရန်နှင့်  လက်နက်တပ်ဆင်  ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်သူ ပါဝင်သည့်     ပြည်သူ့လုံခြုံရေးစနစ်ကို     ပြောပြီးဖြစ်ကြောင်း၊  ပြည်သူပါဝင်သည့်  ပြည်သူ့လုံခြုံရေးစနစ်ကို  ပြည်သူပါဝင်သည့်   အင်အား၊    လိုအပ်သည့်အထောက်အပံ့ပစ္စည်း အပြည့်အစုံတို့ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အပြိုင်အဆိုင်အဖွဲ့အစည်းဆိုရာတွင်လည်း ဂရုစိုက် ရန်လိုကြောင်း၊ အချို့အရာများသည် လူမှုကွန်ရက်စာမျက်နှာများနှင့် အခြားမီဒီယာများ   လှုံ့ဆော်နေသည်ကိုလည်း   တွေ့ကြမည်ဖြစ် ကြောင်း၊ ဥပမာအားဖြင့် ယခုခေတ်စားနေသည့် သွေးသောက်အဖွဲ့ ကဲ့သို့    အဖွဲ့အစည်းများကို    တွေ့ကြရမည်ဖြစ်ကြောင်း၊    NLD လက်ထက်တွင် နေပြည်တော်၌ မည်သည့်အဖွဲ့အစည်း ပေါ်ပေါက်ခဲ့ သည်ဆိုသည်ကို   ပြန်လည်ပြောလိုကြောင်း၊   အမည်အတိအကျ မမှတ်မိသော်လည်း    မျိုးချစ်ရဲဘော်များအဖွဲ့၊   မျိုးချစ်ရဲဘော် ဟောင်းများအဖွဲ့ဆို၍       ပေါ်ပေါက်ခဲ့ဖူးကြောင်း၊    ဇာစ်မြစ်ကို လိုက်ရာတွင်    ၎င်းတို့သည်    NLD အစိုးရကို  ဆန့်ကျင်ရန်အတွက် တပ်မတော်မှ    စစ်သားဟောင်းများ၊   စစ်မှုထမ်းဟောင်းများနှင့် ဖွဲ့စည်းထားသလိုလို ပြောကြကြောင်း၊  အခြေအမြစ်မရှိသည့်အဖွဲ့ဖြစ် သည်ကို တွေ့ရှိရကြောင်း၊ အခြေအမြစ်မရှိဘူးဟုဆိုရာတွင် မိမိတို့ ဘက်တွင် အခြေအမြစ်မရှိသော်လည်း ယင်းတို့ဘက်တွင် အခြေအမြစ် ရှိကြောင်း၊ ဇာစ်မြစ်ကိုလိုက်ရာတွင် တစ်ဖက်အဖွဲ့အစည်းမှ လုပ်ကြံ ပြီးဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်နေသည်ကို တွေ့ရကြောင်း။    

 


လက်ရှိအချိန်တွင်  မိမိတို့ ဂရုစိုက်ရမည်မှာ  မြန်မာနိုင်ငံအတွင်း ယင်းတို့အဖွဲ့အစည်းများက  သံဃာတော်များအား   သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ရွာများမီးရှို့ခြင်းများကို အကြမ်းဖက် PDF များက   လုပ်ဆောင်နေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ NUG အဖွဲ့အစည်းမှ ဝန်ကြီးအချို့ကိုယ်တိုင် လှုံ့ဆော်နေကြောင်း၊ စာသင် ကျောင်းများကို ဗုံးခွဲရန်နှင့် အကြမ်းဖက်သတ်ဖြတ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် လှုံ့ဆော်မှုများနှင့်ပတ်သက်ပြီး တုံ့ပြန်မှုများကို ၎င်းတို့ ခံစားနေရခြင်းဖြစ်ကြောင်း၊   တုံ့ပြန်မှုများ  ခံစားရသည့်အချိန်တိုင်း တွင် အထက်မှာပြောခဲ့သည့်အတိုင်း တပ်မတော်က အဖွဲ့ဖွဲ့စည်းပြီး သတ်နေသယောင်ယောင်ဖြင့်  ပြောကြားနေကြောင်း၊ မိမိပြောလို သည်မှာ နီနီ မနီနီ သဘောမတူလျှင် အကျိုးစီးပွား ထိခိုက်လာရင် တစ်နိုင်ငံလုံးပတ်ရမ်းပြီး သတ်နေသည်မှာ ၎င်းတို့အဖွဲ့အစည်း တစ်ခု သာရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးကို   ကာကွယ်စောင့်ရှောက်နေသည့် မီဒီယာများအနေဖြင့် အချို့သတင်းများသည် ဂရုစိုက်ရန်လိုကြောင်း၊  ကိုယ့်အကျိုးကို လိုလားနေသယောင်နှင့် အတွင်းထဲကိုဝင်ပြီး လှိုက်စားသည့် အပြု အမူများကို ဂရုစိုက်ရန်လိုအပ်သည်ဟု တိုက်တွန်းလိုကြောင်း။

 

 

 


တရားဝင်ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့အစည်းရှိကြောင်း၊ ပြည်သူ့စစ်သည် နိုင်ငံတော်တွင်ကျင့်သုံးနေသည့် အခြေခံဥပဒေတွင်     အတိအလင်း  ပါရှိပြီးဖြစ်ကြောင်း၊       ပြည်သူ့စစ်မဟာဗျူဟာနှင့် ပတ်သက်ပြီး  တပ်မတော်အနေဖြင့်   ၁၉၅၉ ခုနှစ် တပ်မှူးကြီးများ ညီလာခံအပြီး နောက်ပိုင်းကတည်းက   စတင်ခဲ့ကြောင်း၊  နိုင်ငံတော် ၏  လက်ရှိ  ကာကွယ်ရေးမဟာဗျူဟာတွင်လည်း  ပြည်သူ့စစ်မဟာ ဗျူဟာဆို၍ ရှိကြောင်း၊  မိမိတို့  ဥပဒေ စည်းမျဉ်းစည်းကမ်းများ အရလည်း  နယ်မြေတစ်နေရာ၊  ဒေသတစ်ခုခု၌ဖြစ်စေ  လုံခြုံရေးအရ  လိုအပ်ပါက  ပြည်သူ့စစ်အဖွဲ့များ  ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း၊  အစိုးရ အနေဖြင့် ပြည်သူလူထု၊ နယ်မြေခံဒေသလူထု၏ တောင်းဆိုချက် နှင့်အညီ   တရားဝင်ဖွဲ့စည်းခွင့်ရှိသည့်    ပြည်သူ့စစ်များဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်အဖွဲ့အစည်းများကို ဖွဲ့စည်းဆောင် ရွက်ထားခြင်း မရှိကြောင်းကို   တိတိလင်းလင်းပြောလိုကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ဆောင်နေ ခြင်းသည် အတွင်းဝင်ပြီး မီးရှို့ခြင်း၊  အတွင်းဝင်ပြီး  လှိုက်စားခြင်း လုပ်နေသည်များရှိနေသည့် အချို့လုပ်ငန်းများရှိသည်ကို သတိချပ်စေ လိုကြောင်း ပြန်လည်ဖြေကြားသည်။

 


သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက အကြမ်းဖက်များ၏ဘေးရန်ကို ကာကွယ်ရှောင်ရှားလိုသည့် စစ်ကိုင်း တိုင်းဒေသကြီးမှ ပြည်သူလူထု၏ တောင်းဆိုချက်များရှိကြောင်း၊ ယင်းမှာ   စစ်ဘေးရှောင်စခန်းကဲ့သို့ Safe Zone တစ်ခုဖွင့်လှစ်ပြီး  ဒုက္ခသည်များကို လက်ခံထားရှိရန် အကြံပြုခဲ့ကြောင်း၊ PDF အကြမ်း ဖက်သမားများအား အကြမ်းဖက်ဟုသတ်မှတ်ထားပြီး အေးချမ်းစွာ နေထိုင်လိုသည့်  ပြည်သူလူထုနှင့်  တပ်မတော်ကိုထောက်ခံသည့် ပြည်သူများကသာ ၎င်းတို့၏လုပ်ရပ်များကို အကြမ်းဖက်ဟုသတ်မှတ် ထားသော်လည်း အချို့မီဒီယာများနှင့် နိုင်ငံတကာများက အကြမ်း ဖက်ဟု မမြင်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်ဟု သက်သေပြရန် အတွက် အကြမ်းဖက် PDF များကြောင့် ဒုက္ခရောက်လာသည့်ပြည်သူ များကို ဒုက္ခသည်စခန်းတစ်ခုအနေဖြင့်   တည်ရှိပါက လာရောက် ခိုလှုံသည့် ပြည်သူများက PDF အကြမ်းဖက်များကို အကြမ်းဖက် ဟုသတ်မှတ်ရန် လုံလောက်သည့်သက်သေတစ်ခုဖြစ်မည်ဟု မိမိ အနေဖြင့် ယူဆမိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အစပြု၍ Safe Zone များတည်ဆောက်ပြီး လာရောက်ခိုလှုံလိုသည့် ပြည်သူများကို လက်ခံထားရှိရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက   အဆိုပါကိစ္စနှင့်  ပတ်သက်ပြီး လောလောဆယ်တွင်   တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရများ အစီ အစဉ်ဖြင့်     ဖွင့်လှစ်ထားသည်များရှိကြောင်း၊    မိမိတို့အနေဖြင့် နိုင်ငံတကာကို ပြသနိုင်သည်အထိ၊ နိုင်ငံတကာက အာရုံစိုက်လာနိုင် သည်အထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ အချို့သော လူမှု ကယ်ဆယ်ရေးအဖွဲ့များ၊  အချို့သံဃာတော်များက ၎င်းတို့ဘုန်းတော် ကြီးကျောင်းများတွင် ဖွင့်လှစ်ပြီး PDF အကြမ်းဖက်သမားများမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကြောက်ရွံ့၍ ခိုလှုံနေရသည့်သူများကို လက်ခံ ထားခြင်းများရှိကြောင်း၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ နတလကဲ့သို့ အဖွဲ့များက ဝိုင်းဝန်းကူညီနေသည်များရှိကြောင်း၊  အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ထောက်ပြပြောဆိုခြင်းများကို လည်း ကျေးဇူးတင်ကြောင်းနှင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ ၎င်းတို့အစီအစဉ်ဖြင့် စာသင်ကျောင်း ၂၀ ကျော် ဖွင့်လှစ်ပြီးသည်ဟု သတင်းများထွက်ပေါ် နေကြောင်း၊ ဧပြီ ၂၃ ရက်အထိ ထွက်ပေါ်လာသည့် သတင်းများအရ ၂၃ ကျောင်းရှိသည်ဟု သိရကြောင်း၊   အံ့ဩစရာကောင်းသည်မှာ လက်ရှိအသုံးပြုနေသည့် သင်ရိုးညွှန်းတမ်းများဖြင့် ပြဋ္ဌာန်းထားသည့် စာအုပ်များကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက် သည့်အခါ  ကျွန်ပညာရေးဟု  ပြောဆိုပြီး  ၎င်းတို့က  အဆိုပါစာအုပ် များဖြင့် ပြဋ္ဌာန်းသည့်အခါတွင်  သခင်ပညာရေးစနစ်ဟု  ခေါင်းစဉ် တပ်ထားသည်ကို တွေ့ရကြောင်း၊   အဓိကသိလိုသည်မှာ   ယခုလို ၎င်းတို့အနေဖြင့်    ကျောင်းများဖွင့်နေပြီး    ဆောင်ရွက်နေသည်ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် မည်သို့သဘောထားရှိပြီး မည်သို့ဆောင်ရွက်မည်ကို သိလိုကြောင်းမေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားရာတွင် မှတ်မိလွယ်စေရန် ပြောဆိုရခြင်းများရှိခြင်းကြောင့် အချို့စကားလုံးများသည် ကြမ်းတမ်းမှုများလည်းရှိနိုင်ကြောင်း၊ ယခု ပြောမည့်စကားအသုံးအနှုန်းတွင် ကျောင်းသားများကို မျောက်ဟု ပြောဆိုခြင်းမဟုတ်ကြောင်း၊    ၎င်းတို့၏   အဓိကရည်ရွယ်ချက်မှာ မျောက်ပြဆန်တောင်းလုပ်ခြင်းဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် နံပါတ်တစ်သည် ပညာရေး၊ နံပါတ်နှစ်သည် ကျန်းမာ ရေးဟု သတ်မှတ်ထားကြောင်း၊ စစ်ပွဲဖြစ်နေလျှင်ပင် ကျောင်းနှင့် ဆေးရုံတို့ကို  အထူး ရှောင်ရှားရကြောင်း၊ ပြည်တွင်း၌ဖြစ်နေသည့် ပဋိပက္ခ  မဆိုထားနှင့်၊  တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖြစ်နေသည့် စစ်ပွဲ ပင်လျှင် ထိုသို့ ရှောင်ရှားကြရကြောင်း၊ လက်ရှိ ၎င်းတို့လုပ်ရပ်သည် မည်သည့်နေရာကိုမှ  ရှောင်ရှားခြင်းမရှိသည်ကို  အားလုံးအသိပင် ဖြစ်ကြောင်း၊ ကိုဗစ်ဖြစ်ပွားနေသည့် ကာလတွင် အောက်ဆီဂျင်အသည်း အသန် လိုအပ်နေသည့်အချိန်တွင် အောက်ဆီဂျင်ကားကို ဗုံးခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊   အလားတူ  ဆေးရုံကိုပို့ဆောင်မည့်  လူနာတင် ယာဉ်ကို  ပစ်ခတ်မှုများ  ပြုလုပ်ခဲ့ကြောင်း၊ ဆရာ ဆရာမများကို စာမသင်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းများကို  ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆရာ ဆရာမများက ကျောင်းဖွင့်ရန် အစည်းအဝေးပြုလုပ်နေသည့်နေရာရှိ   ဆိုင်ကယ်များကို  မီးရှို့ခဲ့ ကြောင်း၊   ထိုလုပ်ရပ်များကို   မြန်မာပြည်သူ ပြည်သားအားလုံး  သိထားပြီးဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ်  မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး  ကာလကတည်းက တပ်မတော်နှင့်  လက်နက်ကိုင် ပဋိပက္ခဖြစ်ပွား နေသည့်  မည်သည့် EAOs  မှ ထိုသို့လုပ်ရပ်များကို လုပ်ဆောင်ခြင်းမရှိ ကြောင်း၊ ထိုသို့သောလုပ်ရပ်များ လုပ်ဆောင်နေခြင်းကို မိမိပြောခဲ့ သည့် ဖုံး၊ ဖိ၊ ဖာ၊ ဖောက်ဆိုသည့် မီဒီယာများက ဖာပေးနေကြောင်း၊ အဆိုပါလုပ်ရပ်များကို    တပ်ကလုပ်သယောင်ယောင်၊    ဒီဘက်အဖွဲ့ အစည်းက လုပ်သယောင်ယောင်နှင့် ထိုလုပ်ရပ်များကို မဖုံးနိုင်သဖြင့် နိုင်ငံတကာမှလည်း    သိသွားသည့်အတွက်   အချို့နေရာများတွင် အရိပ်အမြွက် ထည့်ရေးရသည်များရှိကြောင်း၊   ထို့ကြောင့်မျောက်ပြ ဆန်တောင်းလုပ်ကြကြောင်း၊ ပြည်သူများအနေဖြင့်  စဉ်းစားစေလို ကြောင်း။

 


စနစ်တကျ သင်ရိုးညွှန်းတမ်း၊ စနစ်တကျ သင်တန်းတက်ထားသည့် ဆရာ ဆရာမများ၊ စနစ်တကျအေးချမ်းသည့်နေရာတွင် သင်နေသည့် စာသင်ကျောင်းများ၌ပင်    စာတတ်မြောက်မှု   မည်မျှရှိသည်ကို လက်တွေ့စမ်းသပ်ကြည့်၍ရကြောင်း၊ ၎င်းတို့ပြောသည့် ကျောင်းများ သည် မည်သည့်နေရာတွင် ဖွင့်လှစ်ထားသည်၊ မည်သူများကသင်ကြား သည် ဆိုခြင်းသည် မျောက်ပြဆန်တောင်းလုပ်ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတကာဖြစ်စေ၊ အလှူရှင်များဖြစ်စေ ပြစားလို့ရအောင်လုပ်ခြင်း သာဖြစ်ကြောင်း၊ မိမိစောစောက ပြောသကဲ့သို့ အကြွေးတောင်းသကဲ့သို့ တဂျီဂျီတောင်းနေသည်ဆိုခြင်းမျိုး    လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ လုပ်ပြပါဆိုသည့်အတိုင်း  လုပ်ပြသည့် ပြယုဂ်များသာဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မိမိပြောလိုသည်မှာ မူမမှန်သည့် အကြမ်း ဖက်အဖွဲ့အစည်းများ၏  ပြည်သူများအပေါ်ထားရှိသည့်   ၎င်းတို့၏ စိတ်ဓာတ်အရင်းအမှန်သာဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေ ကြားသည်။                                      

 (ဆက်လက်ဖော်ပြပါမည်)