၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊  ဧပြီ ၂၇ ရက် မွန်းလွဲ  ၁  နာရီတွင်  ပြန်ကြားရေးဝန်ကြီးဌာန၊   ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 


ယမန်နေ့မှအဆက် 


မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရွေးကောက် ပွဲပြီးကတည်းက သွားခဲ့ကြောင်း၊  သို့သော် ၎င်းတို့၏  မဲမသမာမှုများကို ဖုံးကွယ်နိုင်ရန်အတွက်  ထိုကိစ္စများကိုဆန့်ကျင်၍   ပြည်သူလူထုကို အသုံးချပြီး   ဆောင်ရွက်နေခြင်းဖြစ်သောကြောင့်   ထိုအဖွဲ့များနှင့် ဆွေးနွေးရန် အကြောင်းလုံးဝမရှိကြောင်း၊  ထို့ကြောင့် EAO အဖွဲ့များ နှင့် PDF၊ NUG အကြမ်းဖက်အဖွဲ့များသည် ရပ်တည်ချက်ရော၊ သမိုင်း ကြောင်းပါ မတူညီကြောင်း၊ အချို့ EAO အဖွဲ့များအနေဖြင့်  PDF ၊ NUG အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို  တွေ့ရကြောင်း၊ ထိုအဖွဲ့များအနေဖြင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါက ထို EAO များ၏ နယ်မြေများသာလျှင်  နစ်နာမှုရှိမည်ဟု  ပြောလိုကြောင်း၊  လက်တွေ့တွင်လည်း  ယခင်ကငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုရရှိနေသည့် တိုင်းရင်းသားနယ်မြေအချို့တွင်  လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွား နေသည်ကို  တွေ့ရကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများသာလျှင် နစ်နာနေသည်ကို     တွေ့ရမည်ဖြစ်ကြောင်း၊     တချို့နေရာများတွင် လည်း သဘောထားကွဲလွဲမှုများရှိနေသည်ကို တွေ့ရကြောင်း၊  ဥပမာ ပြောရမည်ဆိုပါက   ဒီးမော့ဆိုမြို့တွင်    ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် NUG ၏  လုပ်ဆောင်မှုကို ဧပြီလ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၂၆ ရက်တွင်  KNPP က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည် ကိုလည်း တွေ့ရကြောင်း၊ ကရင်ပြည်နယ် KNU ဘက်က နော်မေဦး ရေးသားထားသည့်  “NCA  အစုအဖွဲ့များ၏   နိုင်ငံရေးရိုးသားမှုကို ဆန်းစစ်ခြင်း” ဆိုသည့်စာတမ်းကို ဖတ်ကြည့်မည်ဆိုပါက တချို့အရာ များကို ရိပ်မိနိုင်မည်ဖြစ်ကြောင်း။
မိမိအနေဖြင့် သတိထားရမည့် သမိုင်းကြောင်းတစ်ခုကို ပြောလို ကြောင်း၊    ဗကပ ဗဟို ပဲခူးရိုးမမှ အရှေ့မြောက်ဒေသရောက်ရှိသွားသည့် အချိန်တွင် ထိုဒေသတွင်  မည်ကဲ့သို့   ဖြစ်ခဲ့သည်ဆိုသည့်သမိုင်းနှင့် ဗကပများ အဆိုပါဒေသတွင် ချုပ်ငြိမ်းသွားမှုသမိုင်းများသည် လေ့လာ စရာကောင်းသည်ဟု ပြောလိုကြောင်း။

 


မည်သူ့ကိုမျှ ချန်လှပ်မထားစေရေးမူဝါဒကို အလေးထား


နံပါတ်သုံးအချက်အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေး နှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ အကြီးအကဲ H.E.Dr.KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ တင်ပြ လိုကြောင်း၊   အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏   မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည်  ၂၀၂၂ ခုနှစ်အတွင်း မတ်လ ၂၁ ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၂၀ ရက်တွင် တစ်ကြိမ် ထပ်မံရောက်ရှိခဲ့ကြောင်း၊ ယခုခရီးစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံခဲ့သကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် တူညီ ဆန္ဒ(၅)ချက် အကောင်အထည်ဖော်ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စသက်သက်ကို သာ အလေးထားလုပ်ဆောင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထားစေရေးမူဝါဒကို   အလေးထား၍    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက် အဖွဲ့အစည်းများအနေဖြင့်   လုပ်ငန်းများနှင့်   ဦးဆောင်ဦးရွက်ပြုမှု အားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်များနှင့် အညီသာ ဖြစ်သင့်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း။

 


ဧပြီ ၂၀ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု   ဗဟိုဌာနဧည့်ခန်းမ၌     ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံရာ၌ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည့်အခြေအနေနှင့်  လူသားချင်း စာနာထောက်ထားမှု   အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်    ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးကိစ္စနှင့်   လက်ရှိ အခြေအနေများအပေါ် ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများ   ကျင်းပရေးကိစ္စရပ်များနှင့်  စပ်လျဉ်း၍   ဆွေးနွေးခဲ့ကြောင်း၊ ညှိနှိုင်းရေးအဖွဲ့  ဖွဲ့စည်းမှုများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်း အဝိုင်းနှင့်    အကူအညီပေးနေသည့်    အလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များနှင့် ကျွမ်းကျင်သူများအား ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဆင့်ဆင့်တွင်   အပြုသဘော ဆောင်၍ ပူးပေါင်းဆောင်ရွက်ရန်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမို ခိုင်မာလာစေရန်၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း   NCA   တွင်   ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားရန်ဟု ပါရှိကြောင်း။

 


အမြဲတံခါးဖွင့် ကြိုဆိုထား


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင်   မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ကြိုတင်ကန့်သတ်ချက်မထားရှိဘဲ လာရောက်တွေ့ဆုံဆွေးနွေးနိုင်စေ ရန် အမြဲတံခါးဖွင့် ကြိုဆိုထားကြောင်း၊ ကော်မတီအနေဖြင့် အမြဲအသိ ပေးနေသကဲ့သို့  နိုင်ငံတော်အစိုးရအနေနှင့်လည်း တရားဝင်ထုတ် ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊   လက်ရှိကာလတွင်   ညှိနှိုင်းရေး ကော်မတီအနေဖြင့် NCA ထိုးထားသည့် EAO များနှင့်သာမက NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့်ပါ မကြာခဏအလွတ်သဘော တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ တဖြည်းဖြည်းဖြင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်စေ ရန် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်   ၂၀၂၀  ပြည့်နှစ်   ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့သည့်အတွက် တပ်မတော်က နိုင်ငံတော်တာဝန် ရယူခဲ့ခြင်းအပေါ်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်ဖြင့် ၎င်းတို့နယ်မြေအတွင်း လက်ခံထားရှိသည့် PDF / NUG အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များ နှင့် မြို့ရွာများကို အန္တရာယ်ပြုနေသည့် လုပ်ရပ်များအကြောင်းကိုလည်း မိမိတို့ပြောခဲ့ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို ကူညီထောက်ပံ့ မှုများမပြုလုပ်ရန် တိုက်တွန်းပြောကြားပေးစေလိုကြောင်းကိုလည်း မိမိတို့ ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုအားလုံး၏ ရလဒ်များအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏   အထူးကိုယ်စားလှယ်နှင့်   အာဆီယံ အလှည့်ကျဥက္ကဋ္ဌလာရောက်စဉ်ကပင် မိမိတို့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့်  ပတ်သက်၍  ပါဝင်ကူညီဆောင်ရွက်မည် ဆိုသည့်ကိစ္စကိုလည်း မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏ မူဝါဒများအတိုင်း ဆောင်ရွက်သွား မည်ဖြစ်သည်ဟု ပြောလိုကြောင်း။

 


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မိမိတို့နိုင်ငံ လွတ်လပ်ရေးရခဲ့ သည်မှာ ၇၅ နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း၊ သို့သော် မိမိတို့နိုင်ငံသား ပြည်သူလူထုအနေဖြင့် လွတ်လပ်ရေး၏အရသာ၊ ဒီမိုကရေစီ၏အရသာ ကို အပြည့်အဝခံစားရခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီကို ပြည့်ဝစွာ ခံစားနိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှရမည်ဖြစ်ကြောင်း၊  မိမိတို့အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏   ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး  (Peace and Development)ကို အထောက်အကူဖြစ်စေမည့် မည်သည့် မိတ်ဆွေ နိုင်ငံ၊ မည်သည့်မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီမှု၊ အကျိုးဆောင်မှု ကိုမဆို အမြဲကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း။

 


နံပါတ်လေးအချက်အနေဖြင့် ပညာရေးဆိုင်ရာဆောင်ရွက်ချက် များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊   နိုင်ငံတိုင်း၏  အမျိုးသား အကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင်  အားလုံးလက်ခံထား သည့် အချက်တစ်ချက်ရှိကြောင်း၊ ထိုအချက်မှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊  ထိုအချက်မှာလည်း  “ပညာရေး” အပေါ် အဓိကမူတည်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ကျောင်းများ ပိတ်ထား ရသည့်အတွက် ကျောင်းသား၊ မိဘနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှု များရှိသဖြင့် ကျောင်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာတတ်များ လိုအပ်ကြောင်း၊  ထို့ကြောင့်   ပညာရေးနဲ့ပတ်သက်၍   အားပေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများ ပညာတတ်စေရန်အတွက် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက   လေ့ကျင့်သင်ကြားပေးရန် လိုကြောင်း၊ ယခုအခါ ကျောင်းမတက်ရန်အတွက်   အချို့သူများက ခြိမ်းခြောက်ဆောင်ရွက်ပြီး   အဖျက်လုပ်ငန်းများ  လုပ်ဆောင်နေမှု သည်   နိုင်ငံအား  ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံတွင် ပညာတတ်များပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများက မလို လားဘဲ ပြည်သူများဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့် လုပ်ဆောင်ချက်ပင်ဖြစ်သည်” ဟု ပြောကြားခဲ့ကြောင်း၊  မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေကို ပြောလိုကြောင်း၊  ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၅ နှစ်နှင့် အထက် လူဦးရေ၏ ၈ ဒသမ ၁ ရာခိုင်နှုန်း (လူဦးရေ ၄ သန်းခန့်)မှာ ကျောင်းမနေခဲ့ဖူးသည်ကို တွေ့ရကြောင်း၊  အသက် ၂၅ နှစ်အထက် ကျောင်းမနေဖူးသူ ၉ သိန်း ၆ သောင်းခန့် ရှိကြောင်း၊  မူလတန်းကြိုနဲ့ မူလတန်းအဆင့်ရှိသူ ၁၁ ဒသမ ၈ သန်းခန့်ရှိကြောင်း၊  ထို့ကြောင့် မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ  မူလ တန်းအဆင့် ပညာရေးသာရှိသူ ၁၂ ဒသမ ၉၇ သန်းခန့်ရှိသည်ကို တွေ့ရကြောင်း၊  အလယ်တန်းအဆင့် ပညာရေးရှိသူ ၅ ဒသမ ၄ သန်းခန့်ရှိသည်ကိုလည်း တွေ့ရကြောင်း၊ အားလုံးပေါင်းမည်ဆိုပါက  အလယ်တန်းအဆင့်နှင့်အောက်  ပညာရေးသာရှိသူ   ၁၈ ဒသမ ၂ သန်းခန့်ရှိကြောင်း၊    နိုင်ငံလူဦးရေ၏    သုံးပုံတစ်ပုံဖြစ်ကြောင်း၊  ထို့ကြောင့် မိမိတို့၏ အမျိုးသားပညာရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊  နိုင်ငံရေးလုပ်စားသူများက စစ်ကျွန်ပညာရေးဟုခေါင်းစဉ်ပြ၍   ဝါဒ မှိုင်းတိုက်ခဲ့ကြောင်း၊  အစိုးရအနေဖြင့် ကျောင်းသား၊ မိဘ၊ ဆရာတို့ အပေါ် နည်းမျိုးစုံဖြင့်   ခြိမ်းခြောက်မှုကြားမှ   ပြည်သူပါဝင်သည့် လုံခြုံရေးအာမခံချက်များရယူ၍ ကျောင်းများဖွင့်လှစ်ရေး လုပ်ဆောင် ခဲ့ကြောင်း။

 


နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းများ စတင်ဖွင့်လှစ်မှု


၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်တွင်  နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းများ စတင် ဖွင့်လှစ်ခဲ့ကြောင်း၊  ကျောင်းစတင်ဖွင့်လှစ်မှုအနေဖြင့်   မြန်မာ နိုင်ငံမှာ အခြေခံပညာအထက်တန်းအဆင့်  ကျောင်းပေါင်း ၆,၁၇၈ ကျောင်းရှိသည့်အနက် ၅,၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ကျောင်း ပေါင်း ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့်ကျောင်းပေါင်း ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း အခြေခံပညာအဆင့်ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းအနက် ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကျောင်း တက်ရောက်မှုအနေဖြင့် (၄၂ သိန်းကျော်) တက်ရောက်ခဲ့ကြောင်း၊  ၈၁ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း၊  နိုင်ငံတော် အစိုးရအနေဖြင့်    အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲများကို မတ်လနောက်ဆုံးအပတ်နှင့်  ဧပြီလပထမအပတ်တို့တွင်   ယခင် လျာထားသည့်အတိုင်း  စစ်ဆေးမေးမြန်းမှုများ  ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊   ကျောင်းတက်ရောက်သည့်အတိုင်း    ရာခိုင်နှုန်းပြည့် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် စာရင်း ပေးသွင်းသူများအနက် (၉၀ ဒသမ ၁၈)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို ခဲ့ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် ကျောင်းသား/ကျောင်းသူ များ  စာမေးပွဲအောင်ရုံသာမက   ရာနှုန်းပြည့်    အမှန်တကယ် တတ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


ပညာရေးဝန်ထမ်း ၃၇ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့


ပြီးခဲ့သည့်    ပညာသင်နှစ်တစ်လျှောက်   မြို့နယ်ပေါင်း    ၁၇၇ မြို့နယ်၌ အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်းနှင့် ပညာ ရေးအဆောက်အဦဖျက်ဆီးခံရမှု (၅၀၀ ကျော်) နှင့် ပညာရေးဝန်ထမ်း ၃၇ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊  ကလေးများ၏ အနာဂတ်ပျောက်အောင် ပြည်ဖျက်မီဒီယာများကလည်း အားပေး အားမြှောက်ပြုခဲ့သည်ကို   တွေ့ရကြောင်း၊   ထိုသို့လှုံ့ဆော်ရုံသာမက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများနှင့် စာဖြေ ဌာနများကို ဗုံးပစ်ခြင်း၊ မိုင်းခွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဥပမာ ပြောရမည်ဆိုပါက ရေဖြူမြို့ ကျောက်တိုင်လမ်းတွင်ရှိသည့် အခြေခံ ပညာအထက်တန်းကျောင်းအား  အင်္ဂလိပ်စာဘာသာရပ်  စာမေးပွဲ ဖြေဆိုသည့်နေ့တွင် လက်လုပ်အသံဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားသည့် ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း၊ ရေစကြိုမြို့ အမှတ်(၈)ရပ်ကွက်၊   အမှတ်(၁)   အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း  ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကိုလည်း  တွေ့ရကြောင်း၊ ထို့အတူ ချင်းပြည်နယ်   မတူပီမြို့   အခြေခံပညာမူလတန်းကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ တနင်္သာရီတိုင်း ကလိန်အောင်မြို့    ကံပေါက်ကျေးရွာ   ကံပေါက်အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း စာမေးပွဲဖြေဆိုနေစဉ်တွင် လာရောက် ပစ်ခတ်ခဲ့သည့်    ဖြစ်စဉ်ဖြစ်ပွားခဲ့သည်ကိုလည်း     တွေ့ရကြောင်း၊  နမူနာအချို့ကိုသာ မိမိထုတ်ပြခြင်းဖြစ်ကြောင်း၊ အချို့သော လူငယ် များ၏အနာဂတ်ကို  လမ်းပျောက်စေရန်နှင့်  တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်လာမှုကို  မနာလိုစိတ်ပြင်းထန်သည့် အောက်လုံးမီဒီယာများနှင့် နိုင်ငံရေးသမားများ၏လက်ချက်သာ   အဓိကဟု   ပြောလိုကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ၂၀၂၂ ခုနှစ်၊  ဇွန်လအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး ထုတ်ပြန်မည့်ရက်ကို ထပ်မံကြေညာသွား မည်ဖြစ်ကြောင်း၊  တက္ကသိုလ်ကောလိပ်များကို  ၂၀၂၂ ခုနှစ်၊  မေလ ၁၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ နေ့စဉ်ထုတ် သတင်းစာ များနှင့် TV သတင်းများတွင်လည်း  ကျောင်းများဖွင့်လှစ်နိုင်မှုနှင့် အဝေးသင်တက္ကသိုလ်များ  ဖွင့်လှစ်နိုင်မှုတို့ကို  နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းမပါ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄ ရက်က စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း၊  မေလ ၂၅  ရက်မှ  ၃၁  ရက်အထိ   ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး   ဇွန်လ ၂ ရက်တွင်  ကျောင်းများ  ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်   လျာထား ကြောင်း၊ ဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင် ရန်နှင့်  ခံစားနိုင်ရန်   ပြည်သူလူထု၏ ပညာရည်မြင့်မားရန်   လိုအပ် ကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်၍     မြန်မာနိုင်ငံသား   ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က “တိုင်းပြည်အုပ်ချုပ် ရေး စနစ်များအနက်   ဒီမိုကရေစီစနစ်သည်   အခက်ခဲဆုံးဖြစ်သည်။ ဒီမိုကရေစီစနစ် အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ် ပညာနှင့်  ဆင်ခြင်တုံတရား  လုံလောက်အောင်  ရှိကြရမည်။   အသိ ဉာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကို သာ ဖြစ်စေမည်” ဟု ပြောခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရကြောင်း၊  ထို့ကြောင့် တိုင်းပြည်၏ပညာရေးကို ဟန့်တားနှောင့်ယှက်နေခြင်း သည် ဒီမိုကရေစီစနစ်ကို  ဟန့်တားခြင်း၊  ဖျက်ဆီးခြင်းပင်ဖြစ်သည် ဟု ပြောလိုကြောင်း။                      

 


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု                   


နံပါတ်ငါးအချက်အနေဖြင့်     တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေကို ပြောကြားသွား မည်ဖြစ်ကြောင်း၊  ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့အစိုးရ၏မူဝါဒမှာ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်”၊ “လက်တွေ့ကျကျ၊ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီး တာ ဘာမှမရှိ” ဆိုသည့်  မူဝါဒကို  နိုင်ငံတော်အကြီးအကဲက  မူဝါဒ ချမှတ်ပေးထားကြောင်း၊    ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို  တင်ပြသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူမှု၊ လှူဒါန်းမှု၊ လက်ခံရရှိမှု Dose အရေအတွက် (၆၆ ဒသမ ၁၃ သန်းကျော်)ရှိကြောင်း၊  ထိုးနှံပြီး Dose အရေအတွက်မှာ (၅၃ ဒသမ ၇၅ သန်း ကျော်)ဖြစ်ကြောင်း၊  တစ်ကြိမ်ထိုးနှံပြီးသူအရေအတွက်  (၆ ဒသမ ၇၄ သန်းကျော်)ဖြစ်ကြောင်း၊ အကြိမ်ပြည့်ထိုးနှံပြီးသူအနေဖြင့် (၂၂ ဒသမ ၈၆ သန်းကျော်)ဖြစ်ကြောင်း၊  အသက် ၁၂ နှစ်မှ ၁၈ နှစ် အတွင်းရှိ   အခြေခံပညာဦးစီးဌာန    အလယ်တန်း/အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း။

 


တစ်နိုင်ငံလုံးတွင် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အထိ ရည်မှန်းလူဦး ရေ (၃)သန်းကျော် ရှိကြောင်း၊ ထိုသူများအနက် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်အတွင်းရှိ  အခြေခံပညာကျောင်းသား/ကျောင်းသူ (၁ ဒသမ ၅)သန်းကျော် ထိုးနှံပြီး ဖြစ်သည့်အတွက် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အတွင်းရှိ  ကျောင်းသား/ကျောင်းသူ ၇၉၁,၄၅၄ ဦး (၇)သိန်း (၉)သောင်းကျော်ခန့် ထိုးနှံပြီးစီးပြီဟု ခန့်မှန်းရကြောင်း၊ ပြည်သူလူထု အတွင်း အသက် ၁၅နှစ်မှ ၁၈ နှစ်အတွင်း ၂,၂၇၁,၀၀၇ ဦး (၂ ဒသမ ၂)သန်းကျော်ခန့်  ကာကွယ်ဆေးထိုးနှံရန်   ကျန်ရှိနေကြောင်း၊  ကျောင်းတက်ခြင်းမရှိသည့် အသက် ၁၅ နှစ်မှ ၁၈ နှစ်အထက် လူငယ် များသည်   ပြင်ပတွင်  အလုပ်လုပ်ကိုင်နေသူများပြားသည့်အတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်နိုင်ခြေများသည့် အသက်အုပ်စုလည်း ဖြစ်ပါ ကြောင်း၊   တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   ပြည်သူလူထုအတွင်း အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း လူဦးရေအားလုံးကို ကာကွယ်ဆေး ထိုးနှံရန်အတွက် ပထမအကြိမ်ကို ၁၇-၄-၂၀၂၂ ရက်နေ့မှ ၂၃-၅-၂၀၂၂ ရက်အထိ၊ ဒုတိယအကြိမ် ဆေးထိုးနှံရန်အတွက် ၂၄-၅-၂၀၂၂ ရက်မှ ၂၀-၆-၂၀၂၂ ရက်အထိ ထိုးနှံပေးရန်လျာထားထားကြောင်း၊ ချုံ့ပြီး ပြောရလျှင်   ယခင်က  အသက် ၁၈  နှစ်အထက်ကို  ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း၊ ယခုအချိန်တွင် အသက်  ၁၅  နှစ်အထိ  လျှော့ချပြီး ၁၅  နှစ်နှင့်အထက်  ပြည်သူလူထုအားလုံးကို  ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ပြုလုပ်သွားမည် ဖြစ်ကြောင်း။

 


ပြည်သူလူထုတစ်ရပ်လုံးကလည်း အားလုံးဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်    မေတ္တာရပ်ခံလိုကြောင်း၊   လက်ရှိတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊  ကာကွယ်ဆေး ထိုးနှံလွှမ်းခြုံမှု  မြင့်မား လာသည်နှင့်အမျှ မိမိတို့ ပြည်သူ/ပြည်သားများ  ရောဂါဖြစ်ပွား သေဆုံးမှုကို  တားဆီးကာကွယ်နိုင်သည့်   အကျိုးရလဒ်များရရှိမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးအပြည့်ထိုးနှံမှု ကြိုးစား ဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက် PDF  အမည်ခံအဖွဲ့များ ကြောင့် နယ်မြေမငြိမ်မသက်ဖြစ်နေသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး၏အချို့နေရာများတွင်  ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဧပြီလနှင့် မေလတွင် ကာကွယ်ဆေးထိုးရ မည့်သူများအားလုံးကို ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊   ကာကွယ်ဆေးစွမ်းအားမြင့် Booster Doses ထိုးနှံနိုင်ရေးအတွက် ထိုးနှံပြီးသူ ၁ ဒသမ ၂၈ သန်း ကျော်ရှိပြီဖြစ်ကြောင်း၊   ကာကွယ်ဆေးများ    ရရှိနိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏   လမ်းညွှန်ချက်အရ   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးများကို ရေတိုစီမံချက်အနေဖြင့် Sinopharm China National Biotech Group မှ  ထုတ်လုပ်သည့်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို Ready to Fill Bulk အနေဖြင့် ဝယ်ယူပြီး ပုလင်း သွင်းဖြည့်တင်းခြင်းကို  အောင်မြင်စွာ   ဆောင်ရွက်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင်  အာဆီယံဒေသ၌ မြန်မာနိုင်ငံအပါ 
အဝင် ထိုသို့လုပ်ဆောင်ခြင်းကို ၅ နိုင်ငံသာ ဆောင်ရွက်နိုင်ခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းကို ပြည်တွင်းတွင် အောင်မြင်စွာ ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့သိုလုပ်ဆောင်ခြင်းသည် နိုင်ငံခြားငွေ သုံးစွဲမှုကို လည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း။

 


Myancopharm   ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန   (FDA)   ၏   ကာကွယ်ဆေးမှတ်တမ်းတင်ခြင်းထောက်ခံစာ (Drug Notification Certificate)ကို (၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်တွင် ရရှိပြီးဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်မှစ၍  ကျန်းမာရေး ဝန်ကြီးဌာနသို့ Myancopharm ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး Doses   တစ်သန်း  စတင်ပေးပို့သွားမည်ဖြစ်ပါကြောင်း၊    ကာကွယ် ဆေးကို ပြည်တွင်းမှ ထုတ်လုပ်နိုင်ပြီး ပြည်သူများကိုလည်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ယခင်ကထက် ပိုမို ထိရောက်စွာ   ဆောင်ရွက်ပေးနိုင်တော့မည်ဟု    သတင်းကောင်းပါး လိုကြောင်း။

 


 စွမ်းအင်ကဏ္ဍ


နံပါတ်ခြောက်အနေဖြင့်  စွမ်းအင်ကဏ္ဍဖြစ်ကြောင်း၊  လက်ရှိ ကမ္ဘာပေါ်တွင် ရေနံစိမ်းဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ရုရှားနှင့် ယူကရိန်းပဋိပက္ခများကြောင့်   ကမ္ဘာ့ရေနံဈေးကွက်   မြင့်တက်နေ သည်ကို တွေ့ရှိရကြောင်း၊ ထိုရိုက်ခတ်မှုသည်  အစိုးရအပေါ် ထိုးနှက် ချင်သူများက  ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသည့်   ကမ္ဘာ့ရေနံဈေးနှုန်း အပြောင်းအလဲကို လျစ်လျူရှုပြီး မိမိတို့တစ်နိုင်ငံတည်း ပြတ်လပ်နေ သလို၊ ဈေးနှုန်းမြင့်နေသလို လုပ်ဆောင်နေကြသည်ကို တွေ့ရကြောင်း၊ မိမိတို့ အိမ်နီးချင်းဒေသတွင်းနိုင်ငံများနှင့်ယှဉ်ပြီး  ကြည့်၍ရကြောင်း၊  အာဆီယံတွင်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဖြစ်သည့် စင်ကာပူ နိုင်ငံ ဆိုလျှင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ဓာတ်ဆီဈေးနှုန်းအရ 95 ၁ လီတာကို စင်ကာပူဒေါ်လာ ၂ ဒသမ ၉၃၁ ခန့် (မြန်မာငွေ ၃,၉၆၇ ကျပ်ခန့်)၊ တစ်ဂါလန်လျှင် စင်ကာပူငွေ ၁၃ ဒသမ ၁၉ ဒေါ်လာ ခန့်(မြန်မာငွေ ၁၇,၈၅၂ ကျပ်ခန့်) ဈေးနှုန်းပေါက်သည်ကို တွေ့ရ ကြောင်း၊  ထိုင်းနိုင်ငံဆိုလျှင်  95   ၁ လီတာကို ၄၆ ဒသမ ၉၇ ဘတ်ခန့် (မြန်မာငွေ ၂,၅၅၉ ကျပ်)၊ တစ်ဂါလန်လျှင် ထိုင်းငွေ ၂၁၁ ဒသမ ၃၇ ဘတ်ခန့် (မြန်မာငွေ ၁၁,၅၁၆ ကျပ်ခန့်) ဈေးနှုန်းရှိသည်ကို တွေ့ရ ကြောင်း၊  မိမိတို့နိုင်ငံအတွင်းရှိ ဓာတ်ဆီ ၁ လီတာ ၂,ဝ၀၀ ကျပ်ခန့် (တစ်ဂါလန်လျှင် ၉,ဝဝ၀ ကျပ်ခန့်)ဈေးနှုန်းဝန်းကျင်နှင့်  နှိုင်းယှဉ်ကြည့် လျှင် သိနိုင်ပါကြောင်း၊  ၎င်းတို့နှင့် ပတ်သက်ပြီး အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် ပြုလုပ်သွားမည်ဖြစ်သလို စက်သုံးဆီအသုံးပြုမှုကို ခြိုးခြံချွေတာရမည်ဖြစ်ကြောင်း။

 


စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေး


ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့်  စက်သုံးဆီဈေးနှုန်းတည်ငြိမ် ရေးအတွက် အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင် ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဆောင်ရွက်ထားရှိမှုအနေဖြင့် မြန်မာနိုင်ငံတွင် ကုန်းတွင်းနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ များထုတ်လုပ်နိုင်ရန် အထူးသဖြင့်ကုန်းတွင်းရေနံတွင်းဟောင်းများကို စွမ်းရည်မြှင့်တင်တိုးတက်ထုတ်လုပ်မည့် လုပ်ငန်းများတွင်  ရင်းနှီး မြှုပ်နှံ၍ ရေနံထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာပေါ် တွင် ရေနံနှင့်ရေနံထွက်ပစ္စည်းများ  အဓိကထုတ်လုပ် တင်ပို့ရောင်းချ နေသည့်   ရုရှားနိုင်ငံနှင့်လည်းကောင်း၊   ရုရှားနိုင်ငံဦးဆောင်ပြီး ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့်  အာမေးနီးယားနိုင်ငံ များက အဖွဲ့ဝင်အဖြစ်ပါဝင်သည့်  ဥရောပအာရှစီးပွားရေးသမဂ္ဂ(Euro-Asia Economic Union)  အဖွဲ့နှင့်လည်းကောင်း   စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်း၍  ရင်းနှီးမြှုပ်နှံမှုများကို  ဖိတ်ခေါ်ဆွေးနွေးလျက် ရှိကြောင်း၊ အထူးသဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများနှင့်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ  စဉ်ဆက်မပြတ်ဆွေးနွေးလျက်ရှိကြောင်း၊  ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်တွင်  ကျင်းပခဲ့သည့် မြန်မာ-ဥရောပ အာရှစီးပွားရေး ကော်မရှင် အကြား  နှစ်ဖက်အစိုးရ-ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် သည့်  ဆွေးနွေးပွဲတွင်   ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များမှ  စွမ်းအင်ကုမ္ပဏီကြီးများ  တက်ရောက်ခဲ့ကြပြီး    ရေနံနှင့် သဘာဝဓာတ်ငွေ့    ရှာဖွေတူးဖော်ရေးကဏ္ဍတွင်လည်း    ပူးပေါင်း ဆောင်ရွက်ရေးနှင့်   လျှပ်စစ်ကဏ္ဍဖြန့်ဖြူးရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း၊  မကြာမီတွင်လည်း   ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ထိပ်တန်းရေနံနှင့် စွမ်းအင်ကုမ္ပဏီများနှင့်  ဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးသွားရန် ရှိကြောင်း၊  ဒီဇယ်နှင့်ဓာတ်ဆီကို ပြည်ပက တင်သွင်းရန်လိုအပ်သည့် နိုင်ငံခြားသုံးငွေများ စနစ်တကျရောင်းချပေးနိုင်ရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအနေဖြင့်လည်း      စိစစ်ခွင့်ပြုပေးလျက် ရှိကြောင်း။ 

 


စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး  လုပ်ငန်းအသေးစိတ်များကို  သတင်း မီဒီယာအနေဖြင့်  ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့က အသေးစိတ် ကိန်းဂဏန်းအချက်အလက်များနှင့် အသေးစိတ်ပြောပြီးဖြစ်ကြောင်း၊  တိုင်းပြည် အတွင်းတွင် အရန်စက်သုံးဆီများ အလုံအလောက်ရှိကြောင်း၊ ၎င်းတို့ နှင့်ပတ်သက်ပြီး  ဈေးကစားချင်သည့် ကောလာဟလ သတင်း မျိုးစုံလွှင့်နေသည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် အသိပေးသင့် သည် များ၊   သတိပေးသင့်သည်များကို   ဆောင်ရွက်လျက်ရှိကြောင်း၊  သက်ဆိုင်ရာဌာနအနေဖြင့် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ်ဝန်ကြီး ဌာနများ၊   စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း  MPTA တို့နှင့်   ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊    ပြည်သူများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက်    နိုင်ငံတော်၏   စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး    အာမခံချက်ရှိစေရန်   စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီ၊ လျှပ်စစ်အပါအဝင် စွမ်းအင် ကဏ္ဍနှင့်ပတ်သက်ပြီး  ယခုလက်ရှိအခြေအနေထက် ပိုမိုကောင်းမွန် ထိရောက်သည့် အစီအမံများကိုလည်း ဆောင်ရွက်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်မလွန်ကဲရန် ထပ်မံ အသိပေးပြောကြားလိုကြောင်း။  

         
 (ဆက်လက်ဖော်ပြပါမည်)