
နေပြည်တော် အောက်တိုဘာ ၃၁
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ (MICC-II) ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူ ကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်း နွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေး မှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ် ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင် ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြ များနှင့်တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် ယခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၃၁ ရက် အထိ ရည်ရွယ်ချက်၊ ဦးတည်ချက် များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို တက် ရောက်လာကြသူအားလုံးက ကျရာ တာဝန်ကို စုစုစည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် စုပေါင်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အတွက် ပြိုင်ပွဲကြီး အောင်မြင်စွာပြီးဆုံးခြင်းနှင့်အတူ ယခု ဂုဏ်ပြုညစာ စားပွဲကို ကျင်းပဆောင်ရွက်နိုင် ခြင်းပင်ဖြစ်ပါကြောင်း။
ကိုယ်ပိုင်ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းများပိုင်ဆိုင်ထား
မိမိတို့ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း နေထိုင်ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာဓလေ့ ထုံးစံနှင့် အနုသုခုမအပါအဝင် ယဉ်ကျေးမှု အမွေအနှစ်များ ပေါများကြွယ်ဝလှပါကြောင်း၊ မိမိ တို့နိုင်ငံ၏ သမိုင်းဖြစ်စဉ်အရ ဒီမြေ၊ ဒီရေပေါ်တွင် လူသားမျိုး နွယ် စတင်ခဲ့ခြင်းနှင့်အတူ ရေမြေ ဒေသသဘာဝကိုလိုက်ပြီး မတူခြား နားသည့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ၊ ရုပ်ကြွင်းအထောက် အထားများ၊ လက်မှုအဆင် တန်ဆာများ၊ အဝတ်အထည်များ၊ အနုသုခုမဆိုင်ရာ အဆိုအကများ၊ တီးခတ်မှုနှင့် သက်ဆိုင်သည့် တူရိယာပစ္စည်းမျိုးစုံသည် ဆင့်ကဲ ဖြစ်စဉ်များနှင့်အတူ ဖြစ်ထွန်း တည်ရှိနေခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာ စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များကိုလည်း ပိုင်ဆိုင်ထားကြပြီး ဖြစ်ပါကြောင်း။
သုခုမအနုပညာတွင် တူရိယာ ပစ္စည်းများ မည်သို့ပင်ကွဲပြား ခြားနားသော်လည်း “ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဆိုသည့် မြန်မာတို့၏ တူရိယာငါးပါး အခြေခံမှာပင် တစ်စုတစ်စည်း တည်း ပါဝင်လျက်ရှိကြပါကြောင်း။
အကနှင့်ပတ်သက်ပြီး ကချင် မနောအက၊ ကယားတံခွန်တိုင် အက၊ ကရင်ဒုံးယိမ်းအက၊ ချင်းဝါး ညှပ်အက၊ ဗမာအိုးစည်ဒိုးပတ် အက၊ မွန်ဟင်္သာမောင်နှံအက၊ ရခိုင်သျှုင်ဒိုင်အက၊ ရှမ်းကိန္နရီ ကိန္နရာအက အစရှိသဖြင့် ကွဲပြား ခြားနားသယောင် ရှိကြသော် လည်း “စည်းနှင့်ဝါး” ကို အခြေခံ သည့် “ခေါင်း၊ ခါး၊ ခြေ၊ လက်” အစရှိသော ခန္ဓာကိုယ်အစိတ်အပိုင်း များကို လှုပ်ရှားကပြခြင်းဆိုသည့် မြန်မာနိုင်ငံသား အားလုံးတို့၏ အကအခြေခံ အတွင်းမှာပင် ဆင့်ပွားတည်ရှိနေသည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်ဆိုသည်မှာ မြန်မာ တစ်မျိုးသားလုံး ပိုင်ဆိုင်သည့် အဖိုးတန်ရတနာ ဘိုးဘွားအမွေ အနှစ်၊ ဘိုးဘွားအမွေအစစ်များပင် ဖြစ်ပါကြောင်း။
အဆိုပါအဖိုးတန်ရတနာများ ကို သမိုင်းကြောင်းရှည်လျားစွာ တည်ရှိခဲ့သည့် အမျိုးသားရေး သွင်ပြင်လက္ခဏာအဖြစ် နိုင်ငံသား တိုင်းက ကမ္ဘာ့အလယ်တွင် ဂုဏ်ယူ ဝင့်ကြွားနိုင်ကြပါကြောင်း၊ ထို နည်းတူစွာ တိုင်းရင်းသား အချင်းချင်း သွေးစည်းချစ်ကြည် ရာတွင်လည်း ပေါင်းကူးတံတား သဖွယ် ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း။
အနုသုခုမပညာ မြင့်မားရေး
အားကြိုးမာန်တက်ယှဉ်ပြိုင်
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ရ သည်မှာ လွယ်ကူသည့် အလုပ် မဟုတ်ကြောင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ အသံသွင်း စသည်တို့သည် မကြိုက်မချင်း ပြန်လည်ဆောင် ရွက်၍ရသော်လည်း ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသည် အရုပ်၊ အသံ လှုပ်ရှားမှုကို တိုက်ရိုက်ပြသ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် လုံးဝ အမှားမခံပါကြောင်း၊ မှားယွင်း သည်နှင့် ဆုတံဆိပ်ရရှိရန် အခက် အခဲရှိသွားနိုင်သဖြင့် ပိုမိုလေးနက် မှုရှိသည်ကို လေ့လာတွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲဝင် အားလုံးကို အနုသုခုမပညာ မြင့်မားရေး အားကြိုးမာန်တက် ယှဉ်ပြိုင်မှုများအတွက် အထူးပင် အသိအမှတ်ပြုပါကြောင်း။
ယနေ့အချိန် ကာလတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူ အနောက်နိုင်ငံများ အပါအဝင် တိုင်းတစ်ပါးယဉ်ကျေး မှုများသည် မိမိတို့နိုင်ငံငယ်များ အပေါ် ထိုးဖောက်ဝင်ရောက်လာ နေပါကြောင်း၊ မိမိတို့ နိုင်ငံသူ
နိုင်ငံသားများ၊ လူငယ်များအနေ ဖြင့် အဆိုပါတိုင်းတစ်ပါးယဉ်ကျေး မှုများအပေါ်တွင် နှစ်သက်မြတ်နိုးပြီး
မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးမထား ဘဲ ပစ်ပယ်လာကြမည်ဆိုပါက အမျိုးသားရေးစိတ်ဓာတ် လျော့ပါး လာစေနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါအန္တရာယ် ဖြစ်မလာစေရန် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သွားကြရန်လည်း အလေးအနက် ထား မှာကြားလိုပါကြောင်း။
အလေးအနက်ထား
သမ္ဘာရင့်၊ ဝါရင့်ပညာရှင်ကြီး များအပြင် မျိုးဆက်သစ်လူငယ်
မောင်မယ်များအနေဖြင့် ယခု ပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှု များနှင့်အတူ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက် ရေး၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြ သည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်းချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေး၊ မိမိ ယဉ်ကျေးမှု၊ မိမိဓလေ့ထုံးစံမှသည် မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ နိုင်ငံ သားများအပေါ် ချစ်ခင်မြတ်နိုး စိတ်များကို လက်ဆင့်ကမ်း သယ်ဆောင်သွားကြရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါဟု အလေး အနက်ထား ပန်ကြားလိုကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆို အကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အက အကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေး အကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် အတီးအကဲဖြတ် လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်ကိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများနှင့် အခမ်းအနား မှူးများကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အကဲဖြတ်ပညာရှင် မြင်းမူမောင်နိုင်မိုးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများ သည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံး ဆောင်နေစဉ်အတွင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာ ရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြ သည်။
ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခမ်းအနား တက် ရောက်လာကြသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက် ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အနုပညာအမွေအနှစ် များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ် များ အကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့် ထပ်တူ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်း ကဏ္ဍမှ တစ်တပ်တစ်အားပူးပေါင်း ပါဝင်ဆောင်ရွက်ရေး စသည့် ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အင်အား ၂၃၀၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်