
နေပြည်တော် အောက်တိုဘာ ၂၅
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းကပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်များ၏အဆင့် သတ်မှတ်ချက်များအနေဖြင့် ဝါသနာရှင် အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)တို့ကို ပြိုင်ပွဲအဆင့်များအဖြစ် သတ်မှတ်ထား သည်။
ယနေ့တွင် “မဟာဂီတ”တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Banquet Hall ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယ တန်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သောင်းရွေ့လယ်” (ယိုးဒယား) သီချင်း ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “ဇေယျာအောင်သံ” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင် ကြသည်။
“ကာလပေါ်” တေးသီချင်း အဆို ပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယ တန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “လူချွန်လူကောင်း” သီချင်းဖြင့် လည်း ကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက “ပျံသန်းရမည့်နေ့” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲ ဝင်များက “ဆုတောင်းပတ္တနာ” သီချင်း ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။
အကပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ ကလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုး သမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီး ပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များကလည်း ကောင်း ကကြိုးကကွက် စုံလင်စွာဖြင့် ယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲ၏သီချင်းသံစဉ် ထည့် သွင်းလေ့ကျင့်သီဆိုခြင်းကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “ဝါကျွတ်အခါမီတူရာသီ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်း စို့လေ ရိုးရာအမွေ” ခေါင်းစဉ်ဖြင့်လည်း ကောင်း ရသစုံလင်စွာ သံစဉ်ထည့်သွင်း လေ့ကျင့်သီဆိုကြသည်။
စန္ဒရားအတီးပြိုင်ပွဲကို မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပရာ
ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုး သားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “ဒီပါအေးမြ”(ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယ တန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “နန်းသီဟိုဠ်” (ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲ ဝင်များက “ကန္တာတောခြေ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင် ကြသည်။
စောင်းအတီးပြိုင်ပွဲကို အမျိုးသား ပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဆဒ္ဒန်အိုင်သာ” (သီချင်းခံ) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုး သမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်ချာမြေကို” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့မှ ပြိုင်ပွဲဝင်များက “ဆန်းနွေဦး” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဆန်းဆန်းသဉ္ဇာ ကြာညောင်”(ယိုးဒယား)သီချင်းဖြင့် လည်း ကောင်း၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းဆန်း သဉ္ဇာကြာညောင်”(ယိုးဒယား) သီချင်းဖြင့် လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။
အိုးစည်အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်း မင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုး သားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲ ဝင်များက လည်းကောင်း၊ အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲတွင် ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသ ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက မြူးကြွမြိုင်ဆိုင်စွာ တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းဝိုင်းကြီးအဖွဲ့အလိုက် အတီး ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ ဝါသနာရှင် အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲ တွင် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်း ကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင် ကြသည်။
ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ပညာရွှေအိုး” ဇာတ်တော်ကြီးဖြင့် ဧရာဝတီတိုင်းဒေသ ကြီးကိုယ်စားပြု ဧရာလှိုင်းရုပ်စုံသဘင် အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များကို ဖော်ကျူးသည့်အကအလှ များ၊ စကားပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။
ဇာတ်တော်ကြီးပြိုင်ပွဲကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့် ရေးဇာတ်ရုံ၌ကျင်းပရာ ဇာတ်တော်ကြီး အဖွဲ့လိုက် ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် “မဟော်သဓာ” ဇာတ်တော်ကြီး ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး မဟော်သဓာ ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟော် သဓာဇာတ်တော်ကြီး၏ တီးလုံးတီးချက် များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနု ပညာရသမြောက်ပေါင်းစပ်ပြီး ယှဉ်ပြိုင် ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေးရာဝန်ကြီးများ၊ ဥပဒေ ချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်း သူမိဘများက ပြိုင်ပွဲနေရာအသီးသီး၌ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းများနှင့် ပြိုင်ပွဲ ဝင်များ အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြုဆပ်ကော်မတီများကို ဖွဲ့စည်း၍ ပြိုင်ပွဲဝင်များ၊ နည်းပြများနှင့် အုပ်ချုပ်သူများ၏ သွားလာရေး၊ တည်းခို နေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာ ရေး၊ ပြိုင်ပွဲနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်ရရှိရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည့်အပြင် လူသုံးကုန်ပစ္စည်းဆိုင်၊ အဆာပြေအစားအစာဆိုင်၊ ဆံသဆိုင်၊ အလှပြင်ဆိုင်နှင့်ဗဟုသုတရေးရာ စာအုပ် ဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချပေး လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ၊ ခမ်းနားစွာ၊ စိတ်အေးချမ်းမြေ့ စွာ ကျင်းပယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်