(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ

 

နေပြည်တော် အောက်တိုဘာ  ၁၅


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟို အဆင့်) ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

 


ယနေ့တွင် အမျိုးဂုဏ်၊  ဇာတိဂုဏ် မြှင့်တင်ရေး တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်       (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “ဗမာ့သွေး”သီချင်း ဖြင့်လည်းကောင်း၊    ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင် များက “ခေတ်ဆန်းချိန်”  သီချင်း ဖြင့် လည်းကောင်း၊   မွန်ပြည်နယ်၊   ရခိုင် ပြည်နယ်၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “မဟာ”သီချင်း ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့်  မန္တလေး တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “သူဌေးဝါဒ”သီချင်းဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ      ပြိုင်ပွဲဝင်က “သုံးရောင်ခြယ်”  သီချင်းဖြင့်   လည်း ကောင်း၊    အဆင့်မြင့်   ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ    ပြိုင်ပွဲဝင်များက    “ထာဝရ အဓိဋ္ဌာန်”သီချင်းဖြင့်  လည်းကောင်း၊ မွန်ပြည်နယ်၊    ရခိုင်ပြည်နယ်၊   ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဇွဲ”သီချင်းဖြင့်  လည်းကောင်း၊  မကွေး တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင် များက “ပုဂံမြေ”သီချင်းဖြင့်   လည်း ကောင်း  ယှဉ်ပြိုင်ကြသည်။

 


တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲ  


တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ အလွတ်တန်းအဆင့်ပြိုင်ပွဲ တွင် ဧရာဝတီတိုင်းဒေသကြီးမှ မမြဖူးပွင့် အကအဖွဲ့၊     မကွေးတိုင်းဒေသကြီးမှ မပြုံးပြုံးရီ   အကအဖွဲ့၊  မန္တလေးတိုင်း ဒေသကြီးမှ  ရွှေမန်းမြေကျေးလက်ယိမ်း အဖွဲ့၊ ရခိုင်ပြည်နယ်မှ ရခိုင်ရိုးရာ မယိမ် တက်   ယိမ်းအဖွဲ့၊   ကချင်ပြည်နယ်မှ လာချိဒ်ရိုးရာ အကအဖွဲ့၊ ရှမ်းပြည်နယ်မှ ပအိုဝ်းတိုင်းရင်းသားရိုးရာ   အကအဖွဲ့၊ ကယားပြည်နယ်မှ ကယားတိုင်းရင်းသား ရိုးရာ အကအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး မှ   ထားဝယ်တိုင်းရင်းသားရိုးရာယဉ် ကျေးမှု   အကအဖွဲ့၊   မွန်ပြည်နယ်မှ မွန်ရိုးရာ (၁၂) မျိုး  ယိမ်းအဖွဲ့၊  ကရင် ပြည်နယ်မှ     ကရင်ရိုးရာ    ဒုံးယိမ်းအဖွဲ့၊ ချင်းပြည်နယ်မှ ဆာလန်းရိုးရာ အကအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မိုးဇာဗြောအက အဖွဲ့၊      ပဲခူးတိုင်းဒေသကြီးမှ     ကရင် တိုင်းရင်းသားရိုးရာအကအဖွဲ့နှင့်  ရန်ကုန် တိုင်းဒေသကြီးမှ   ဒေါ်နန်းစမ်းပွင့်အေး အကအဖွဲ့တို့က      တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာ   ဓလေ့စရိုက်များ ပေါ်လွင်စေမည့်   အက  အလှများဖြင့် အဖွဲ့လိုက် အချိုးအဆစ် ညီညာပြေပြစ် ရသမြောက်စွာ ကပြယှဉ်ပြိုင်ကြသည်။

 


ရုပ်စုံသဘင်   
အဖွဲ့လိုက်ပြိုင်ပွဲ


ရုပ်စုံသဘင်   အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ “ငါးပါဒအက္ခရာ”  ဇာတ်တော်ကြီး  ရုပ်စုံ သဘင်အဖွဲ့လိုက်   ဝါသနာရှင်အဆင့် (ပထမတန်း)  ပြိုင်ပွဲတွင်    ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ် ကျေးမှုအမွေအနှစ်များ ကို ဖော်ကျူးသည့် အကအလှများ၊ စကား ပြောများဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြ သည်။

 


ဇာတ်တော်ကြီးပြိုင်ပွဲ


ဇာတ်တော်ကြီးပြိုင်ပွဲကို  သာသနာ ရေးနှင့်       ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ “ရာမာ ယဏ”ဇာတ်တော်ကြီး  ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင်    ပဲခူးတိုင်းဒေသ ကြီး ကိုယ်စားပြုဇာတ်တော်ကြီးအဖွဲ့က  မူရင်း             ရာမာယဏဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို  မြန်မာ့ဇာတ် သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အက အလှများနှင့်   အနုပညာ  ရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

 


အရေးပြိုင်ပွဲ


အရေးပြိုင်ပွဲကို  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (ယဉ်ကျေးမှု ရတနာခန်းမ)၌ ကျင်းပရာ အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲတွင် ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊  တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “အားမာန်သစ်တည် ရှေ့သို့ချီ” ခေါင်းစဉ် ဖြင့် ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။

 


အိုးစည်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေး ဇာတ်ရုံ)၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်း ဒေသကြီးနှင့်   ဧရာဝတီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)  ပြိုင်ပွဲတွင်  ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊     မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ    ပြိုင်ပွဲဝင်     အဖွဲ့များ က လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊    မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့်      ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်အဖွဲ့များက   လည်းကောင်း၊ အဆင့်မြင့်ပညာ     အဆင့်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ     ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ် ယှဉ်ပြိုင်ကြသည်။

 


ဒုံမင်းပြိုင်ပွဲ


ဒုံမင်းပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင် အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးနှင့်   ဧရာဝတီတိုင်း ဒေသကြီးတို့မှ          ပြိုင်ပွဲဝင်များက “ထွန်းလင်းလျှံလက်”  (ပတ်ပျိုး)  ဖြင့် လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင် များက “ဒီပါဧမြ”(ပတ်ပျိုး) ဖြင့်  လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင်  ပဲခူးတိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “ဒီပါဧမြ”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “ဟေမဝန်ချာ”(ဘွဲ့)  ဖြင့် လည်းကောင်း၊    အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “မှန်ညောင်သဉ္ဇာ”(ဘွဲ့) ဖြင့်လည်းကောင်း၊   ပဲခူးတိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “သီလာမြေယံ” (ကြိုး) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုး သမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သီလာမြေယံ” (ကြိုး) ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှန်ညောင်သဉ္ဇာ”(ဘွဲ့) ဖြင့် လည်းကောင်း၊        ဝါသနာရှင်အဆင့် (ဒုတိယတန်း)   အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “နှင်းယွန်းခါဟေမာန်”(ယိုးဒယား) ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ပြိုင်ပွဲ ဝင်က   “ကျေးစေတမန်”  (ကာလပေါ်) ဖြင့်လည်းကောင်း၊    ဝါသနာရှင်အဆင့် (ဒုတိယတန်း)   အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “နှင်းယွန်းခါဟေမာန်” (ယိုးဒယား) ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က  “တောနှင့်  တောင် စွယ်”(ယိုးဒယား) ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲ တွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သုဝဏ္ဏသျှံ”(ကာလပေါ်) ဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း ) အမျိုးသားပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “နန်းသီဟိုဠ်”(ယိုးဒယား) ဖြင့်  လည်း ကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

 


ပလွေပြိုင်ပွဲ


ပလွေပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပ ရာ   ဝါသနာရှင်အဆင့်  (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “ချစ်သမျှကို” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊မန္တလေးတိုင်းဒေသကြီးနှင့်  ချင်းပြည်နယ် တို့မှ  ပြိုင်ပွဲဝင်များက  “လေပြည်ဆော် သွင်းမြူး”(ယိုးဒယား) ဖြင့်လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်း ဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက  “ဆဒ္ဒန် အိုင်သာ” (သီချင်းခံ) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့်  (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)   အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “ထွေတလာ”(ကြိုး)  ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့မှ  ပြိုင်ပွဲဝင်များက “စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး)ဖြင့်  လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က  “လာချေပြီ” (ကြိုး) ဖြင့်  လည်းကောင်း၊  အဆင့်မြင့် ပညာအဆင့်     အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က “ကျွန်းကျွန်းပိုင်သ” (ကြိုး)ဖြင့်  လည်း ကောင်း၊   ဝါသနာရှင်အဆင့် (ပထမတန်း)       အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “မန်းတောင်လက်ရာ” (ယိုးဒယား)ဖြင့် လည်းကောင်း၊   ချင်း ပြည်နယ်မှ ပြိုင်ပွဲဝင်က “နှင်းယွန်းဂိမ္မာန်” (မွန်) ဖြင့်  လည်းကောင်း၊  မန္တလေးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က  “အောင်မြေ သာစံ” (ပတ်ပျိုး) ဖြင့်  လည်းကောင်း၊     အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ  ၂၀   နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင်         ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့်   မန္တလေးတိုင်းဒေသကြီးတို့မှ     ပြိုင်ပွဲဝင် များက “မြန်ခန်းကျွန်းတွင်း” (ကြိုး) ဖြင့်  လည်းကောင်း           တီးမှုတ်ယှဉ်ပြိုင်ကြ သည်။

 


ကွက်စိပ်ပြိုင်ပွဲ


ကွက်စိပ်ပြိုင်ပွဲကို အမျိုးသားစာကြည့် တိုက်     (နေပြည်တော်)ရှိ    ဝန်ဇင်းမင်း ရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန် ပြည်နယ်၊     မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင် များက    “မဟော်သဓာဇာတ်တော်ကြီး” ခေါင်းစဉ်ဖြင့် ဇာတ်တော်ကြီး၏ အနှစ် သာရနှင့်   ဦးတည်ချက်ပေါ်လွင်အောင် နှုတ်မှုစွမ်းရည် ပြသဟောပြော ယှဉ်ပြိုင် ကြသည်။

 


ယနေ့ပြိုင်ပွဲများ ကျင်းပရာ နေရာ အသီးသီးသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ဒုတိယဝန်ကြီးများ၊  တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ  တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊   လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ    လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 


ယနေ့ခေတ်တွင် IT နည်းပညာ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ   အနောက် တိုင်း    ယဉ်ကျေးမှုများ   ထိုးဖောက် ဝင်ရောက်လာသည့်အတွက်   မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်မသွား စေရေး  သားစဉ်မြေးဆက်  လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရန် လိုအပ်သည်။ 

 


တိုင်းရင်းသားပြည်သူများ၏ ဇာတိ သွေး၊ ဇာတိမာန်မြင့်မားရေး၊ အမျိုးသား ယဉ်ကျေးမှု    ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရေး၊   အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းရင်းသား   စည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာ  ထွန်းကားပြန့်ပွားရေး အတွက် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု စွမ်းအားတို့ဖြင့် စေ့ဆော်စည်းရုံး မြှင့်တင် ပေးကြရမည်ဖြစ်ပြီး       ပြည်သူများ၏ စိတ်ဓာတ်ရေးရာ  အခြေခံတွင်   မျိုးချစ် စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး     စိတ်ဓာတ်နှင့်    ပြည်ထောင်စု စိတ်ဓာတ်များ   ထာဝစဉ်ရှင်သန်ထက် မြတ်ပြီး    ရင့်သန်ခိုင်မာနေစေအောင် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊  အက၊ အရေး၊ အတီး ပြိုင်ပွဲများမှ တစ်ဆင့် ပညာ ပေးစေ့ဆော် စည်းရုံးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။      

          သတင်းစဉ်