
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
နေပြည်တော် အောက်တိုဘာ ၁၈
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ ဝင်များနှင့်ဇနီးများ၊ ကောင်စီ အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ဆပ်ကော်မတီများမှ တာဝန် ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ အထောက်အကူပြုအဖွဲ့များ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲ ဝင်အနုပညာရှင်များ တက်ရောက် ကြသည်။
ကြိုးပမ်းဆောင်ရွက်ခဲ့
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ တော်၏တာဝန်များကို စတင် ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော် ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုး ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ပညာ ရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ရေးရာကိစ္စရပ်များ အပါအဝင် အဘက်ဘက်တွင် လစ်ဟာမှု မရှိစေရေး ကြိုးပမ်းဆောင်ရွက် ခဲ့ပါကြောင်း၊ ဆက်လက်၍ လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းရင်း သားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေးတို့ကို ဦးတည်ချက် ချမှတ်ပြီး နိုင်ငံတော်ကို အေးချမ်း သာယာ ခေတ်မီဖွံ့ဖြိုးတိုးတက် အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ကျင်းပခဲ့ရာမှ မကျင်းပခဲ့သည်မှာ ကြာပြီဖြစ် သည့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုး ဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ ဖော်ထုတ်ထိန်းသိမ်း ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံ ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ် များ နိုးကြားတက်ကြွစေပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက် အကူပေးနိုင်ရန် ရည်ရွယ်ကျင်းပ ခဲ့ခြင်းဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
နိုင်ငံတစ်နိုင်ငံ အေးချမ်း သာယာရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ၏သဘာဝ သယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ တိုင်းပြည်၏ သမိုင်းကြောင်း ရှည်လျားသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ အရှည် တည်တံ့စေရန်အတွက် ဆိုရာတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံးဖြစ်သည့် နိုင်ငံသား အားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရမည့်ကိစ္စ ဖြစ်ပါကြောင်း။
နိုင်ငံသားကြီးငယ်မဟူ ကျား/မ မရွေး အသိပညာရှင်၊ အတတ် ပညာရှင်များ၏ သိမြင်နှံ့စပ်မှု၊ ကျွမ်းကျင်တတ်မြောက်မှု၊ အတွေ့ အကြုံရင့်ကျက်မှုများနှင့် စိတ်ရင်း စေတနာများသည် အခြေခံကျ သည့် အရင်းအမြစ်များပင်ဖြစ်ပါ ကြောင်း၊ နိုင်ငံ၏ သမိုင်းအဆက် ဆက်တွင် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသည့် အမြင်အသိ ကသာ လက်တွေ့ကျပြီး အမှန်ကန် ဆုံးဖြစ်သည့်အတွက် နိုင်ငံနှင့် လူမျိုးအကျိုးကို တိုးတက်မြင့်မား အောင်အားလုံးက ကြိုးပမ်းစွမ်း ဆောင်သွားကြရမည် ဖြစ်ပါကြောင်း။
မိမိတို့ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း နေထိုင်ကြသကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ရိုးရာဓလေ့ ထုံးစံနှင့် ယဉ်ကျေးမှု အနုသုခုမ များကလည်း ကွဲပြားခြားနား များပြားလှပါကြောင်း၊ အထောက် အထားများအရ မိမိတို့ နိုင်ငံ၏ သမိုင်းဖြစ်စဉ်များတွင် လူသား မျိုးနွယ်စတင်ခဲ့မှုနှင့်အတူ ရေမြေ ဒေသသဘာဝကို လိုက်ပြီး မတူကွဲပြား ခြားနားသည့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အနုသုခုမဆိုင်ရာ အထောက် အထားများ၊ လက်မှုအဆင် တန်ဆာ အသုံးအဆောင်ပစ္စည်း များ၊ အနုသုခုမ အဆို၊ အတီး၊ အကများသည်လည်း တစ်ပါတည်း ဆင့်ကဲ ပေါ်ထွန်းလာခဲ့ပြီးဖြစ် ပါကြောင်း။
ထိန်းသိမ်းကာကွယ်
တစ်မျိုးသားလုံးနှင့် သက်ဆိုင် သည့် တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုသုခုမ ပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့ပါ ကြောင်း၊ အဆိုပါ ရှိခဲ့သည့်စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် အစဉ်အလာများကို လျော့နည်း ပပျောက်ခြင်းမရှိအောင် အားလုံး က ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန် လိုအပ်ပါ ကြောင်း။
ကွယ်လွန်သူ ဂီတပညာရှင် ကြီး စန္ဒရား ဦးလှထွဋ် ရေးသား ပြုစုခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသားစာပေဆု ချီးမြှင့်ခြင်း ခံခဲ့ရသည့် “မြန်မာ့ဂီတ ရေစီး ကြောင်း” စာအုပ်၌ ကမ္ဘာမှာရော မြန်မာမှာပါ Classic ဟုခေါ်သည့် ဂန္ထဝင်ဂီတပေါ်ထွန်းခဲ့သည့် ခေတ် တစ်ခေတ်ရှိသည်ဟု ဖော်ပြထား ပါကြောင်း၊ အဆိုပါခေတ်မှာ ၁၈ ရာစုနှစ် အစောပိုင်း ကာလ၊ ဒုတိယအင်းဝဟု သတ်မှတ်သည့် ညောင်ရမ်းခေတ် ၁၇၁၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် စာဆိုတော် ဝန်ကြီး ပဒေသရာဇာက “ထံတျာ တေရှင်” အစချီကြိုးသီချင်းများ၊ တျာချင်းများ ရေးသားပြုစုနေချိန် ၌ ဂျာမနီက ဂီတပညာရှင်ကြီး ဘာ့(ခ်) (၁၆၈၅-၁၇၅၉) က God is My King အမည်ရှိ တေးဘွဲ့ ကြီးကို သီကုံးနေချိန်ဖြစ်ပါ ကြောင်း။
၁၇၂၅ ခုနှစ်ဝန်းကျင်တွင် ဆီသည်ရွာစား ဦးအောင်ကြီးက “အင်းဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား” စပ်ဆိုနေချိန်၌ အင်္ဂလန်က ဂီတ ပညာရှင်ကြီး ဟင်ဒယ်လ်က သိမ်းမြစ်တွင် ဘုရင်ရေဆင်းပွဲ သဘင်ကျင်းပသည့် “ရေဇလာ ဂီတ” Water Music ကို သီကုံးနေပါကြောင်း။
၁၇၈၀ ပြည့်နှစ်ခန့်တွင် ဂျာမန်ဂီတပညာရှင် မိုးဇက်က Magic Flute “မှော်ပလွေ” အော်ပရာကို ရေးသားချိန်၌ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ က “မဲဇာတောင်ခြေ” ရတုကြီးကို ရေးသားနေခဲ့ပါကြောင်း၊ ၁၉ ရာစု အစောပိုင်းဖြစ်သည့် ၁၈၀၀ ပြည့် နှစ်လွန်အချိန်များတွင် ဂျာမန် ဂီတပညာရှင် ဘေသိုဗင်က နပိုလီယန် စစ်ချီတက်ပုံကို ရေးဖွဲ့ သည့် “ရဲစိတ်ရဲမာန်” တေးဘွဲ့ ကြီးကို ရေးနေချိန်တွင် မြဝတီ မင်းကြီး ဦးစက “သာဆန်းရဂုံ ဘွေ” ပတ်ပျိုးကြီးကို ရေးဖွဲ့နေပါ ကြောင်း။
၁၈၄၀ ပြည့်နှစ်ကာလများက ပိုလန်စန္ဒရားပညာရှင် “ရှိုပင်”က “ညဉ့်ယံ တေးများ” ဆိုသည့် တေးဘွဲ့ကို ရေးစပ်နေချိန်တွင် အနောက်နန်းမိဖုရား မမြလေးက “ချစ်သမျှကို” ဂန္ထဝင်ပတ်ပျိုး ကြီးကို ရေးသားနေချိန် ဖြစ်သည် ဟု မှတ်တမ်းများအရ သိရှိထားပါ ကြောင်း။
ဆိုလိုရင်းမှာ ကမ္ဘာတွင် ဂန္ထဝင်အနုပညာ၊ ဂန္ထဝင်ဂီတ ဟူ၍ ပေါ်ပေါက်ပြီး ယနေ့ထိတိုင် ခိုင်မြဲ နေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ၎င်းတို့နှင့်ခေတ်ပြိုင် ဂန္ထဝင် အနု ပညာ၊ ဂန္ထဝင်စာပေ၊ ဂန္ထဝင်ဂီတ ဆိုသည်များ ပေါ်ပေါက်ခဲ့ကာ ရှေးနှစ်ပေါင်းများစွာမှ ယနေ့ ထက်တိုင် ခိုင်မြဲစွာတည်ရှိနေဆဲ ဖြစ်သည်ကို တင်ပြလိုခြင်းဖြစ်ပါကြောင်း။
အထက်တွင် တင်ပြခဲ့သည့် ဂန္ထဝင်အနုပညာများကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် အတွက် ၅ နှစ်ကျော်နီးပါး ရပ်တန့် ခဲ့ရသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ပြန်လည် ကျင်းပနိုင်ရေးအတွက် ရှုထောင့် ပေါင်းစုံက စဉ်းစားခဲ့ကြရပါ ကြောင်း။
အထူးသဖြင့် တစ်ဖက်တွင် နိုင်ငံနှင့်တစ်ဝန်း၊ ကမ္ဘာနှင့် တစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေကြရ သည့် ကိုဗစ်-၁၉ ရောဂါ၏ ပိုးတွေ့ ရှိမှုနှုန်းသည် သတိထားနေရဆဲ အခြေအနေတစ်ရပ်တွင် ရှိနေ သေးသော်လည်း အခြေအနေ အချိန်အခါအရ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို လုပ်သင့်သည့် အတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ သတိထားပြီး ကြိုတင် ကာကွယ်မှုများနှင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါ ကြောင်း။
ကြိုတင်ပြင်ဆင်
ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်ခဲ့သည့်ကာလအတွင်း၌ ယင်းပညာရပ်များကို မြတ်နိုး ဖက်တွယ်ခဲ့ကြသည့် အနုပညာရှင် အချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါ ကြောင်း၊ ကျန်ရှိနေသေးသည့် ပညာရှင်အများအပြားသည်လည်း အသက်အရွယ်နှင့် ကျန်းမာရေး ကို အလေးထားဂရုပြုရမည့် အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပါ ကြောင်း၊ သို့သော် အနုပညာ မြတ်နိုးသူများ၏ သဘာဝအရ “စိတ်ပျိုရင် ကိုယ်နုတယ်” ဟူ သည့်ဆိုစကား ရှိသကဲ့သို့၊ မိမိတို့ နှစ်သက်မြတ်နိုးသည့် အနုပညာ အလုပ်များနှင့် ထိတွေ့နေရလျှင်၊ မိမိတို့ သိရှိတတ်မြောက်ထား သည့် ပညာများဖြန့်ဝေနေရလျှင် အသက်ရှည်ဆေး တစ်ခုသဖွယ် ဖြစ်သည်ဟု နားလည်ထားမိကြ သည့်အတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆွေးနွေး စဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ ယခုပြိုင်ပွဲကြီးကို ကျင်းပနိုင်ခဲ့ ခြင်းပင် ဖြစ်ပါကြောင်း။
ရှည်လျားသည့် သမိုင်း ကြောင်းတစ်လျှောက် အဓွန့်ရှည် တည်တံ့ခဲ့သည့် မိမိတို့၏ အနုသုခုမပညာရပ်များကို “မဟာ” ဟူသည့် ကြီးကျယ်မြင့်မြတ်သော ဂုဏ်ထူးဝိသေသနှင့် မဟာဂီတဟု ခေတ်အဆက်ဆက်တွင် တန်ဖိုး ထားခဲ့ကြပါကြောင်း၊ ထိုသို့တန်ဖိုး ထားခဲ့ကြသည့် စာသားတေးသွား များကို ၁၉၅၃ ခုနှစ်တွင် ဝိဝါဒ ကွဲပြားမှုမရှိစေရန် “နိုင်ငံတော်မူ” အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပညာရှင်ကြီးများပါဝင်သည့် အဖွဲ့ ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သည် ဟု လေ့လာသိရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် “စာသား၊ သံကျ၊ စည်းဝါး၊ အတော၊ အပိုဒ် ပြန်၊ အဆို” ဟု အပိုင်း ၆ ပိုင်း ခွဲခြားပြီး စနစ်တကျ မှတ်တမ်း ပြု ဆောင်ရွက်ခဲ့ကြကြောင်းကို လည်း လေ့လာသိရှိရပါကြောင်း၊ သံကျ၊ စည်းဝါး၊ အတော၊ အပိုဒ် ပြန် အစရှိသည်တို့သည် အတီးပိုင်း နှင့် ပို၍အဆက်အစပ်ရှိနေသည်ကို သိရှိရပါကြောင်း။
သီချင်းတစ်ပုဒ်ကို သီဆို တီးမှုတ်ကြရာတွင် အဆိုနယ်၊ အတီးနယ်ကို စနစ်တကျ သတ်မှတ်ပိုင်းခြားထားပြီး ဖြစ်ပါ ကြောင်း၊ ထို့အတွက် မဟာဂီတဝင် တေးသီချင်း ၁၆၉ ပုဒ်ကို နိုင်ငံ တော်မူအဖြစ် တိကျစွာသတ်မှတ် နိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည့် အတွက် မွန်မြတ်သည့် ယဉ်ကျေး မှု အမွေအနှစ် ထိန်းသိမ်းမှုတစ်ခု အဖြစ် ဝမ်းသာကြည်နူးဖြစ်ရပါ ကြောင်း။
“အဆို”နှင့် ပတ်သက်၍ အသံ ၏ ပေါ်ထွန်းရာဖြစ်သည့် “လည်၊ လျှာ၊ နှာ၊ အာ၊ သွား” ဆိုတဲ့ “ဌာန်” ငါးပါးကို ပေါင်းစည်းကာအသံတို၊ အသံရှည်များနှင့် ဖွဲ့သီထားသည့် မဟာဂီတဆိုဟန်၊ ခေတ်ဟောင်း တေးဆိုဟန်၊ ကာလပေါ် တေးသီချင်းဆိုဟန်များဟုလည်း ကွဲကွဲပြားပြားရှိထားပြီး ဖြစ်ပါကြောင်း။
အလားတူ “အက” တွင်လည်း “ခေါင်း၊ ခါး၊ ခြေ၊ လက်” ဟူသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းငါးခု ကို ပိုင်းခြားသတ်မှတ်ပြီး နရီ၊ စည်းဝါး၊ တေးသွားများနှင့်အတူ ကပြကြရခြင်း ဖြစ်ပါကြောင်း၊ မြန်မာအကတွင် “တစ်ပင်တိုင်” အကသည် နူးညံ့သိမ်မွေ့မှု၊ ငြိမ့်ညောင်းသာယာမှု၏ စံတစ်ခု ဖြစ်ပါကြောင်း၊ ပန်းချီ၏ မျဉ်းကွေး၊ မျဉ်းပျော့ပုံသဏ္ဌာန် အဝန်း၊ အဝိုင်း၊ အကွေး၊ အညွှတ် များနှင့် ကဟန်ပင်ဖြစ်ပါကြောင်း၊ မြန်မာတို့၏ ဂါရဝတရားကို အခြေခံသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်ကို ထင်ဟပ်ထားခြင်း ပင်ဖြစ်ပါကြောင်း၊ ယခုနှောင်းပိုင်း တွင် ပျိုရွယ်သူများ၏ အက သဘောမှာ သွက်လက်ဖြတ်လတ် မှုကို အားပြုသည့် မျဉ်းအမာ သဏ္ဌာန်၊ ထောင့်ချိုးသဏ္ဌာန်၊ အမာအဆတ်၊ အလိမ်အကောက် များ လွှမ်းမိုးလာခြင်းကိုလည်း ပညာရှင်ကြီးများ သတိထားမိကြ မည် ဖြစ်ပါကြောင်း။
ထို့ပြင် တေးသီချင်းများ ရေးသားရာတွင်လည်း မြန်မာတို့ ၏ပေါကြွယ်ဝလှသည့် ဝေါဟာရ များ၊ စာသားအဆင်တန်ဆာများ၊ အသံကာရန် သဘောညီသည့် ရေးနည်းစပ်ထုံးများကို ဂုဏ်၊ အလင်္ကာ၊ ရသမြောက်စွာ ပေါ်လွင်စေလိုသည့်အတွက် ယခု ပြိုင်ပွဲကြီးတွင် “အရေး” ပြိုင်ပွဲ ကဏ္ဍကိုလည်း ထည့်သွင်းထား ခြင်းဖြစ်ပါကြောင်း၊ ယနေ့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ရှေးယခင် ၁၉၉၃ ခုနှစ်၌ စတင်ခဲ့စဉ်ကတည်း က ပါဝင်ခဲ့သည့် ပြိုင်ပွဲဝင်ဘာသာ ရပ်များ၊ ပြိုင်ပွဲဝင်စည်းကမ်း သတ်မှတ်ချက်များ၊ ပြိုင်ပွဲအမှတ် ပေးဇယားများအတိုင်း အားလုံး၏ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှု များဖြင့် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း။
အကပြိုင်ပွဲ၏ အထူးပြု ဘာသာရပ်များ ဖြစ်ကြသည့် “ရာမာယဏ” ဇာတ်တော်ကြီး ပြိုင်ပွဲ၊ ကွက်စိပ်ပြိုင်ပွဲ၊ ငါးပါဒ အက္ခရာ ရုပ်စုံသဘင်ပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ တိုင်းရင်း သားရိုးရာ/ ကျေးလက်ရိုးရာအက ပြိုင်ပွဲ၊ မွန်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ၊ မြန်မာအကအခြေခံ ကဗျာလွတ်အကပြိုင်ပွဲများအပြင်၊ အဆိုပြိုင်ပွဲ၏ အထူးပြုဘာသာ ရပ်ဖြစ်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး ပြိုင်ပွဲများ ကိုလည်း အောင်အောင်မြင်မြင် ထည့်သွင်း ကျင်းပနိုင်ခဲ့ခြင်းဖြစ် သည့်အတွက် အသွင်သဏ္ဌာန် ရော အနှစ်သာရပါ ပြည့်စုံသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက် အရေးပါသည့် အောင်မြင် မှုတစ်ရပ်အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ လာမည့် နှစ်များတွင် ယခုထက်ပိုမိုပြည့်စုံ သည့် ပြိုင်ပွဲများဖြစ်စေရေး ကြိုတင်စဉ်းစား ကြိုးစားဆောင် ရွက်သွားကြရန် လိုအပ်မည်ဖြစ် ကြောင်း။
ဆက်လက်ထိန်းသိမ်း
မျိုးဆက်သစ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင် မြင်မှုများနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ဆက်လက်ထိန်း သိမ်း စောင့်ရှောက်သွားကြရန်၊ အတူတကွ ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များ အနေဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေ ရေး ဆက်လက်ကြိုးစားတည်ဆောက်သွားကြရန်၊ မိမိတို့ ယဉ်ကျေးမှု၊ မိမိတို့ဓလေ့ထုံးစံမှ သည် မိမိတို့နိုင်ငံနှင့် မိမိတို့ နိုင်ငံသားများအပေါ် မျိုးချစ် စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ် ခိုင်မာရှင်သန်ရေး ကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းသွားကြရန်၊ ဝါရင့် အနုပညာရှင်၊ သက်ကြီးအကဲဖြတ် ပညာရှင်များအနေဖြင့် မိမိတို့ နှစ်ပေါင်းများစွာက လေ့လာ သင်ယူခဲ့ရသည့် အနုသုခုမပညာ ရပ်များကို မျိုးဆက်သစ် သားငယ်၊ သမီးငယ်များထံ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း အမွေပေးဝေနိုင် ကြစေရေးတို့အတွက် မိမိတို့၏ တစ်ကိုယ်ရေ ကျန်းမာရေးမှအစ အထူးဂရုပြုစောင့်ရှောက် နေထိုင် ကြပါရန် အလေးအနက်ထား ပန်ကြားလိုပါကြောင်းနှင့် ပြိုင်ပွဲ ကြီး အောင်မြင်အောင် ဝိုင်းဝန်း ကူညီ ပါဝင်ဆောင်ရွက်ခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင် ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆို အကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ အက အကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်တင်ဝင်း၊ အရေး အကဲဖြတ်လုပ်ငန်းအဖွဲ့ ကိုယ်စား အတွင်းရေးမှူး ဦးမင်းယုနှင့် အတီးအကဲဖြတ် လုပ်ငန်းအဖွဲ့ ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်ကိန်း တို့ကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပ ရေး ဦးစီးကော်မတီနာယက ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများ နှင့် အခမ်းအနားမှူးများကိုလည်း ကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အကဲဖြတ်ပညာရှင် မြင်းမူမောင်နိုင်မိုးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများ သည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြ ဖျော်ဖြေ ကြသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ် ဇာတိ ဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက် ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အနုပညာအမွေအနှစ် များ၊ အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက် စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမို ထွန်းကားလာစေရန် ရိုးရာ ယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက် သစ် လူငယ်များသို့ လက်ဆင့်ကမ်း ပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး ကို ဖော်ဆောင်ရာတွင် ယဉ်ကျေး မှုကဏ္ဍမှ အထောက်အကူပြုနိုင် ရေးစသည့် ဦးတည်ချက်(၄)ရပ် ဖြင့် ကျင်းပခြင်းခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အနုပညာရှင် ၁၈၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်