(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတုတ္ထနေ့ယှဉ်ပြိုင်

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ   ၁၄


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  (ဗဟို အဆင့်) စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ယခုနှစ်ကျင်းပသည့်  အဆို၊  အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်များ ၏  အဆင့်သတ်မှတ်ချက်ကို အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ ဝါသနာရှင်အဆင့် (ပထမ တန်း)၊  ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့်    အဆင့်မြင့်ပညာအဆင့်   ဟူ၍ သတ်မှတ်ထားကြောင်း၊ ဆုချီးမြှင့်ရေးနှင့် ပတ်သက်၍လည်း    ယခင်နှစ်များထက် ပိုမိုသည့် ဆုကြေးငွေများ  ချီးမြှင့်နိုင်ရန် ဆောင်ရွက်ထားကြောင်းနှင့်    ဂုဏ်ပြု လက်မှတ်နှင့်    ဆုတံဆိပ်များကို     ပိုမို တင့်တယ်မှုရှိစေရန်   စီစဉ်ထားကြောင်း သိရသည်။

 


မဟာဂီတ အဆိုပြိုင်ပွဲ


ယနေ့တွင် “မဟာဂီတ” တေးသီချင်း အဆိုပြိုင်ပွဲကို  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့်   (ဒုတိယ တန်း)    အမျိုးသားပြိုင်ပွဲတွင်   ချင်း ပြည်နယ်၊      ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင် များက “စက်လဲဘုံဘွေ”   (ပတ်ပျိုး) ဖြင့်လည်းကောင်း၊     ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင် များက  “ဇမ္ဗူကျွန်းလုံး” (သီချင်းခံ) ဖြင့်လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပန်းမြိုင်လယ်” (ယိုးဒယား) ဖြင့်လည်းကောင်း၊    မန္တလေးတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင် များက “စိန်ကြယ်ညီးလင်း”(မွန်)  ဖြင့် လည်းကောင်း၊     အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ  ၂၀  နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်    ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊    ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်     ကယား ပြည်နယ်တို့မှ         ပြိုင်ပွဲဝင်များက “အောင်မြေမြမန်း”   (ပတ်ပျိုး)   ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ မှ   ပြိုင်ပွဲဝင်များက   “မြိုင်ခြေတစ်ခွင်” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် မှ ပြိုင်ပွဲဝင်က    “ဘုန်းမိုးသွန်းလောင်း” (သီချင်းခံ)ဖြင့်         လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပန်းဟေဝန်”   (ယိုးဒယား)   ဖြင့်လည်း ကောင်း သာယာငြိမ့်ညောင်းသည့် မြန်မာ့ ဂီတရသကို  ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြ သည်။

 


ကာလပေါ် အဆိုပြိုင်ပွဲ


“ကာလပေါ်”     တေးသီချင်းအဆို ပြိုင်ပွဲကို     မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယ တန်း)    အမျိုးသားပြိုင်ပွဲတွင်    ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်    ရန်ကုန်တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲ ဝင်များက “ချစ်ရတု ထံတျာ” သီချင်းဖြင့် လည်းကောင်း၊   ချင်းပြည်နယ်၊      ရှမ်း ပြည်နယ်နှင့်           ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက   “စိမ်း”     သီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ     ပြိုင်ပွဲဝင်များက “ဖိုးလမင်းကို     အောင်သွယ်ခိုင်းမယ်” သီချင်းဖြင့်လည်းကောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က  “အမိုက်မလေး ငှက်ငယ်”    သီချင်းဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့်   ဧရာဝတီ တိုင်းဒေသကြီးတို့မှ      ပြိုင်ပွဲဝင်များက “ရွှေတိဂုံသမိုင်း”    သီချင်းဖြင့်  လည်း ကောင်း၊        ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “တစ်ဆောင်းသစ်ပြန်ပြီ” သီချင်းဖြင့် လည်းကောင်း၊      အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ   ၂၀   နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင်    ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊    မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆုတောင်း ပါလေ အိမ်သူဆွေ”   သီချင်းဖြင့်   လည်း ကောင်း၊   မွန်ပြည်နယ်မှ   ပြိုင်ပွဲဝင်က “ဖူးပွင့်ဝေစီဆယ့်နှစ်ရာသီ”   သီချင်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက “ရွှေပန်းချီကားတိုင်းပြည်”   သီချင်းဖြင့် လည်းကောင်း၊   အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်   ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ    ပြိုင်ပွဲဝင်များက “သည်နွေ၊    သည်မိုး၊    သည်ဆောင်း” သီချင်းဖြင့်လည်းကောင်း၊          ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်  မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “မြန်မာသာကီရဲသွေးနီ”  သီချင်း ဖြင့်လည်းကောင်း၊    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက   “ဖူးရွှေလက်တင်”    သီချင်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့မှ             ပြိုင်ပွဲဝင်များက “ဘုတ်တလုတ်ကန်”    သီချင်းဖြင့် လည်း ကောင်း ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြသည်။

 


 အကပြိုင်ပွဲ
အကပြိုင်ပွဲကို   မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင်  ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊  မွန် ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   ရန်ကုန်တိုင်း ဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီး တို့မှ  ပြိုင်ပွဲဝင်များက  ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာ အသုံးပြု၍ ငြိမ့်ညောင်းသည့် ကကွက်များဖြင့်လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ  ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊   ချင်းပြည်နယ်၊   မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်   ဧရာဝတီ တိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက  ခေါင်း၊ ခါး၊  ခြေ၊  လက်  အချိုးအဆစ် ညီညာစွာအသုံးပြု၍         ကကြိုးကကွက် စုံလင်စွာဖြင့်လည်းကောင်း    ယှဉ်ပြိုင်ကြသည်။

 


ရုပ်သေးကြိုးဆွဲပြိုင်ပွဲ


ရုပ်သေးကြိုးဆွဲပြိုင်ပွဲကို     မြန်မာ အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟို ဌာန(၂)  Plenary Hall ၌   ကျင်းပရာ ဝါသနာရှင်အဆင့်    (ဒုတိယတန်း)အမျိုးသားပြိုင်ပွဲတွင်     မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးနှင့်   ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက   “မင်းသား”   ကြိုးဆွဲ ရုပ်သေးရုပ်ဖြင့်လည်းကောင်း၊     ချင်း ပြည်နယ်၊   မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင် များက “ဇော်ဂျီ” ကြိုးဆွဲရုပ်သေးရုပ်ဖြင့် လည်းကောင်း ကကြိုး ကကွက်စုံလင်စွာ ယှဉ်ပြိုင်ကြပြီး  ပြိုင်ပွဲဝင်များအားလုံး ယှဉ်ပြိုင်ရန်      သတ်မှတ်ထားသည့်  “မင်းသမီး”    ကြိုးဆွဲရုပ်သေးရုပ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။  

 


ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီးနှင့်    ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက   “မင်းသား”  ကြိုးဆွဲ ရုပ်သေးရုပ်ဖြင့်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇော်ဂျီ” ကြိုးဆွဲရုပ်သေးရုပ်ဖြင့်လည်းကောင်း  ကကြိုး ကကွက်စုံလင်စွာဖြင့်   ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များအားလုံး       ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် “မင်းသမီး” ကြိုးဆွဲ ရုပ်သေးရုပ်ဖြင့်လည်း ဆက်လက်ယှဉ်ပြိုင် ကြသည်။

 


ရုပ်စုံသဘင်        အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ “ငါးပါဒအက္ခရာ”   ဇာတ်တော်ကြီး   ရုပ်စုံ သဘင်အဖွဲ့လိုက်       ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင်   မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု  မန်းသိင်္ဂါရုပ်စုံ သဘင်အဖွဲ့က  မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အက အလှများ၊ စကားပြောများဖြင့် တင်ဆက် ကပြ ယှဉ်ပြိုင်ကြသည်။

 


ဇာတ်တော်ကြီးပြိုင်ပွဲ


ဇာတ်တော်ကြီးပြိုင်ပွဲကို  သာသနာ ရေးနှင့်      ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ “ရာမာ ယဏ”ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု ဖျာပုံရာမာယဏ ဇာတ်တော်ကြီးအဖွဲ့က  မူရင်းရာမာယဏ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို  မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာ ရပ်များ၊    အကအလှများနှင့်  အနုပညာ ရသမြောက်     ပေါင်းစပ်ပြီး    ယှဉ်ပြိုင် ကြသည်။

 


အရေးပြိုင်ပွဲ


အရေးပြိုင်ပွဲကို   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ  ဝါသနာရှင် အဆင့်(ဒုတိယတန်း) ပြိုင်ပွဲတွင် ရခိုင် ပြည်နယ်၊  ပဲခူးတိုင်းဒေသကြီး၊    ကယား ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊      မကွေးတိုင်းဒေသကြီး၊         ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊    စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်   တနင်္သာရီတိုင်းဒေသ ကြီးတို့မှ ပြိုင်ပွဲ ဝင်များက “မွေခံထိုက်စေ”  ခေါင်းစဉ်ဖြင့်     ဂီတရသ    စုံလင်စွာ     ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။

 


ဒိုးပတ်ပြိုင်ပွဲ


ဒိုးပတ်ပြိုင်ပွဲကို   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေး ဇာတ်ရုံ)၌  ကျင်းပရာ  ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင်  ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်း ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက       လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊   ကချင်ပြည်နယ်၊  မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်အဖွဲ့များက  လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း)ပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီး၊  ဧရာဝတီ တိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှ     ပြိုင်ပွဲဝင်အဖွဲ့များကလည်း ကောင်း၊  အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲ တွင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များက လည်းကောင်း မြူးကြွသွက်လက်သည့် ဒိုးပတ်သံသာများဖြင့်   တီးခတ်ယှဉ်ပြိုင် ကြသည်။

 


ပတ္တလားအတီးပြိုင်ပွဲ


ပတ္တလားအတီးပြိုင်ပွဲကို အမျိုးသား ပြတိုက်(နေပြည်တော်)ရှိ Mini Theatre ၌  ကျင်းပရာ ဝါသနာရှင်အဆင့်  (ဒုတိယ တန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊  မန္တလေး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့မှ    ပြိုင်ပွဲဝင်များက    “ရဝိန် ဒေါင်းယာဉ်ပျံ”    (ပတ်ပျိုး) ဖြင့်လည်း ကောင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်    ပဲခူးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆန်းဆန်း သဉ္စာကြာညောင်” (ယိုးဒယား)  ဖြင့် လည်းကောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့မှ    ပြိုင်ပွဲဝင်များက     “ပြည်ပြည် မင်းပေါင်း”(သီချင်းခံ) ဖြင့်  လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုး သမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက  “ရဝိန်ဒေါင်းယာဉ်ပျံ” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “ပြည်ပြည်မင်းပေါင်း” (ပတ်ပျိုး)ဖြင့်  လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီးမှ   ပြိုင်ပွဲဝင်က   “မြန် သပြေဗွေ တကျွန်းခြားမြေ”(ယိုးဒယား) ဖြင့်လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲ ဝင်များက “ဆီးနှင်းပြိုက်ကျ” (ကြိုး) ဖြင့်လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသ ကြီးမှ   ပြိုင်ပွဲဝင်က    “ညဉ့်သုံးယံခါ” (ပတ်ပျိုး)ဖြင့်  လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယား ပြည်နယ်၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ က “ဆီးနှင်းပြိုက်ကျ”(ကြိုး) ဖြင့်လည်း ကောင်း၊   ရှမ်းပြည်နယ်မှ  ပြိုင်ပွဲဝင်က “မြန်သပြေဗွေ          တကျွန်းခြားမြေ” (ယိုးဒယား) ဖြင့်  လည်းကောင်း၊  ပဲခူး တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ညဉ့်သုံး ယံခါ”(ပတ်ပျိုး) ဖြင့်  လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)  အမျိုးသမီးပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ  ပြိုင်ပွဲဝင်က  “ပြောင်ပြောင်နာဂိန်”(ကြိုး) ဖြင့်လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က  “အတိုင်းမသိ မင်္ဂလာ”(ဘွဲ့)   ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်မှ ပြိုင်ပွဲဝင် က “လူမနှော”(ပတ်ပျိုး) ဖြင့်   လည်း ကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ် ယှဉ်ပြိုင်ကြသည်။

 


တယောအတီးပြိုင်ပွဲ


တယောအတီးပြိုင်ပွဲ ကို  အမျိုးသား စာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်း မင်းရာဇာခန်းမ၌  ကျင်းပရာ ဝါသနာရှင် အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့်  မန္တလေးတိုင်းဒေသကြီး တို့မှ  ပြိုင်ပွဲဝင်များက  “တောမြိုင်စွန်း” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ခိုင်ပန်းစုံ မှုန်မာလာ” (ယိုးဒယား) ဖြင့်   လည်း ကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲ တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ   ပြိုင်ပွဲဝင်များက “ဖြေလျော့ခွေ”(ပတ်ပျိုး) ဖြင့်  လည်း ကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲ တွင်  ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် က  “မြနန္ဒာ” (ကာလပေါ်)ဖြင့်  လည်း ကောင်း၊ ကချင်ပြည်နယ်နှင့်  ဧရာဝတီ တိုင်းဒေသကြီးတို့မှ     ပြိုင်ပွဲဝင်များက  “ရွှေဘုန်းရွှေဘုန်းတော်   လေတည့်မှ” (ကြိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင်  ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ   ပြိုင်ပွဲဝင်များက “စက်လဲပျော်ပါနိုင်” (ယိုးဒယား)  ဖြင့် လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး မှ ပြိုင်ပွဲဝင်က “မေတ္တာလွှမ်းခြုံ” (မြန်မာ့ အသံအဖွဲ့) ဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “ဇေယျာအောင်ချာ” (ကြိုး) ဖြင့်  လည်းကောင်း၊  ဝါသနာရှင် အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကောက်စိုက်မ” (စိန်ပါတီ) ဖြင့် လည်း ကောင်း၊         စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ  ပြိုင်ပွဲဝင်များက  “ဆန်းနွေဦး” (ယိုးဒယား)ဖြင့်   လည်း ကောင်း၊      ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သိင်္ဂါရွှေရောင်” (ပတ်ပျိုး)ဖြင့်လည်းကောင်း၊    ဝါသနာရှင်အဆင့် (ဒုတိယတန်း)   အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ  ပြိုင်ပွဲဝင်က “ဆန်းနွေဦး”(ယိုးဒယား) ဖြင့်   လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲ ဝင်က “ကောက်စိုက်မ”(စိန်ပါတီ) ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင်   မန္တလေးတိုင်းဒေသ ကြီးမှ   ပြိုင်ပွဲဝင်က  “ဆန်းဆန်းသဉ္ဇာ ကြာညောင်” (မိုးဘွဲ့ယိုးဒယား)   ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက   “ဆန်းဆန်းသဉ္ဇာကြာညောင်” (မိုးဘွဲ့ယိုးဒယား) ဖြင့်  လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က  “စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး) ဖြင့် လည်း ကောင်း ယှဉ်ပြိုင်ကြသည်။

 


မယ်ဒလင်အတီးပြိုင်ပွဲ


မယ်ဒလင်အတီးပြိုင်ပွဲကို    မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌   ကျင်းပရာ ဝါသနာရှင်အဆင့်            (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင်    ဧရာဝတီတိုင်း ဒေသကြီးမှ    ပြိုင်ပွဲဝင်က   “မှုန်ပြာဝေ” (ယိုးဒယား) ဖြင့် လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပြည်ပြည် မင်းပေါင်း”(သီချင်းခံ) ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်က “ဘုန်းမိုး သွန်းလောင်း”(သီချင်းခံ)  ဖြင့်   လည်း ကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးမှ ပြိုင်ပွဲဝင်က “ပုံပမာ”(ကြိုး) ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က     “ဘုန်းမိုးသွန်းလောင်း” (သီချင်းခံ) ဖြင့်  လည်းကောင်း၊  အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “ဘုံဆောင်မြင့်” (ကြိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်       မန္တလေးတိုင်း ဒေသကြီးနှင့်   မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက  “ဘုံဆောင်မြင့်” (ကြိုး) ဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။

 


ယနေ့ပြိုင်ပွဲများ   ကျင်းပရာ  နေရာ အသီးသီးသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ဒုတိယဝန်ကြီးများ၊  တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊      လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ      လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော လူမှုရေး ဦးတည်ချက်ဖြစ်သည့် “တိုင်းရင်း သားလူမျိုးအပေါင်းတို့၏  ဓလေ့ထုံးတမ်း အစဉ်အလာများကို  လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ များ  မပျောက်ပျက်အောင်   ထိန်းသိမ်း စောင့်ရှောက်ရေး”ဆိုသည့် ဦးတည်ချက် အတိုင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်အနေဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပေးလျက် ရှိသည်။

 


ဂုဏ်ယူဖွယ်ရာ        မြန်မာ့ရိုးရာ ယဉ်ကျေးမှု   အနုပညာပန်းခင်းကြီးဟု တင်စားရမည့်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ကျင်းပပေးခြင်းအားဖြင့်  မြန်မာတိုင်းရင်း သားတို့၏ ကိုယ်ပိုင်အမျိုးသားရေး စရိုက် လက္ခဏာများနှင့်  အဆင့်အတန်းမြင့်မား သည့် လူမှုရေးစံနှုန်းများကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း၊ သိမ်မွေ့နက်ရှိုင်းသည့် မြန်မာမှုအနုပညာရပ်များကို  လက်ဆင့် ကမ်း   ထိန်းသိမ်းစောင့်ရှောက်သွားမည့် မျိုးဆက်သစ်   လူငယ်များစွာ  ပေါ်ထွန်း လာခြင်း၊             အနာဂတ်မြန်မာ့လူ့အဖွဲ့ အစည်းအတွက်  ယဉ်ကျေးမှုအမွေခံ ပတ်ဝန်းကျင်ကောင်း         တစ်ရပ်ကို ဖော်ထုတ်ပေးနိုင်ခြင်း    စသည့်အကျိုး ကျေးဇူးများကို              ရရှိစေနိုင်မည်ဖြစ် ကြောင်း သိရသည်။ 


သတင်းစဉ်