၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSMEs)လုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် စျေးရောင်းပွဲတော်တွင် လာရောက်ပြသသည့် လုပ်ငန်းရှင်များ၏ ရင်တွင်းစကား

 

တွေ့ဆုံမေးမြန်း - ချစ်ချစ်သန်း(ပြန်/ဆက်)၊ ဓာတ်ပုံ - သူဇာကျော် (ပြန်/ဆက်)

‌ပဲခူး    ဧပြီ    ၃၀
နိုင်ငံစီးပွားရေး    အထောက်အကူပြု အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSMEs)လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက်       ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု ဖြင့်   ၂၀၂၄ ခုနှစ်   မေလ  ၁  ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် MSMEs ဒေသထုတ်ကုန် ပြပွဲကို    ပဲခူးတိုင်းဒေသကြီး     ပဲခူးမြို့ (၃၃)လမ်း၌ ဧပြီ ၃၀ ရက်မှ မေ ၂ ရက် အထိ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခြောက်ခရိုင်မှ  ဒေသထွက်အစားအစာ နှင့်      ဒေသထုတ်ကုန်      အရောင်းပြခန်း ၁၁၀  ဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိရာ    အဆိုပါ     MSMEs   ဒေသ ထုတ်ကုန်ပြပွဲသို့   လာရောက်ခင်းကျင်း ပြသသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ မေးမြန်းမှုမှ     ရင်တွင်းစကားသံများကို   အောက်ပါအတိုင်း  ဖော်ပြလိုက်ပါသည်-
ဦးဝင်းဗိုလ် (ပွဲကြီးကြပ်)
စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ရုံး    ဒုတိယတိုင်းဒေသကြီးမှူး   တာဝန် ထမ်းဆောင်နေတဲ့       လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ် ဖြစ်ပါတယ်။ MSMEs  စျေးရောင်းပွဲတော်ကတော့ ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့      ဦးဆောင်မှုဖြင့်     ပဲခူးတိုင်းဒေသကြီး အတွင်းရှိ   အသေးစား၊   အငယ်စားနှင့် အလတ်စားစီးပွားရေး  MSMEs  စီးပွား ရေးလုပ်ငန်းများ      ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင်  ကျရောက်သည့်  ကမ္ဘာ့အလုပ်သမားနေ့ ကို   ဂုဏ်ပြုတဲ့အနေနဲ့   ကျင်းပတဲ့ပွဲဖြစ် ပါတယ်။     ဒီပွဲမှာ     ပဲခူးတိုင်းဒေသကြီး အတွင်းမှ     MSMEs    ဒေသထုတ်ကုန် အရောင်းပြခန်း ၁၁၀  ဖြင့် ဧပြီ  ၃၀  ရက်မှ     မေ  ၂  ရက်အထိ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
ဦးဖြိုးသူကျော်
(နဒီစိုး ပဲခူးဆားထုတ်လုပ်ငန်း)
ဦးဖြိုးသူကျော်ပါ။ “နဒီစိုး” ပဲခူးဆား ထုတ်လုပ်ငန်းတာဝန်ခံ ကိုယ်စားလှယ်  ဖြစ်ပါတယ်။    ပဲခူးခရိုင်    ကဝမြို့နယ်    ပေါက်ကန်ကျေးရွာက     လာရောက် ရောင်းချတာဖြစ်ပါတယ်။ အခုလို MSMEs ဒေသထုတ်ကုန်       ရောင်းချတဲ့ပွဲမှာ လာရောက်ရောင်းချတာ ပထမဆုံးအကြိမ်   ဖြစ်ပါတယ်။  “နဒီစိုး” ပဲခူးဆားလုပ်ငန်း ဟာ  အခုပြပွဲမှာ  လာရောက်ရောင်းချ ခြင်းအားဖြင့်   ပိုပြီးလူသိများလာသလို   ဈေးကွက်လည်း ရရှိလာပါတယ်။ အခုလို ဒေသထုတ်ကုန်ပြပွဲတွေကို     ပြသနိုင် အောင်   စီစဉ်ဆောင်ရွက်ပေးတဲ့   တာဝန် ရှိသူတွေကိုလည်း  ကျေးဇူးတင်ပါတယ်လို့  ပြောချင်ပါတယ်။ 
ဦးရာဇာလင်း (တော်ဝင်ဟင်္သာ စပါးခွံ 
လောင်စာတောင့်လုပ်ငန်း)
တော်ဝင်ဟင်္သာ    စပါးခွံလောင်စာ တောင့်လုပ်ငန်း လုပ်ငန်းရှင် ဦးရာဇာလင်း     ဖြစ်ပါတယ်။   ပဲခူးခရိုင်  သနပ်ပင်မြို့နယ် ကနေ   လာရောက်ခင်းကျင်းပြသရောင်းချ ပေးတာဖြစ်ပါတယ်။   အခုလို   MSMEs ဒေသထုတ်ကုန်     ရောင်းချပွဲအနေနဲ့ လာရောက်ခင်းကျင်း ပြသရောင်းချတာ နှစ်ကြိမ်ရှိပါပြီ။    အရင်တုန်းက    ဒီကုန် ပစ္စည်းကို ထိုးဖောက်ရောင်းချခဲ့တာ  အခု ဆိုရင်  ရောင်းအား ယခင်ထက် ပိုပြီးတော့ သွက်လာပါတယ်။ အခုဆိုရင် ရန်ကုန်ဘက် ကိုလည်း  တင်ပို့နိုင်တဲ့အထိ  ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာပါတယ်။      အခြားမြို့နယ် တွေကလည်း ဒီကုန်စည်ကို လာရောက် မှာယူတဲ့အထိ ရောင်းအား ပိုသွက်လာပါ တယ်။ ဒါကြောင့် အခုလိုပွဲတွေဖြစ်အောင်   စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူး တင်ပါတယ်လို့ ပြောကြားချင်ပါတယ်။
ဒေါ်ကြည်မြင့် 
(ကျောက်တံခါး ရက်ကန်းလုပ်ငန်း)
ကျောက်တံခါးမြို့က    လာရောက် ရောင်းချတာဖြစ်ပါတယ်။ ကချင်ကွက်ကို ရက်လုပ်တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် ရှိပါပြီ။ အခုလို MSMEs ပွဲအနေနဲ့ လာရောက် ရောင်းချတာ  ခြောက်ကြိမ်ရှိပြီ   ဖြစ်ပါ တယ်။  ကချင်ကွက်၊  ယောဂီ၊ ကျောင်းစိမ်း အထည်တွေ  ရက်လုပ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊   ပဲခူးတို့ကို    ဖြန့်ချိပါတယ်။   အွန်လိုင်းကနေ  မှာတာတွေလည်း   ရှိပါ တယ်။ ရောင်းအားလည်း ကောင်းပါတယ်။ 
ဒေါ်မာမာ (ထက်ရတနာ - ဝါး၊ ကြိမ်၊ 
ခမောက်အမျိုးမျိုးရောင်းဝယ်ရေး)
ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ကမာဖရုံကျေးရွာကနေ    လာရောက် ရောင်းချတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်တာ  ၁၀ နှစ်ကျော်ရှိပြီး အခုလို MSMEs ပွဲတွေမှာ လာရောက်ရောင်းချတာ ခုနစ်ကြိမ်ရှိပြီဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဝါး၊  ကြိမ်၊   ခမောက်လုပ်ငန်းဟာ   နွေဆောင်း၊  မိုးဆောင်းအတွက် ဆောင်ရွက်ပေးထား တာဖြစ်လို့ အခုလို ပူပြင်းတဲ့အချိန်မှာ သုံးစွဲ သူတွေအတွက် အဆင်ပြေပါတယ်။အခုလို MSMEs  ပွဲတွေမှာ ရောင်းချခြင်းဖြင့်  ဈေး ကွက်တွေ  ပိုမိုကျယ်ပြန့်လာသလို ရောင်း အားလည်း ပိုပြီးကောင်းလာပါတယ်။
ဦးကျော်စွာထွန်း 
(ဂြိုဟ်တု-ကွာစိလုပ်ငန်း)
ဒိုက်ဦးမြို့နယ်ကနေ ကိုယ်စားလှယ် အနေနဲ့ လာရောက်ရောင်းချတာ ဖြစ်ပါ တယ်။ အခုလို MSMEs ပွဲတွေမှာ လိုက်လံ ရောင်းချတာ ငါးကြိမ်ရှိပါပြီ။ ကျွန်တော်တို့ ရဲ့“ဂြိုဟ်တု”ကွာစိဟာ သန့်ရှင်းတယ်၊ လတ် ဆတ်တယ်၊ မွှေးတယ်၊ လူမျိုးဘာသာမရွေး   စိတ်ချယုံကြည်စွာနဲ့  စားသုံးနိုင်ပါတယ်။
ဒေါ်ကေသီမိုး (LINN Coffee)
တောင်ငူကနေ   လာရောက်ရောင်းချ တဲ့ LINN Coffee လုပ်ငန်းရှင်ဖြစ်ပါတယ်။ အခုလို MSMEs ပွဲမှာ လာရောက်ရောင်းချ တာ လူသိများအောင်လို့ ဖြစ်ပါတယ်။ လူသိများပြီးတော့ လူတိုင်းက ကြိုက်ကြ တယ်။  အရောင်းပိုမိုသွက်လာပါတယ်။ MSMEs ပွဲအနေနဲ့ လာရောက်ရောင်းချတာ နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။   လုပ်ငန်းရှင် အနေနဲ့ အကျိုးကျေးဇူးပိုရသလို နာမည် လည်း ရလာပါတယ်။
ဦးအောင်ကျော်မြင့် (မြတ် ပုစွန်ခြောက်၊ 
ငံပြာရည်ကြော်လုပ်ငန်း)
တောင်ငူခရိုင်    ထန်းတပင်မြို့နယ် ကနေ   အခု  MSMEs ပွဲမှာ   လာရောက် ရောင်းချတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ဈေးကွက်လိုအပ်ချက်အရ   အခု    ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။   အခုလို   MSMEs  ပွဲမှာ လာရောက်ရောင်းချတာဆိုရင် ပထမဆုံး အကြိမ်    ဖြစ်ပါတယ်။  ကျွန်တော်တို့ လုပ်ငန်းဟာ လုပ်ငန်းစတင်တာ မကြာသေး တဲ့အတွက် အခုလို MSMEs ဒေသထုတ် ကုန်ပြပွဲတွေမှာ လာရောက်ရောင်းချခြင်း ဖြင့် ကျွန်တော်တို့ ပုစွန်ခြောက်၊ ငံပြာရည် ကြော်လုပ်ငန်းကို ပြည်သူတွေကလည်း သိမယ်၊    ဈေးကွက်ထဲမှာ    ပိုပြီးတော့ ရောင်းချနိုင်မှာ   ဖြစ်ပါတယ်။  ကိုယ်ပိုင် မိသားစုလုပ်ငန်းဖြစ်တဲ့အတွက် သန့်ရှင်း တယ်၊ သဘာဝပစ္စည်းတွေကို အသုံးပြု ထားတဲ့အတွက်  စားသုံးသူတွေ  စိတ်ချ လက်ချသုံးနိုင်တယ်၊     ဘေးအန္တရာယ် မဖြစ်ဘူးလို့ ပြောချင်ပါတယ်။
ဦးဇင်မြတ်သွေး (အက်ရှင်၊ ငှက်သိုက်မုန့်
နှင့် မုန့်မျိုးစုံလုပ်ငန်း)
ပြည်မြို့က လာရောက်ရောင်းချတာ ပါ။ အခုလို MSMEs  ဒေသထုတ်ကုန်ပြပွဲ တွေမှာ   လိုက်လံရောင်းချတာ   နှစ်ကြိမ် ရှိပါပြီ။ အခုလို MSMEs ပွဲတွေမှာ  လိုက်လံ ရောင်းချတဲ့အတွက် ဈေးကွက်တစ်ခုအနေ နဲ့ ရရှိလာတာမို့  စီစဉ်ပေးတဲ့သူနဲ့ တာဝန် ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်။
မဇင်မာ (သစ်ရိပ်သာ - ဒိန်ချဉ်၊ နို့နှင့်
နို့ထွက်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေး)
ပြည်မြို့ကနေ   ပဲခူးတိုင်းကိုယ်စား လှယ်အနေနဲ့   လာရောက်ရောင်းချတာ    ဖြစ်ပါတယ်။  အခုလုပ်ငန်းကို   လုပ်ကိုင် ခဲ့တာ နှစ်ပေါင်း ၂၇ နှစ်ရှိပြီဖြစ်ပါတယ်။ အခုလို MSMEs ဒေသထုတ်ကုန်ပြပွဲတွေ မှာ   လိုက်လံရောင်းချခြင်းဖြင့်   ကျွန်မတို့ လုပ်ငန်းကို လူသိများလာတယ်။ ဈေးကွက် စီးပွားရေးအရလည်း ပိုမိုထိုးဖောက်နိုင်တဲ့ အတွက်     အလွန်ကိုဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ 
ဒေါ်စမ်းဖြူကျော့ (ထိပ်ထားစံ 
မြန်မာ့ရိုးရာရက်ကန်း ချည်ထည်နှင့်
ချည် ရောင်းဝယ်ရေး)
ကျွန်မက “ထိပ်ထားစံ” မြန်မာ့ရိုးရာ ရက်ကန်းချည်ထည်       လုပ်ငန်းရှင် ဒေါ်စမ်းဖြူကျော့ဖြစ်ပါတယ်။ ပြည်ခရိုင် ပေါင်းတည်မြို့ကနေ လာရောက်ရောင်းချ တာ ဖြစ်ပါတယ်။ အခုလို MSMEs ဒေသ ထုတ်ကုန်ပြပွဲမှာ လာရောက်ရောင်းချတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  ကျွန်မတို့ ပစ္စည်းနဲ့ပတ်သက်ပြီးတော့   ချည်ထည် လေးတွေဖြစ်တဲ့အတွက် ဘယ်ရာသီမှာပဲ ဝတ်ဝတ် အဆင်ပြေပါတယ်။ အမျိုးသမီး တွေအတွက် ကြီးကြီးငယ်ငယ်ရွယ်ရွယ် ဘယ်အရွယ်မဆို ဝတ်နိုင်ပါတယ်။ ဆန်းသစ် ပြီးတော့   ချည်ပိုးလေးတွေနဲ့   ထုတ်တဲ့ အတွက်   အလှူမင်္ဂလာဆောင်    ပွဲထိုင် အတွက်ပါ    ဝတ်ဆင်လို့   အဆင်ပြေ ပါတယ်။      အခုလိုပွဲတွေမှာ    လာရောက် ရောင်းချခြင်းဖြင့်  ကျွန်မတို့လုပ်ငန်းကို  လူသိများလာသလို     ဝယ်ယူသူလည်း    တိုးပွားလာတဲ့အတွက်     အများကြီး ဝမ်းသာမိပါတယ်။
ဦးကျော်သက်ဦး {ဦးကင်ဖုန်+ဒေါ်ဖြူ 
(ဝက်အူချောင်း ခေါက်ဆွဲကြော်- တရုတ်
အစားအစာ)}
ကျွန်တော်က   တရုတ်အစားအစာ ဝက်အူချောင်းလုပ်ငန်း       ကိုယ်စားလှယ် ဦးကျော်သက်ဦး  ဖြစ်ပါတယ်။  သာယာ ဝတီခရိုင်   မိုးညိုမြို့နယ်မှ   လာရောက် ရောင်းချတာပါ။   ဝက်အူချောင်းလုပ်ငန်း ကို    လုပ်ကိုင်လာခဲ့တာ   နှစ်ပေါင်း ၄၀ ကျော်ရှိပါပြီ။   အခုလို   MSMEs   ဒေသ ထုတ်ကုန်ပြပွဲတွေမှာ  လိုက်လံရောင်းချ တာ     လေးကြိမ်ရှိပါပြီ။     နိုင်ငံတော်မှ  ထောက်ပံ့ပေးတဲ့အတွက်      ကျွန်တော်တို့ လုပ်ငန်း  ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်သလို     အခုလို  MSMEs  ထုတ်ကုန်ပြပွဲတွေမှာ ရောင်းချခွင့်ရတဲ့အတွက်     ကျွန်တော် တို့     လုပ်ငန်းဟာ    ဈေးကွက်ဝင်လာ ပါတယ်။
ဦးကိုမင်း (လင်းတိုင်းပြည့် 
မြန်မာမှုပန်းပုလုပ်ငန်း)
ကျွန်တော်က ဦးကိုမင်း “လင်းတိုင်း ပြည့်”      မြန်မာမှုပန်းပုလုပ်ငန်းရှင်ပါ။ သာယာဝတီခရိုင်     မင်းလှမြို့နယ်က လာရောက်ခင်းကျင်း ပြသရောင်းချတာ ဖြစ်ပါတယ်။   အခုလို    MSMEs  ပွဲမှာ လာရောက်ရောင်းချတာ     လေးကြိမ် ဖြစ်ပါတယ်။  ကျွန်တော်တို့လုပ်ငန်းဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု လုပ်ငန်းဖြစ်တဲ့ အတွက်  ရိုးရာယဉ်ကျေးမှုတွေ  မတိမ် ကောအောင်      ခင်းကျင်းပြသပေးတာ ဖြစ်သလို အခုလို ဒေသထုတ်ကုန်အနေနဲ့ ခင်းကျင်းပြသခွင့် ရရှိတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းသာမိသလို     ပွဲဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန် ရှိသူအားလုံးကိုလည်း ကျေးဇူးအထူးတင် ရှိပါတယ်။
ကိုကျော်သူထိုက် (ယောကျ်ားကြီး-
ငါးပိ၊ ငံပြာရည်လုပ်ငန်း)
သာယာဝတီခရိုင်     နတ်တလင်း မြို့နယ်က   ယောကျ်ားကြီး  ငါးပိ၊  ငံပြာ ရည်     လုပ်ငန်းကိုယ်စားလှယ်အနေနဲ့ လာရောက်ရောင်းချတဲ့ ကိုကျော်သူထိုက်   ဖြစ်ပါတယ်။ အခုလို   MSMEs   ဒေသ ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချ တာ  နှစ်ကြိမ်ရှိပါပြီ။   အခုလို   MSMEs ထုတ်ကုန်ပြပွဲတွေမှာ    ရောင်းချခွင့်ရတဲ့ အတွက်    ကျွန်တော်တို့    ထုတ်ကုန်ကို လူသိများလာတယ်။     ဈေးကွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ပြီး အစစ အရာရာ အဆင်ပြေပါတယ်။          ။