၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၆


National   Fitness    ဖြစ်သည့် တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင် ရေးအတွက်   အထောက်အကူ ဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီး မှ    ဝန်ထမ်းများအား   ပျော်ပျော် ရွှင်ရွှင်      စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်း များ    တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို      ပိုမို ထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနမှ      ကြီးမှူး ကျင်းပသည့်  ၂၀၂၄ ခုနှစ်  (၇၆)နှစ်မြောက်    လွတ်လပ်ရေးနေ့ အထိမ်းအမှတ်    ဝန်ကြီးဌာန ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး    (အမျိုးသမီး)   ပြိုင်ပွဲ ကို     နေပြည်တော်    ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်း အမှတ်(၁)နှင့် ကွင်းအမှတ် (၃)တို့၌ ကျင်းပခဲ့သည်။


ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲ    ပွဲစဉ်များအဖြစ်   ယနေ့ နံနက် ၇ နာရီခွဲတွင် လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်း နှင့်     ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာန အသင်း က အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို    တစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၃  နာရီတွင်   လေ့ကျင့်ရေးကွင်း အမှတ်(၃)၌   ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ် ရေးရာ  ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ    နယ်စပ် ရေးရာ    ဝန်ကြီးဌာနအသင်းက  ဆောက်လုပ်ရေး     ဝန်ကြီးဌာန အသင်းကို    လေးဂိုး - ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။


အဆိုပါ(အမျိုးသမီး)ဘောလုံး ပထမအဆင့်   အုပ်စုပတ်လည် ပြိုင်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်၊ ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊     ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်  ဝန်ထမ်း များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်မှ     တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင် များ လာရောက်ကြည့်ရှုအားပေးခဲ့ ကြသည်။


ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက်  ဘောလုံး (အမျိုး သမီး)ပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ     ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင်      လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းနှင့်    ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေ ဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။                      

သတင်းစဉ်