၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနား အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ

 

မန္တလေး   မေ   ၂၄


၂၀၂၄-၂၀၂၅      ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး  ကျောင်း အပ်နှံရေးနေ့     အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်း ကျောင်း၌ မေ ၂၄ ရက် နံနက်ပိုင်း က ကျင်းပရာ မန္တလေးတိုင်းဒေသ ကြီး    တရားလွှတ်တော်   တရား သူကြီးချုပ်        ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာ ရေးမှူးများနှင့်     ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမ များ၊     တက္ကသိုလ်အသီးသီးမှ  ပါမောက္ခချုပ်များ၊   ကျောင်းသား ကျောင်းသူများနှင့်  ၎င်းတို့၏ မိဘ များ၊  အသင်းအဖွဲ့များ၊  အလှူရှင် များနှင့်  ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး   ကျောင်းသား ကျောင်းသူများက    တိုင်းနိုင်ငံ အားလုံး  ကျောင်းအပ်ကြစို့ကွယ် ဂုဏ်ပြုသီချင်းသီဆို၍   အခမ်း အနားကို ဖွင့်လှစ်သည်။
အခမ်းအနားတွင်   တိုင်းဒေသ ကြီး     စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက    အမှာစကား ပြောကြားပြီး      တိုင်းဒေသကြီး တရားလွှတ်တော်  တရားသူကြီး ချုပ်၊  စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊     တိုင်း ဒေသကြီး  ပညာရေးမှူးတို့က နိုင်ငံတော်မှ     အခမဲ့ဖြန့်ဝေသည့် အခြေခံပညာ  မူလတန်းအဆင့် တွင်         ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များနှင့် စာရေးကိရိယာများ ကိုလည်းကောင်း၊    အခြေခံပညာ အထက်တန်းနှင့်    အလယ်တန်း အဆင့်တွင်     ကျောင်းသုံးပုံနှိပ် စာအုပ်များ၊    ဗလာစာအုပ်များ နှင့်   စာရေးကိရိယာများကိုလည်း ကောင်း  သက်ဆိုင်ရာခရိုင်ပညာရေးမှူးများထံပေးအပ်သည်။
ယင်းနောက်      စေတနာရှင် အလှူရှင်များက လှူဒါန်းငွေများကို ပေးအပ်ရာ တိုင်းဒေသကြီး ပညာ ရေးမှူးရုံးမှ    တာဝန်ရှိသူများက လက်ခံယူပြီး တိုင်းဒေသကြီး တရား လွှတ်တော်     တရားသူကြီးချုပ်၊    တိုင်းဒေသကြီး   ဝန်ကြီးများနှင့်   တာဝန်ရှိသူများသည် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ နှင့်   မိဘများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်၍     ကျောင်းအပ်နှံ ဆောင်ရွက်နေမှုများကို  လိုက်လံ ကြည့်ရှုအားပေးသည်။
အကြောင်းအမျိုးမျိုးကြောင့်အခြားဒေသများမှ    ပြောင်းရွှေ့ ရောက်ရှိလာသော  ကျောင်းသား ကျောင်းသူများအား   အခက်အခဲ မရှိ    ကျောင်းအပ်နှံရေးအတွက်  တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာ ရေးမှူးရုံးများတွင်  ညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိသည်။

သတင်းစဉ်