၂၀၂၃ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများ သင်တန်းဆင်းပွဲများ ပြုလုပ်

 

နေပြည်တော်  မေ  ၁၇


ကျောင်းသား    ကျောင်းသူ   မျိုးဆက်သစ်လူငယ် မောင်မယ်များကို         နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း   အသိပညာများ   ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို   လေ့လာဆည်းပူးနိုင်စေရန်နှင့်   နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ် များ  ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  တပ်မတော်(ရေ)က   ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း များ၊   တပ်မတော်(လေ)က    အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ   သင်တန်းစခန်းများ၌   တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး  လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

 


ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက် ပိုင်းတွင် ရေကြောင်း လူငယ်စခန်း သင်တန်းဆင်းပွဲကို ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင် ခန်းမ၌  ပြုလုပ်ရာ  အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်မှ  ဗိုလ်ချုပ်ထိန်ဝင်း   တက်ရောက်၍ သင်တန်း ဆင်း    အမှာစကားပြောကြားပြီး   သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ် များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ရေကြောင်း လူငယ်အခြေခံနှင့်  တန်းမြင့်သင်တန်း    အမှတ်စဉ် (၁/၂၀၂၃)ကို စခန်း(၁၁)တွင် သင်တန်းသား သင်တန်း သူ စုစုပေါင်း ၇၁၂ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ အတွင်း အခြေခံရေတပ်သားဘာသာရပ်၊ အခြေခံ ရေကူးနည်း၊ ရေကြောင်းလမ်းညွှန် အခြေခံသဘော တရားများ၊ ရေတပ်သားအခြေခံအချက်ပြ ဆက်သွယ် ရေးဆိုင်ရာနှင့်     လှေလှော်ရွက်တိုက်နည်းများ၊ အသုံးချရေတပ်သားဘာသာရပ်၊ အသုံးချ ရေကြောင်း လမ်းညွှန်ဆိုင်ရာများ၊ နက္ခတ္တဗေဒနှင့်  ဂျီပီအက်စ် အပါအဝင်  ရေကြောင်းသွားလာရေးဆိုင်ရာများကို သင်ကြားပို့ချပေးပြီး စစ်ရေယာဉ်များဖြင့် လက်တွေ့ စီးနင်းလိုက်ပါခြင်းများ၊   စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုသည့်  လက်နက်နှင့် လက်နက်စနစ် များ၊ ရေယာဉ်တည်ဆောက်နေမှုများ၊ ရေယာဉ်ခုတ် မောင်းရာတွင်  လုပ်ဆောင်ရမည့်    လုပ်ငန်းစဉ်များ ကို   လက်တွေ့လေ့လာခြင်းများ     ဆောင်ရွက်ကာ ရေကြောင်းလူငယ် စခန်းပေါင်းစုံတွေ့ဆုံပွဲနှင့် ပြိုင်ပွဲ များကိုလည်း ပြုလုပ်ခဲ့ကြသည်။

 


အဆိုပါ   သင်တန်းသား   သင်တန်းသူများသည် နည်းပြများ၊ အသင်းအုပ်ချုပ်သူများလိုက်ပါ၍ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်များ ဖြင့် နေပြည်တော်သို့ ထွက်ခွာလာရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

 


အလားတူ တပ်မတော်(လေ)က  လေကြောင်း လူငယ်စခန်း စုပေါင်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်    မိတ္ထီလာမြို့ရှိ    လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။ အဆိုပါ  သင်တန်းဆင်းပွဲအခမ်း အနားတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ထူးချွန်ဆုရရှိ သော သင်တန်းသားများ၊    သင်တန်းစခန်းအလိုက် ထူးချွန်ဆုရရှိသော  သင်တန်းသားများနှင့် အကောင်း ဆုံးသင်တန်းစခန်းဆုများကို ဆုများပေးအပ် ချီးမြှင့် ခဲ့ပြီး      သင်တန်းသားများနှင့်အတူ   အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး   နေ့လယ် စာအတူတကွ  သုံးဆောင်ခဲ့ကြသည်။ နေ့လယ်ပိုင်း တွင်  သင်တန်းသား  သင်တန်းသူများသည်   နည်းပြ/အုပ်ချုပ်သူများ       လိုက်ပါ၍      မိတ္ထီလာမြို့မှ နေပြည်တော်သို့    ထွက်ခွာလာကြောင်း    သတင်း ရရှိသည်။


သတင်းစဉ်