
နေပြည်တော် မေ ၂
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိ ပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ် ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါ သည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သောအနာဂတ်မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ် ၍ တပ်မတော် (ရေ)က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်များရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။
ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း များကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၈၅ ဦး၊ တနင်္သာရီ တိုင်းဒေသကြီး ဟိန်းဇဲမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၀ ၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၉၇ ဦးနှင့် ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁ ဦးတို့ကို သက်ဆိုင်ရာနယ်မြေ အသီးသီးမှ တာဝန်ရှိသူနည်းပြများ က လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်များရှိ တပ်မတော် (ရေ) ရေကြောင်းလူငယ်စခန်း ၁၁ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၁၂ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။
အလားတူ တပ်မတော်(လေ) က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်) နှင့် အခြေခံ လေကြောင်းလူငယ်သင်တန်း (အငယ် တန်းအဆင့်) သင်တန်းများကို ရှမ်း ပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ လေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ လေကြောင်း လူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မကွေးလေကြောင်း လူငယ် စခန်းမှ သင်တန်းသား သင်တန်းသူ ၄၀ နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ လေကြောင်းလူငယ်စခန်းမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ တို့ကို သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန် ရှိသူနည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး သက်ဆိုင်ရာမြို့နယ် များရှိ တပ်မတော်(လေ) လေကြောင်း လူငယ်စခန်း ၁၇ ခု၌ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၆၈၀ တို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ရေကြောင်းလူငယ်အခြေခံ နှင့် တန်းမြင့်သင်တန်းများ၊ အခြေခံ လေကြောင်းလူငယ်သင်တန်း (အကြီးတန်း အဆင့်)နှင့် အခြေခံလေကြောင်းလူငယ် သင်တန်း(အငယ်တန်းအဆင့်)သင်တန်း များ လေ့ကျင့်သင်ကြား ပို့ချနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး သင်တန်းသား သင်တန်းသူ များနှင့် သင်တန်းနည်းပြများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်