
နေပြည်တော် အောက်တိုဘာ ၂၆
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ သတ္တမ နေ့ကို နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိ ရတနာကျောက်စိမ်းခန်းမ အပြင် ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ် ကြိုက် လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲ ၇၅၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၆၂၃ တွဲ ရောင်းချရကြောင်း ထုတ်ပြန်ကြေညာသည်။
ပြပွဲအဋ္ဌမနေ့တွင် ရောင်းချ မည့် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ကို ပြည်တွင်းရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေး ကြပြီး ဈေးနှုန်းတင်သွင်းလွှာ များကို သတ်မှတ်တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ယင်းကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ၏ ဈေးနှုန်းတင်သွင်းလွှာ များကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါ ပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာ သွားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပုလဲ အတွဲ ၃၀၀ နှင့် ကျောက်မျက် အတွဲ ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင် ခဲ့သည်။ ထို့ပြင် ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲ ၇၀၂ တွဲကို လည်းကောင်း၊ ပြပွဲဆဋ္ဌမ နေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲ ၆၀၁ တွဲကို လည်းကောင်း၊ ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၇၅၃ တွဲအနက် ကျောက်စိမ်းအတွဲ ၆၂၃ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့ ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲ ၁၇၉၂ တွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက်အထိ ပြည်တွင်း ရတနာကုန်သည်များ အား ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်