၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲ အများပြည်သူ စိတ်ဝင်စားစွာ ပါဝင်ဆင်နွှဲ

 

ရန်ကုန်   ဩဂုတ်   ၄
၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့်   လျှပ်စစ်ကား (EV)ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ   ပြင်သူ့ ရင်ပြင်၌ ကျင်းပပြီး   အဆိုပါမိုးရာသီ ဈေးရောင်းပွဲတော်၌ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ စက်မှုဇုန်များမှ   စက်မှု ထုတ်ကုန်များကို ပြခန်းပေါင်း ၁၁၃ ခန်း ဖြင့် ပါဝင်ပြသလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများအပါအဝင် ပြည်သူများ  ဝယ်ယူအားပေးမှု များပြား ခဲ့သည်။
ထို့အပြင်     စက်မှုထုတ်ကုန်ပြပွဲ၌ E-Market Platform ၁ ခု၊ ပြည်ထောင်စု သမ္မတ   မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ   အသင်း ချုပ်နှင့် ညီနောင်အသင်းများ၊ သမဝါယမ အသင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း (MSMEs) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊   စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊   မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊    အမျိုးသမီး စွမ်းဆောင်ရှင်များအသင်းနှင့် E-Sport Gameတို့မှ ပြသရောင်းချလျက်ရှိသည့် အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပြည်ထောင်စုနယ်မြေ   နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှလည်း  ဒေသထုတ်ကုန်ပစ္စည်းများကို ရောင်းချ ပေးလျက်ရှိသည်။
ပြည်သူများ အထူးစိတ်ဝင်စားသည် မှာ  လျှပ်စစ်ကား(EV) နှင့်   လျှပ်စစ် ဆိုင်ကယ်ပြပွဲဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်  မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားသောက် ကုန်များကို ဈေးနှုန်းသက်သာစွာ ရောင်းချ ပေးလျက်ရှိရာ ဝန်ဆောင်မှုပေးနေသည့် ဌာနဆိုင်ရာများ၊   လာရောက်ကြသည့် ပြည်သူတို့၏ စကားသံများကို   စုစည်း ဖော်ပြလိုက်ရပါသည်။
ဦးအောင်ကိုဆက်
(Business Development Leader)
ကျွန်တော်တို့ (MG)   NPK  Motor အနေနဲ့  MG EV   ကားတွေကို   အိမ်စီး ကားအပြင်   အငှားယာဉ်တက္ကစီအနေနဲ့ ဝန်ဆောင်မှုပေးနေတာ    ဖြစ်ပါတယ်။ နေပြည်တော်မှာ ဧပြီလကစပြီး ကားအစီး ရေ ၁၅ စီးနဲ့ တက္ကစီတွေ ပြေးဆွဲပါတယ်။ ကားအင်ဂျင်သံ    ဆူညံမှုမရှိတဲ့အပြင် သက်သောင့်သက်သာရှိပြီး ဆီကားဈေးနှုန်း ထက် ၃၀ ရာခိုင်နှုန်း သက်သာတာကြောင့် ခရီးသည်တွေအနေနဲ့ သွားလာမှုအဆင် ပြေကြပါတယ်။ EVကား ဖြစ်တဲ့အတွက် သပြေကုန်းမှာ    တည်ဆောက်ထားတဲ့  MG Charging Station ကို  အခြေပြုပြီး တက္ကစီဝန်ဆောင်မှု      ပေးနေပါတယ်။ ရန်ကုန်မှာလည်း     ပြေးဆွဲသွားမှာဖြစ်ပါ တယ်။ 
ဒေါက်တာအောင်မြတ်(ဒုတိယညွှန်ကြားရေးမှူး-မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန)
ကျွန်တော်တို့ဌာနအနေဖြင့် ကျန်းမာ ရေးနဲ့ညီညွတ်မှုရှိတဲ့၊ နေ့စဉ်ထုတ်လုပ်တဲ့ အသားတွေကို   ဈေးနှုန်းသက်သာစွာ အများပြည်သူဝယ်ယူစားသုံးနိုင်အောင် ရောင်းချပေးနေပါတယ်။    ဝက်သား တစ်ပိဿာ ၁၄၀၀၀ ကျပ်၊   ဆိတ်သား တစ်ပိဿာ ၂၃၀၀၀ ကျပ်(အသား)၊ အမဲ သားတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၈၅၀၀ကျပ်နဲ့ အပြင်ဈေးနှုန်း ထက်သက်သာစွာ   ရောင်းချပေးနေပါ တယ်။ ဝယ်ယူသူများပါတယ်။ 
ဦးဝေလင်း     (လက်ထောက်ညွှန်ကြား 
ရေးမှူး-ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန)
ကျွန်တော်တို့ဌာနအနေနဲ့ ဟင်းသီး ဟင်းရွက်နဲ့သီးနှံ  ၁၆ မျိုးကို   ဈေးနှုန်း သက်သာစွာနဲ့ ရောင်းချပေးနေပါတယ်။ ဟင်းသီးဟင်းရွက်ကို    ညောင်နှစ်ပင်နဲ့ အသီးအနှံကို  သီရိမင်္ဂလာဈေးကယူပြီး ရောင်းချပေးတာဖြစ်တဲ့အတွက် ဈေးနှုန်း သက်သာပါတယ်။ ကျန်းမာရေးနဲ့ညီညွတ် တဲ့အော်ဂဲနစ်ဟင်းသီးဟင်းရွက်၊ အသီး အနှံကို   ဈေးနှုန်းသက်သာစွာ လတ်လတ် ဆတ်ဆတ်နဲ့     ဝယ်ယူနေကြတာမြင် တော့ ကျွန်တော်တို့   ကြည်နူးဝမ်းသာရ ပါတယ်။ 
ဦးမောင်မောင်လတ်   (တွဲဖက်အတွင်း ရေးမှူး -  မြန်မာနိုင်ငံဆီကုန်သည်နှင့် 
ဆီလုပ်ငန်းရှင်များအသင်း)
ဒီနေ့ရောင်းချပေးတာက ဟင်းသီး ဟင်းရွက်ဆီပါ။ တစ်ပိဿာတစ်ဘူးကို ကျပ် ၅၅၀၀ နဲ့ရောင်းပေးပါတယ်။ တစ်ဦး ကို တစ်ပိဿာနှုန်း  ရောင်းချပေးတာပါ။ ဝန်ထမ်းနဲ့   ဌာနဆိုင်ရာဆိုရင်   သီးခြား ရောင်းချပေးပါတယ်။ နံနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ သုံးရက်တိုင်ရောင်းချ ပေးသွားမှာပါ။ အပြင်ဈေးနှုန်းထက်နည်း တဲ့ပမာဏနဲ့ ဝယ်ယူရတဲ့အတွက် စားသုံး သူပြည်သူတွေ ပျော်ရွှင်နေတာမြင်ရတော့ ကျွန်တော်တို့လည်း ထပ်တူပီတိဖြစ်ရပါ တယ်။ 
ဒေါ်မင်းမင်းအေး(ပြည်သူ)
ဒီနေ့ဝယ်ယူတဲ့    အသားတွေဟာ လတ်ဆတ်ပြီး ရေခဲရိုက်တာမရှိ၊ ရေထိုး တာမရှိတဲ့အပြင် ဈေးနှုန်းသက်သာတယ်။  အလေးချိန်ခွင်လည်းပြည့်တယ်။ မိုးရာသီ ဈေးရောင်းပွဲတော်က ၃ ရက်ဆိုတော့ နောက်ရက်တွေလည်းလာမှာပါ။ အခုလို အသားတွေ၊    ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥ၊ ဆီ၊ ဆန်တွေကို   သက်သာတဲ့ ဈေးနှုန်းနဲ့      ရောင်းချပေးတဲ့အတွက် တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင် ပါတယ်လို့ ပြောချင်ပါတယ်။
ဒေါ်သီတာဝင်း(ဝန်ထမ်းတစ်ဦး)
အပြင်ထက်စာရင် ဈေးနှုန်းသက်သာ တဲ့အပြင် အသီးအရွက်တွေက လတ်ဆတ် တဲ့အတွက် ဝယ်ချင်စရာလည်း ဖြစ်နေ တယ်။ နောက်ရက်တွေလည်း ဆက်လက် ပြီး ဝယ်ယူအားပေးသွားမှာပါ။  အခုလို မျိုးဆက်ပြီး ရောင်းပေးဖို့လည်း အကြံပြု လိုပါတယ်။
ခွန်ဖြိုးကျော်ဝေ(ပအို့ဝ်တိုင်းရင်းသား)
ကျွန်တော်က ဒုတိယနှစ်ကျောင်းသား ပါ။ ဒီနေ့စက်မှုထုတ်ကုန်ပြပွဲကို သူငယ်ချင်း တွေနဲ့ လာတဲ့အခါမှာ   စားစရာတွေ၊ ဝယ်စရာတွေ၊ ပညာယူစရာတွေ အများ ကြီး  တွေ့ရပါတယ်။  သူငယ်ချင်းတွေနဲ့ အတူ စတုဒိသာမုန့်ဟင်းခါးနဲ့ အချိုရည် တွေလည်း သောက်ကြတယ်။ ကျွန်တော် တို့ လျှပ်စစ်(EV)ကားတွေကို စိတ်ဝင်စား တယ်။ အခုလို ကဏ္ဍစုံက ပါဝင်ပြသတဲ့ အတွက် ကျွန်တော်တို့လူငယ်တွေ ပိုပြီး ဗဟုသုတရစေမှာ ဖြစ်ပါတယ်။


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး