၂၀၂၃ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၁၄


၂၀၂၃ ခုနှစ်  “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ  ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပသည်။
အခမ်းအနားတွင်   ကျန်းမာ ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး    ပါမောက္ခ   ဒေါက်တာ သက်ခိုင်ဝင်းက ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏      စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်းရှိ    အရွယ်ရောက် ပြီးသူ ၁၀ ဦးတွင်   တစ်ဦးသည်  ဆီးချိုသွေးချိုရောဂါ  ခံစားနေရပြီး ဆီးချိုသွေးချိုရောဂါကြောင့် နှစ်စဉ် လူဦးရေ  နှစ်သန်းခန့်   အသက် ဆုံးရှုံးနေရကြောင်း၊   ဆီးချိုသွေးချို ရောဂါရှိနေသူ    ၅၀   ရာခိုင်နှုန်း ခန့်သည် ၎င်းတို့ကိုယ်တိုင်  ရောဂါ ဖြစ်ပွားနေမှန်း  မသိရှိကြကြောင်း၊ ဖြစ်ပွားသေဆုံးမှု      မြင့်မားလာ သည့်        ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ်ရန်နှင့်  ရောဂါ အန္တရာယ်  အသိပညာပေးခြင်းကို မြှင့်တင်ရန် ရည်ရွယ်၍  မြန်မာနိုင်ငံ တွင်    ၂၀၀၆  ခုနှစ်မှ    စတင်၍ နှစ်စဉ်    နိုဝင်ဘာ  ၁၄  ရက်တိုင်း “ကမ္ဘာ့ဆီးချိုသွေးချို     ရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day)”   အထိမ်းအမှတ် အခမ်းအနားကို    ကျင်းပဆောင် ရွက်ခဲ့ကြောင်း၊   ယခုနှစ်  ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်း ရေးနေ့ဆောင်ပုဒ်မှာ ‘Know your risk,  Know  your  response’ ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆီးချို သွေးချိုအန္တရာယ်     ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိဆင်ခြင်စို့”       ဟု သာသာပြန်ဆို        ထားကြောင်း၊ ဆောင်ပုဒ်၏         ရည်ရွယ်ချက်မှာ ပြည်သူလူထုမှ မိမိတို့တွင် ဆီးချို သွေးချိုရောဂါ    ဖြစ်ပွားနိုင်သည့်       အန္တရာယ်အခြေအနေကို    သိရှိ နားလည်၍ အချိန်မီစစ်ဆေးကုသ မှုများ ရယူရန်  ဖြစ်ပါကြောင်း။
အသက် (၄၅) နှစ် ကျော်လာ လျှင် ဆီးချိုသွေးချိုရောဂါ  ဖြစ်နိုင် ခြေများလာသည်ကို      တွေ့ရှိရ ကြောင်း၊       “ကာကွယ်ခြင်းသည် ကုသခြင်းထက်  ပိုကောင်းသည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချို သွေးချိုရောဂါ        မဖြစ်ပွားစေရန် အတွက်    ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်    ညီညွတ်သည့် နေထိုင်စားသောက်မှု        ပုံစံကို ကျင့်သုံးရန်  အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်  အစိုးရအနေဖြင့်လည်း ပြည်သူလူထု၏         ကျန်းမာရေး မြှင့်တင်နိုင်ရန်အတွက်        ကဏ္ဍ ပေါင်းစုံမှ အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း။
ကျန်းမာရေး        ဝန်ကြီးဌာန အနေဖြင့်   ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှု ရရှိစေရန်နှင့်  ဆီးချိုသွေးချိုရောဂါ ဆိုင်ရာ    ကျန်းမာရေးအသိပညာ မြင့်မားစေရန်အတွက် Center of Excellence for Diabetes  များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ၌ ရှိသည့်     ဆေးရုံကြီး  လေးခုနှင့် မကွေး       ပြည်သူ့ဆေးရုံကြီးတွင်  ဖွင့်လှစ်၍        ခေတ်မီနည်းပညာ ကုထုံးများဖြင့် ကုသမှုများ ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊  နိုင်ငံ တစ်ဝန်းရှိ ကျေးလက်ကျန်းမာရေး ဌာနများ၊  ကျေးလက်ကျန်းမာရေး ဌာနခွဲများ၊  ဒေသန္တရကျန်းမာရေး ဌာနများနှင့်     မိခင်နှင့်  ကလေး ကျန်းမာရေးဌာနများတွင်  ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေး ကုသမှုဆေးခန်း ၇၄၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ အခြေခံ ကျန်းမာရေး    ဝန်ထမ်းများက ဆီးချိုသွေးချိုနှင့်   သွေးတိုးရောဂါ စစ်ဆေးကုသပေးခြင်း၊    လိုအပ် ပါက သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းပေးခြင်းတို့ကို  ဆောင် ရွက်ပေးလျက်ရှိကြောင်း၊  လိုအပ် သော  ဆေးနှင့်ဆေးပစ္စည်းများကို လည်း နိုင်ငံတော်မှ  အခမဲ့စဉ်ဆက် မပြတ်  ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဆီးချိုသွေးချိုရောဂါ     ဖြစ်ပွား သေဆုံးမှုနှင့် ရောဂါနောက်ဆက် တွဲ လူမှုစီးပွားဒုက္ခများကို ရှောင်ရှား နိုင်ရန်နှင့်   နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကို    အထောက်အကူဖြစ်စေရန် အတွက်   ပြည်သူလူထုအနေဖြင့် ယခုနှစ်    “ကမ္ဘာ့ဆီးချိုသွေးချို ရောဂါ     ကာကွယ်ထိန်းသိမ်းရေး နေ့”   အထိမ်းအမှတ်ဆောင်ပုဒ်နှင့် အညီ        ရောဂါအန္တရာယ်ကို ကိုယ်တိုင်သိရှိနားလည်ပြီး ကျန်းမာ ရေးနှင့်ညီညွတ်စွာ    စားသောက် နေထိုင်ပြုမူကာ         လိုအပ်သော စစ်ဆေးကုသမှုများကို    အချိန်မီ ရယူရန်  လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်း ရေးနေ့     အထိမ်းအမှတ်အခမ်း အနားပြခန်းငယ်အား  လှည့်လည် ကြည့်ရှုသည်။ ထို့နောက်  ကျန်းမာ ရေးဝန်ကြီးဌာနရှိ     ဦးစီးဌာန အသီးသီးမှ      ဆီးချိုသွေးချိုရောဂါ ရှိသော       ဝန်ထမ်းများအား စစ်ဆေးကုသပေးခြင်းနှင့် မိမိဆန္ဒ အလျောက်    ဆီးချိုသွေးချို ရှိ မရှိ စစ်ဆေးလိုသည့် အသက်  (၄၀)နှစ် နှင့်အထက် ဝန်ထမ်းများကို စစ်ဆေး ပေးခြင်း   ဆောင်ရွက်နေမှုကို    လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ         အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ       မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊  မြန်မာ နိုင်ငံ  အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ  ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ  ဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့်    ကိုယ်စားလှယ်များ၊ နေပြည်တော်        ပြည်ထောင်စု နယ်မြေအတွင်းရှိ ဆေးရုံကြီးများ မှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ ဌာနမှူးများ၊      အစိုးရမဟုတ် သော  မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ    တက်ရောက် ခဲ့‌ပြီး ဝန်ထမ်းများအား  ကျန်းမာ ရေး စစ်ဆေးပေးခဲ့ကြောင်း   သိရ သည်။                      

သတင်းစဉ်