၂၀၂၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် ကုသိုလ်တော်အဖြစ် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   မေ    ၃


၂၀၂၃ ခုနှစ်  ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် ကုသိုလ်တော်အဖြစ် ဆရာတော် ကြီးများအား   လှူဖွယ်ပစ္စည်းများနှင့်  နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး  ပရိဝုဏ်တော် အတွင်းရှိ   သာသနာ့မဟာဗိမာန်တော်ကြီး၌  ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍  ဆရာတော်ကြီးများကို  နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

 

တက်ရောက်ကြည်ညို


အခမ်းအနားသို့ နိုင်ငံတော်  သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့   မင်းကျောင်း   ပထမပြန် စာသင်တိုက် ပဓာနနာယကဆရာတော်  အဂ္ဂမဟာပဏ္ဍိတ   အဂ္ဂမဟာ    သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ မြင်းခြံမြို့ ကိုးဆောင် တိုက်၊ သီရိမာလာကျောင်း   ကိုးဆောင် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇောတိပါလ၊ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမရွှေကျင် သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏    အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာ   သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ တို့     အမှူးပြုသော     ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ်  ဒုတိယ   ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး      ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်  ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

 


အခမ်းအနား မစတင်မီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က    သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူ ပူဇော်သည်။

 


ပရိတ်တရားတော်များ နာယူကြည်ညို


ထို့နောက် အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ   နာယကအဖွဲ့ အကျိုးတော်ဆောင်၊      သန်လျင်မြို့ မင်းကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး   သံဃာတော် အရှင်သူမြတ်များ   ရွတ်ပွားသရဇ္ဈာယ် တော်မူသော   မေတ္တသုတ်ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က    နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့     အကျိုးတော်ဆောင်၊ သန်လျင်မြို့ မင်းကျောင်းဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ    ဆက်ကပ် လှူဒါန်းသည်။    

 

  
ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီးတို့က    နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့  ဒုတိယဥက္ကဋ္ဌ  မြင်းခြံမြို့ သီရိမာလာကျောင်း ကိုးဆောင်ကျောင်း တိုက် ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အတွင်းရေးမှူး၊   တွဲဖက် အတွင်းရေးမှူးနှင့်    ကောင်စီအဖွဲ့ဝင် များ၊   ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများက ဆရာတော်သံဃာတော်များထံ   လှူဖွယ် ဝတ္ထုပစ္စည်းများ   ဆက်ကပ်လှူဒါန်းကြ သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ       မြင်းခြံ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း လောင်း အမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

 


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး  ဒေါ်ကြူကြူလှ တို့က ဆရာတော်  သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်