၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညိုဆက်လက်တည်ရှိနိုင်

 

နေပြည်တော်  နိုဝင်ဘာ ၂၉\
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာ ပြင်အပူချိန်နှင့်လေထုဖြစ်စဉ်များမှာ အားကောင်းသောအယ်လ်နီညို အခြေအနေတွင်   ရှိနေသည်။  နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနိုင်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အယ်လ်နီညိုအခြေအနေမှာ တဖြည်းဖြည်း ပြန်လည်လျော့ကျ လာနိုင်သည်ဟု ခန့်မှန်းရသည်။


အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူ ချိန်များ  မြင့်မားခြင်း၊  မုန်တိုင်းဖြစ်ပေါ်မှုများ  မူမမှန်ခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် သည်၊။ သို့ဖြစ်ပါ၍  မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက်  ကြိုတင် ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီဆက်လက် ထုတ်ပြန်ပေးပို့သွားမည်ဖြစ်သည်။               

မိုး/ဇလ