၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U -18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   ဒီဇင်ဘာ    ၁၇
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား    ပြည်နယ် နှင့် တိုင်းဒေသကြီး   (အလွတ်တန်းဖိတ်ခေါ်) U-18  (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  ကျင်းပမည်ဖြစ်သည်။
အဆိုပါဗိုလ်လုပွဲ ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပပုံ များကို ယင်းနေ့ မွန်းလွဲ  ၂ နာရီ  ၄၅ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV – HD ၊ MRTV Sports Channel ၊ MWD HD Channel ၊ MWD Variety HD Channel ၊ MRTV Web & App နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။              သတင်းစဉ်