
နေပြည်တော် ဩဂုတ် ၂၃
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပဒေသာကပွဲ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဦးစီး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးစီး ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဦးစီးကော်မတီဝင် များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည် တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ တက် ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရသများ ဖြင့် ပြည်သူများအား ဖျော်ဖြေ တင်ဆက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ကြောင့် ခေတ္တရပ်နားထားခဲ့ရ သော ဖျော်ဖြေတင်ဆက်မှု လုပ်ငန်းများ ပြန်လည်စတင်၍ ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်၍ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် နိုင်ငံတော်အဆင့် ပဒေသာကပွဲတစ်ခုကို နိုဝင်ဘာလ အတွင်း ကျင်းပရန် လျာထားပါကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ် ရေးနေ့သည် နိုင်ငံတော်၏ အချုပ် အခြာ အာဏာကို ၇၅ နှစ်လုံး အစိုးရအဆက်ဆက် ထိန်းသိမ်း နိုင်ခဲ့သည့် အဓိပ္ပာယ်ပြည့်ဝပြီး အနှစ်သာရရှိသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်သည့်အားလျော်စွာ အဆိုပါ ပဒေသာကပွဲကြီးကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး အတွက် အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ရက်လျာထား မှုနှင့်ပတ်သက်၍ အခမ်းအနား တစ်ခုနှင့် တစ်ခုကြား လွတ်ကင်း သော ရက်ရွေးချယ် သတ်မှတ်နိုင် ရေးနှင့် ယခုကျင်းပမည့် ပဒေသာ ကပွဲကို လစ်ဟာမှုမရှိအောင် မိမိတို့ဘက်မှ အစွမ်းကုန်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမရှိ လေဟာပြင် ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ပဒေသာ ကပွဲကြီး ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ကျင်းပမည့် အချိန် ကာလ၊ ဖျော်ဖြေရေး အစီအစဉ် များ လျာထားမှု၊ ဆပ်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန် လျာထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
လုပ်ငန်းစဉ်များ ဆွေးနွေး
ယင်းနောက် ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး တို့မှ တာဝန်ရှိသူများနှင့် တက် ရောက်လာကြသူများက ပဒေသာ ကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ကြိုတင်စီမံဆောင်ရွက် ထားရှိမှုများ၊ ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးတင်ပြချက် များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်