ရန်ကုန် ဒီဇင်ဘာ ၂၃
လာမည့်နှစ်တွင် ပြုလုပ်မည့် ၂၀၂၃ အာရှ ဖလား   တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။    တတိယ အဆင့်ခြေစစ်ပွဲကို ၂၀၂၂  ခုနှစ်  ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း ၂၄  သင်းကို   လေးသင်း ခြောက် အုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။
 
၂၀၂၃  အာရှဖလားပြိုင်ပွဲ    နောက်ဆုံး အဆင့်တွင်  အသင်းပေါင်း  ၂၄  သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင် တရုတ်အပါ အဝင်   ၁၃   သင်း ထွက်ပေါ်ပြီး  ဖြစ်သော ကြောင့် တတိယအဆင့်ခြေစစ်ပွဲမှ   ၁၁ သင်းသာ   ထပ်မံထွက်ပေါ်မည်ဖြစ်သည်။   တတိယအဆင့်ခြေစစ်ပွဲတွင်     မြန်မာ အပါအဝင်  ကူဝိတ်၊ ဥဇဘက်ကစ္စတန်၊   တာဂျစ်ကစ္စတန်၊    ဖိလစ်ပိုင်၊   ဂျော်ဒန်၊ ဘာရိန်း၊     ပါလက်စတိုင်း၊   အိန္ဒိယ၊ ကာဂျစ္စတန်၊ မလေးရှား၊ တာ့ခ်မင်နစ္စတန်၊  မော်လ်ဒိုက်၊   နီပေါ၊    ဟောင်ကောင်၊   စင်ကာပူ၊  အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
      


