၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်မှုပြီးစီး၊ ဧပြီလကုန်တွင် လူရည်ချွန်စခန်းများသို့ ပို့ဆောင်ပေးသွားမည်

 

နေပြည်တော်   ဇန်နဝါရီ  ၃၀


၂၀၂၃ - ၂၀၂၄        ပညာသင်နှစ် လူရည်ချွန်စီမံကိန်းဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃   ရှိ       အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့       ဆက်စပ် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ၊  အမြဲ တမ်းအတွင်းဝန်၊    အခြေခံပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်၊  ပညာရေးဝန်ကြီးဌာန       ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊     ညွှန် ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ   ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော် ထွန်းက     ပညာရေးဝန်ကြီးဌာန သည် လူငယ်၊ မောင်မယ်များကို လူရည်ချွန်၊ လူရည်မွန်များဖြစ်လာ ရန်၊         ကျန်းမာသန်စွမ်းသော  ကိုယ်ကာယ၊ ကောင်းမြတ်သော  အကျင့်စာရိတ္တတို့နှင့်ပြည့်စုံစေပြီး အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ဆောင် ရွက်တတ်သည့်      အလေ့အကျင့် ကောင်းများ ပြုစုပျိုးထောင်ပေးရန်  လိုအပ်သည်နှင့်အညီ လူရည်ချွန်  စီမံကိန်းကို အကောင်အထည်ဖော်  ဆောင်ရွက်လျက်    ရှိပါကြောင်း၊ ယခုအခါ     ၂၀၂၃ - ၂၀၂၄    ပညာ သင်နှစ်အတွက်        ဗဟိုအဆင့် လူရည်ချွန်     ပဏာမရွေးချယ်မှု လုပ်ငန်း    အောင်မြင်စွာပြီးစီးပြီး ဖြစ်သည့်အတွက်    ၂၀၂၄      ခုနှစ် ဧပြီလကုန်တွင် လူရည်ချွန်စခန်း အသီးသီးသို့     ပို့ဆောင်ပေးသွား မည်ဖြစ်ပါကြောင်း။  
လူရည်ချွန်      စီမံကိန်းသည် ၁၉၆၄  ခုနှစ်တွင်   စတင်ဆောင်  ရွက်ခဲ့ပြီး     ၁၉၈၈     ခုနှစ်အထိ (၂၅)      ကြိမ်မြောက်     ငွေရတု လူရည်ချွန်စီမံကိန်းကို     ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ် တွင် ခေတ္တရပ်နားခဲ့သည့် လူရည် ချွန်စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ      ထူးချွန်လူငယ်” စီမံကိန်းအဖြစ် ပြန်လည်ဆောင် ရွက်ခဲ့ပါကြောင်း၊၂၀၁၈ ခုနှစ်တွင်  “ဘက်စုံပညာ     ထူးချွန်လူငယ် စီမံကိန်း”   အစား     “လူရည်ချွန် စီမံကိန်း”  အမည်ဖြင့်  ပြန်လည် ပြင်ဆင် ဆောင်ရွက်ခဲ့ပါကြောင်း၊  ၂၀၁၉ - ၂၀၂၀  ပညာသင်နှစ်တွင် လူရည်ချွန်မောင်၊     မယ်များကို ရွေးချယ်နိုင်ခဲ့ပြီး      ကိုဗစ်-၁၉ ရောဂါ    ကူးစက်ပြန့်ပွားမှုအခြေ  အနေအရ လူရည်ချွန်စခန်းများသို့  စေလွှတ်ခြင်းကို    ရပ်နားခဲ့ရပါ ကြောင်း၊    ၂၀၂၀ - ၂၀၂၁   ပညာ  သင်နှစ်နှင့်  ၂၀၂၁ - ၂၀၂၂  ပညာ  သင်နှစ်များတွင် ရောဂါကူးစက်  ပြန့်ပွားမှု ထိန်းချုပ်မှုအခြေအနေ အရ      လူရည်ချွန်စီမံကိန်းကို  ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင်     အောင်မြင်စွာ ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ယခု        ပညာသင်နှစ်တွင် အလယ်တန်းအဆင့်၏ နောက်ဆုံး အတန်းဖြစ်သည့် နဝမတန်းလူရည် ချွန်များ၊     အထက်တန်းအဆင့် ဖြစ်သည့်  ဒသမတန်းလူရည်ချွန် များ၊  ဧကာဒသမတန်း  လူရည်ချွန် များ၊ ဒွါဒသမတန်း လူရည်ချွန်များ ကို ခရိုင်ဆင့်(ဗဟိုအဆင့်) ရွေးချယ် မွေးထုတ်၍    (ပုဂံ၊   တောင်ကြီး၊ ငွေဆောင်၊    ချောင်းသာ)   စသည့် လူရည်ချွန်စခန်း     အသီးသီးသို့ လေ့လာရေးခရီးစဉ်များ  စေလွှတ် သွားမည်ဖြစ်ကြောင်း         ပြော ကြားသည်။


ယင်းနောက်    အခြေခံပညာ ဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်စီမံကိန်း ကို ရှင်းလင်းတင်ပြသည်။ 


ထို့နောက်  ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ ဇော်မြင့်နှင့်       ဆက်စပ်ဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက  ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်  လူရည်ချွန်စီမံကိန်း  အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပါဝင်ကူညီဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။              

သတင်းစဉ်