၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက်နှင့်အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ

 

နေပြည်တော်   ဧပြီ   ၂၅


၂၀၂၃ - ၂၀၂၄   ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီး တို့မှ လူရည်ချွန်ကျောင်းသား ကျောင်းသူ များသည်       ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ    တပ်မတော်စစ်သမိုင်း ပြတိုက်နှင့်     အမျိုးသား ပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။
ရှေးဦးစွာ   လူရည်ချွန်ကျောင်းသားကျောင်းသူများသည် တပ်မတော်စစ်သမိုင်း ပြတိုက်သို့ရောက်ရှိကြရာ ပြတိုက်တာဝန် ရှိသူက   ပြတိုက်သမိုင်း၊   ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်  ပြတိုက်အတွင်း ကဏ္ဍ အလိုက် ပြခန်း၊ ပြကွက်များ  ပြသထား မှုတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်  လူရည်ချွန်ကျောင်းသား ကျောင်းသူများသည်   စစ်သမိုင်းပြတိုက် နှင့်    တပ်မတော်မော်ကွန်းတိုက်မှူးရုံး ပြခန်း၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးပြခန်း၊    ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးပြခန်း၊ စစ်လက်နက် ပစ္စည်း     ညွှန်ကြားရေးမှူးရုံးပြခန်း၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြား ရေးမှူးရုံးပြခန်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြင်ပပြကွက်များကို စိတ်ဝင်စား စွာ လေ့လာကြည့်ရှုကြပြီး  သိရှိ လိုသည်များကို ပြခန်းတာဝန်ရှိသူများထံ မေးမြန်း ကြသည်။
ယင်းနောက် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အမျိုးသားပြတိုက် သို့     ရောက်ရှိကြပြီး   သမိုင်းမတင်မီ ခေတ်ပြခန်း၊  သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်  ပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊     ကျောက် ခေတ်၊    ကြေးခေတ်၊   သံခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊    မြန်မာ့အနုသုခုမ ပြခန်း၊   အာဆီယံပြခန်း၊   မြန်မာ့လက်မှု အနုပညာပြခန်း၊   ကလေးသူငယ်ပညာ ပေးပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသန ပလ္လင်ပြခန်း၊       နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်း နှင့်    ပြည်ထောင်စုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းတို့ကို  လေ့လာကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်