၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

 

နေပြည်တော်   မေ   ၂၃
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက   နေပြည်တော်   ဇေယျာသီရိ မြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း အားကစားခန်းမ၌ ကျင်းပ သည်။
အခမ်းအနားကို   ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေးသီတင်းပတ်” သီချင်း  သီဆိုဖွင့်လှစ်သည်။
ထို့နောက်    ပညာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က   ပညာရေးသည်   ရပ်တန့်၍ရသော အရာမဟုတ်သည့် လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘော ထားအယူအဆအမြင်တို့ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ရသည့် ဖြစ်စဉ်ဖြစ်ပါ ကြောင်း၊ ကျောင်းနေအရွယ်   ကလေး အားလုံး စာသင်ကျောင်းသို့ ရောက်ရှိရန် အရေးကြီးကြောင်း။
ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းသို့ရောက်ရှိရေး၊    အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသောပညာ တတ်များ ပေါများရေး၊ အနည်းဆုံးအခမဲ့ အလယ်တန်းပညာ (KG+9) ပြီးမြောက် ရေး အလေးအနက်ထားအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ကြား သင်ယူမှုအဆင့်မြှင့်တင်ရေး၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု   အားပေးရေးကို အခြေခံ၍ ကျောင်းနေအရွယ် ကလေးများ အားလုံး  စဉ်ဆက်မပြတ်   သာတူညီမျှ ပညာသင်ယူရေးတို့အတွက်   မူဝါဒများ ချမှတ်ဆောင်ရွက်လျက်     ရှိကြောင်း၊ ကျောင်းသား လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်    သင်ကြားရေးဆရာ ဆရာမများသာမက   စီမံခန့်ခွဲသူ၊  မိဘ အုပ်ထိန်းသူ၊ ရပ်ရွာလူထု၊ ပညာရေးနှင့် ပတ်သက်ဆက်စပ်သူ   အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင် ၍ KG+12  အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် ကျန်ရှိနေသော သင်ရိုးသစ်အတန်း များ ဖြစ်သည့် Grade-9 နှင့် Grade-12 အတန်းတို့ကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည့်အတွက် KG+12 သင်ရိုးသစ်ဖြင့် အတန်းအားလုံးကို ဆောင်ရွက်သွားနိုင် ပြီ ဖြစ်ကြောင်း၊ အလယ်တန်းပညာရေး KG +9 ပြီးဆုံးအောင်မြင်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာ  အခြေခံ ရရှိရေးအတွက် Grade 10 ၊ Grade 11 ၊ Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း။ 
ကျောင်းအပ်နှံသည့်    ကလေးများ အတွက် ကျောင်းသုံး ပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်း ဝတ်စုံတို့ကို  အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း၊ ထို့ပြင် သင်ကြားသင်ယူမှု ပိုမို ထိရောက်အောင်မြင်စေရန် သင်ထောက်ကူ ပစ္စည်းများကိုလည်း နှစ်စဉ်ပံ့ပိုးပေးလျက် ရှိကြောင်း။
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသည့်  ဆောင်ပုဒ်နှင့်အညီ  အချိန်မီ ကျောင်းအပ်နှံကြရန်နှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေး အတွက်  သက်ဆိုင်ရာမိဘအုပ်ထိန်းသူ များ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများ အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ ရန်   တိုက်တွန်းပါကြောင်း   ပြောကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ   ဦးတင်ဦးလွင်က    အမှာစကား ပြောကြားသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွန်ကြားရေးမှူးချုပ်များက တာဝန်ရှိသူ များထံ  အခမဲ့ပုံနှိပ်များ၊   ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်  ကျောင်းဝတ်စုံများ ပေးအပ်ကြသည်။ 
ယင်းနောက်    ဇေယျာသီရိမြို့နယ် အမှတ်(၁)   အခြေခံပညာအထက်တန်း ကျောင်း ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”  သီချင်းဖြင့်   ဖျော်ဖြေကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံ နေမှုများကို   ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်