၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ

 

နေပြည်တော်   မေ    ၂၄


၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ  အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့်    မူလတန်းအဆင့် ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်း အပ်နှံမှု       သီတင်းပတ်အဖြစ်  မေ ၂၃ ရက်မှ  မေ   ၃၁  ရက်အထိ သတ်မှတ်၍    ကျောင်းသား   ကျောင်းသူများ  ကျောင်းအပ်နှံမှု     လက်ခံခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။ 

 


မြန်မာနိုင်ငံ     တစ်ဝန်းရှိ အခြေခံပညာ         ကျောင်းများ ၌   ကျောင်းအပ်     လက်ခံခြင်းကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက် လျက်ရှိပြီး  ယနေ့တွင် တိုင်းဒေသကြီး နှင့်  ပြည်နယ်များရှိ အခြေခံပညာကျောင်း များအလိုက်    ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု   တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက် အပ်နှံသူ    မိဘအုပ်ထိန်းသူများနှင့်     ကျောင်းသား  ကျောင်းသူများ   အဆင်ပြေ ချောမွေ့စွာ    ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး   ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီး ဌာနမှ   အခမဲ့ထောက်ပံ့ပေးအပ်သည့်      စာရေးကိရိယာများနှင့်     ကျောင်းသုံး စာအုပ်များကို    ထောက်ပံ့ပေးအပ်ကြ သည်။ 

 


ကျောင်းအပ်နှံရေး  သီတင်းပတ်၏ ဒုတိယရက်ဖြစ်သည့်  ယနေ့တွင်   တိုင်း ဒေသကြီးနှင့်      ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊   ကိုယ်ပိုင် ကျောင်းများနှင့်   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၂၇၃၀၃၂၃  ဦးရှိပြီး    ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု   လက်ခံ ဆောင်ရွက်သည့်   ဆရာ  ဆရာမများ၊ လာရောက်   ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများနှင့်  မိဘ များ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့်   တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊     တိုင်းစစ်ဌာနချုပ် အသီးသီးမှ  တာဝန်ရှိသူများနှင့်    ဌာန ဆိုင်ရာတာဝန်ရှိသူများက   သွားရောက် ကြည့်ရှုအားပေးကြပြီး    လိုအပ်သည် များ  ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်